Author Archives: mamyathway

ချစ်ခြင်းသည်သာ တစ်ကမ္ဘာဆိုသော်ငြား

Number of View: 344772 “ဘာရယ်… ပြန်ပြောစမ်းပါဦးဝတီ” ခင်မင်းလွင်တစ်ယောက်စိုးရိမ်စိတ်ကြီးစွာအလောတကြီးမေးလိုက်မိ၏။သိမ့်ဝတီကတော့မတုန်မလှုပ်ကျောက်ဆစ်ရုပ်။ “ခင်မင်း…. နင်ငါ့ကိုခွင့်မလွှတ်ပါနဲ့၊ငါ့မှာသီဟနဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီ ခင်မင်း” နှုတ်ကတိုးဖွဖွဖွင့်အံကျလိုက်သော်လည်း၊ခင်မင်းလွင်နားထဲဗုံးတစ်လုံးကျပေါက်ကွဲသလို။သို့တည်းမဟုတ်နာကျင်စွာနှင့်ညည်းတွားလိုက်သည့်ရင်ကွဲနာ။ “၀တီရယ်၊ငါအတန်တန်ပြောခဲ့ရက်နဲ့သတိပေးခဲ့ရက်နဲ့ဖြစ်ရတယ်လို့ဟာ၊နောက်ပြီးနင်သိုသိပ်လိုက်တာ၊ငါ့ကိုဘာမှမပြောပြခဲ့ပါလား” ခင်မင်းလွင်၏မချင့်မရဲစကားသံကဘေးလူကြားလျှင်သာမန်စကားဟုသာထင်ပါလိမ့်မည်။သို့သော်သိမ့်ဝတီ့အနေဖြင့်မူခင်မင်းလွင်၏ဘ၀နှင့်ရင်းပြီးပြယ်လွင့်ကြေမွခဲ့ရသည့်ရက်ကွဲပက်လက်အဖြစ်များကိုခရေစေ့တွင်းကျသိထားခဲ့သူမို့၊ဤမချင့်မရဲစကားကိုရင်နှင့်အမျှခံစားသိနားလည်နိုင်ပါသည်။  xxx  “ခင်မင်းတို့မေဂျာကသူငယ်ချင်းတွေနဲ့ပရဟိတအဖွဲ့ရေဘေးအလှူခရီးသွားတုန်း၊အဖွဲ့မှာအတူပါလာတဲ့ကိုကိုနဲ့ခင်မင်းဆုံတွေ့ခဲ့ကြတာပေါ့၊အဲ့ဒီခရီးမှာကိုကိုနဲ့စသိခဲ့ရတယ်။ကိုကိုကပေါင်းသင်းဆက်ဆံရေးကောင်းယုံမက၊စီမံခန့်ခွဲတတ်တော့ခရီးတလျှောက်လုံးကိုကို့ကိုခင်မင်မိခဲ့ရတယ်။ခရီးကပြန်လာပြီးနောက်ပိုင်းခင်မင်းနဲ့ကိုကိုအဆက်အသွယ်မပြတ်တော့ဘူး၊ဖုန်းအမြဲအဆက်အသွယ်ရှိတယ်၊တချို့ညတွေဆိုတစ်ညလုံးဖုန်းပြောကြတယ်၊ကိုကိုကခင်မင်းရဲ့အတွေးထဲမှာနေ့ရက်တိုင်းစက္ကန့်မလပ်ရှိလာတော့ကိုကို့ကိုခင်မင်းချစ်နေပြီဆိုတာသိလိုက်ရတယ်၊ဒီလိုနဲ့ကိုကိုကချစ်တယ်လို့ပြောလာချိန်မှာခင်မင်းဟန်တောင်မဆောင်နိုင်တော့ပဲခေါင်းညိတ်မိခဲ့တယ်၊သူငယ်ချင်းတွေကခင်မင်းတို့စုံတွဲကိုနတ်ဖက်တဲ့ချစ်သူတွေလို့ပြောခဲ့ကြတယ်၊ကိုကိုကခင်မင်းကိုသိပ်ချစ်ခဲ့တယ်လို့ခင်မင်းယုံမိခဲ့တဲ့အချိန်ပေါ့” ခင်မင်းယူလာပြသည့်ဓာတ်ပုံထဲမှကိုကို့ပုံကနှုတ်ခမ်းပါးရဲရဲ၊ဆံညိုခွေခွေလေးများနှင့်ယောကျာ်းပီသသည့်မျက်နှာထားကခင်မင်းလွင်ကြွေမယ်ဆိုလျှင်လည်းကြွေလောက်ချင်စရာပင်။ခင်မင်းလွင်သိပ်ချစ်ခဲ့မည်ဆိုတာယုံမှားသံသယဖြစ်စရာမရှိ။သို့သော်ခင်မင်းလွင်၏နောက်ဆက်တွဲစကားတွေကတော့သိမ့်ဝတီ၏သိချင်စိတ်ကိုနှိုးဆွလာခဲ့သည်။ “ခင်မင်းကိုမသိသူတွေကချစ်သူရည်းစားမရှိတဲ့မိန်းကလေးတစ်ယောက်လို့ထင်ကြတယ်။ဝတီကအစအဲ့ဒီလိုထင်ခဲ့တယ်မဟုတ်လား၊တကယ်တမ်းကပြည့်ဖုံးကားချထားတဲ့ခင်မင်းရဲ့အစိတ်စိတ်အမြွာမြွာအက်ကွဲခဲ့တဲ့နောက်ပိုင်းဇာတ်ကိုအခုအချိန်အထိခင်မင်းကလွဲလို့ဘယ်သူမှမသိခဲ့ပါဘူးဝတီ” “ အင်းပါ… ပြောပြစမ်းပါခင်မင်းရယ်၊ခင်မင်းနဲ့ဝတီခင်လာတာပဲဘယ်နှစ်နှစ်ရှိနေပြီလဲ၊ခင်မင်းကိုမှမပြောပြရင်ဝတီဘယ်သူ့ကိုပြောပြမလဲလို့” တစ်ဦးတည်းသောသမီးသိမ့်ဝတီ၏ဖခင်ကအစိုးရပိုင်းအရာရှိတစ်ဦးဖြစ်၍တာဝန်ဖြင့်မန္တလေးတွင်နေထိုင်ကာ၊ဆရာဝန်ဖြစ်သူအမေကလည်းခင်ပွန်းဖြစ်သူနှင့်သျှောင်နောက်ဆံထုံးပါလိုက်နေရသဖြင့်၊သိမ့်ဝတီမှာရန်ကုန်အိမ်တွင်ကြီးတော်ကြီးနှင့်နှစ်ယောက်အတူနေထိုင်ကာဘွဲ့လွန်တက်သူတစ်ဦးဖြစ်သည်။ခင်မင်းလွင်ကတော့နယ်မြို့လေးတစ်မြို့မှဖြစ်ပြီးရန်ကုန်တွင်အဆောင်နေကာဘွဲ့လွန်တက်နေသူဖြစ်သည်။ ညိုစိမ့်စိမ့်အေးချမ်းသည့်မျက်နှာပိုင်ရှင်ခင်မင်းလွင်နှင့်၊ခေတ်လူငယ်ပီပီထက်ထက်မြက်မြက်နှင့်ချောမောသည့်ရုပ်ရည်ကိုပိုင်ဆိုင်ထားသူသိမ့်ဝတီတို့ဘွဲ့လွန်တက်ရင်းခင်မင်ရင်းနှီးခဲ့ရသည်။တစ်ဦးတည်းသောသမီးသိမ့်ဝတီကခင်မင်းလွင်ကိုညီအစ်မအရင်းအချာကဲ့သို့ခင်တွယ်လှသည်။ရံဖန်ရံခါကြီးတော်နှင့်နှစ်ယောက်ထဲသာရှိသောသိမ့်ဝတီတို့အိမ်သို့ခင်မင်းလွင်တစ်ယောက်ညအိပ်ညနေပင်လိုက်သွားဖြစ်သည်အထိနှစ်ဦးကြားသံယောဇဉ်ကထုထည်ခိုင်မာခဲ့သည်။ခုတော့ညီမသဖွယ်ချစ်ခင်တွယ်တာရသောသိမ့်ဝတီကိုခင်မင်းလွင်တစ်ယောက်ရက်ပေါင်းများစွာမျိုသိပ်ကျိတ်မှိတ်ထားခဲ့ရသမျှဖွင့်အံချမိလေသည်။ “ကိုကိုနဲ့ခင်မင်းချစ်သူဖြစ်သွားပြီးနောက်ပိုင်းတစ်ရက်မှာကိုကို့သူငယ်ချင်းတွေနဲ့အတူကမ်းခြေတစ်ခုကိုခရီးအတူထွက်ဖြစ်ခဲ့ကြတယ်၊အဲ့ဒီခရီးမှာပါလာသူတွေအားလုံးကချစ်သူစုံတွဲတွေချည်းပဲ” ကမ်းခြေရောက်လျှင်အတူပါလာသည့်စုံတွဲများကဟိုတယ်အခန်းတစ်ခန်းစီအသီးသီးယူကြချိန်တွင်၊ခင်မင်းလွင်ကရုတ်ချည်းစိုးရွံ့ပြီး၊ကိုကိုနှင့်တစ်ခန်းထဲအတူတူမနေချင်ကြောင်းပြောမိသည်။ကမ်းခြေရောက်လျှင်အတူလာမိန်းကလေးများတစ်ခန်းထဲစုစည်းနေရမည်ဟုထင်မှတ်ခဲ့သောခင်မင်းလွင်နှင့်ကမ်းခြေတွင်အတူတူတစ်ခန်းထဲအပမ်းဖြေချင်သည့်ကိုကိုတို့စကားအခြေအတင်ပြောခဲ့ရသည်။ “ခင်မင်းလေ… နောက်ဆုံးတော့ကိုကို့ကိုချစ်လို့ရော၊ယုံကြည်မိလို့ရော၊ကိုကို့ဆန္ဒကိုလိုက်လျောပေးဖြစ်ခဲ့တယ်” မျက်လွှာချပြီးပြောလိုက်သည့်ခင်မင်းလွင်၏စကားကြောင့်သိမ့်ဝတီ၏မျက်လုံးလေးများဝိုင်းစက်သွားရ၏။ “ဟုတ်တယ်၊ခင်မင်းတို့အဲ့ဒီခရီးသုံးရက်မှာအတူနေဖြစ်ခဲ့တယ်၊ကိုကိုနဲ့ခင်မင်းကလက်ထပ်ဖို့အထိရည်ရွယ်ထားခဲ့ကြသူတွေ၊ကိုကို့ကိုယုံကြည်မိခဲ့တယ်လေ၊အဲ့ဒီအချိန်ကခင်မင်တို့တကယ်ပျော်ခဲ့ရပါတယ်၊ကမ်းခြေခရီးကပြန်လာပြီးကိုကိုနဲ့ခင်မင်းအရင်အတိုင်းပါပဲ၊အချစ်မပျက်ခဲ့ပါဘူး၊တစ်လလောက်အကြာမှာကိုကိုကသူနိုင်ငံခြားမှာအလုပ်သွားလုပ်ဖို့စီစဉ်နေတာအဆင်ပြေပြီ၊အလုပ်ဝင်ဖို့အမြန်သွားရတော့မယ်၊သူနည်းနည်းအခြေကျတာနဲ့ခင်မင်းကိုပြန်လာလက်ထပ်ပြီးဟိုကိုအပြီးခေါ်သွားမယ်ဆို၊ခင်မင်းဟိုရောက်ရင်အလုပ်လုပ်နိုင်အောင်လိုအပ်တဲ့သင်တန်းတွေဘာတွေတက်ဖို့၊ပါ့စပို့တွေဘာတွေလျှောက်ထားနိုင်ဖို့ကအစ၊မသွားခင်ကိုကိုကပဲအစစအရာရာစီစဉ်ပေးခဲ့တယ်၊ကိုကိုနိုင်ငံခြားသွားတော့ခင်မင်းလေဆိပ်အထိလိုက်ပို့ပေးခဲ့တယ်၊အဲ့တာကိုကိုနဲ့ခင်မင်းနောက်ဆုံးတွေ့တာပဲဝတီ” နောက်ဆုံးအကြိမ်တွေ့ဆုံခြင်းဟုမထင်မှတ်ထားခဲ့သည့်ကိုကို၏နိုင်ငံခြားခရီးစဉ်နောက်ပိုင်း၊ကိုကိုကခင်မင်းလွင်ကိုအစိမ်းဖြတ်ဖြတ်ခဲ့သည်။ကိုကိုပေးခဲ့သည့်ဖုန်းနံပါတ်ကိုလဲဖုန်းဆက်သွယ်၍မရ။အီးမေးလ်ပို့ပြန်တော့လည်းစာမပြန်။အင်တာနက်အသုံးပြုပြီးဗိုင်ဘာ၊ဖေ့ဘုတ်ကနေဆက်သွယ်လည်းမရတော့။ကိုကိုလုံးလုံးခြေရာဖျောက်သွားလေပြီ။ကိုကို့သူငယ်ချင်းများမှတဆင့်ကိုကိုနှင့်သော်လည်းကောင်း၊အဆက်အသွယ်ရရှိရန်ကြိမ်ဖန်များစွာကြိုးစားခဲ့သော်လည်းမည်သို့သောအဆက်အသွယ်မျှမရရှိခဲ့။ခင်မင်းတစ်ယောက်ကိုကို့ကိုနာကျည်းဖို့ဝေးစွ၊ကိုကိုတိုင်းတပါးမှာဘာတွေများအဆင်မပြေဖြစ်နေသလဲတွေးကာစိုးရိမ်ပူပန်စိတ်များကနေ့စားမ၀င်ညအိပ်မပျော်နှင့်လွမ်းမီးတွေတောက်ကာသောကတွေပင်လယ်ဝေနေခဲ့ရသည်။ထိုအချိန်မှာပင်တစ်ပူပေါ်နှစ်ပူဆင့်ပြဿနာတစ်ခုကပေါ်လာခဲ့ပြန်သည်။ “ ခင်မင်းခေါင်းမီးတောက်သွားတယ်ဝတီ၊ပုံမှန်ရာသီသွေးကရက်တွေအတော်ကျော်နေပြီဆိုတာသိလိုက်ရတယ်၊ပထမတော့စိတ်သောကတွေရောက်နေချိန်မို့ရက်တွေရွေ့ကုန်တယ်ထင်မိတာ၊နည်းနည်းကြာလာတော့ကိုယ့်ကိုယ်ကိုမသင်္ကာတော့ဘူး၊ဒါနဲ့ဆေးခန်းသွားပြကြည့်တော့ခင်မင်းမှာကိုယ်ဝန်ရှိနေပြီတဲ့” “ဖြစ်ရလေခင်မင်းရယ်” ထိုအချိန်ကာလများသည်ခင်မင်းလွင်အတွက်အရှင်လတ်လတ်ငရဲကျနေသည့်ကာလများပင်။နယ်ကမိဘများအားလည်းအသိမပေးရဲ၊မည်သူကိုမျှတိုင်ပင်ရမည်မသိနှင့်ကူရာကယ်ရာမဲ့နတ္ထိဖြစ်နေခဲ့၏။ “ခင်မင်းရဲ့တစ်ခြမ်းပဲ့ဘ၀လေးထဲတိုးဝင်လာတဲ့အဲ့ဒီကလေးလေးကိုကံဆိုးတယ်ပြောရမလား၊ဒါမှမဟုတ်ခင်မင်းကိုယ့်ကိုယ်ကိုကံကောင်းလို့သာပဲလို့ဖြေသိမ့်လိုက်ရမလား၊မဝေခွဲတတ်တော့ဘူး၊တစ်မနက်အိပ်ရာအထမှာလွယ်ထားရတဲ့သန္ဓေသားလေးပျက်ကျတယ်၊အဆောင်ကအခန်းဖော်အကူအညီနဲ့ခင်မင်းဆေးရုံတက်ပြီးသားအိတ်ခြစ်ထုတ်ပစ်ခဲ့ရတယ်၊ခင်မင်းအဲ့ဒီတစ်နေ့လုံးသည်းသည်းထန်ထန်ငိုကြွေးခဲ့တယ်၊ခင်မင်းရဲ့စိတ်ထဲမှာနှလုံးသားထဲမှာခန္ဓာကိုယ်ထဲမှာဘာဆိုဘာမှမကျန်တော့ဘူးဆိုတဲ့အသိနဲ့ပေါ့” ခင်မင်းလွင်ဆေးရုံမှရက်ပိုင်းအတွင်းပြန်လည်ဆင်းလာပြီးနောက်အိနြေ္ဒရည်မပျက်ကျောင်းပြန်တက်ခဲ့သည်။ခင်မင်း၏နယ်မှမိဘများသာမက၊သူငယ်ချင်းများပင်ဤအဖြစ်အပျက်ကိုမသိလိုက်ကြ။အချိန်ယန္တယားကရက်မှလ၊လမှနှစ်သို့ကူးပြောင်းလာသောအခါ၊ကိုကို့ကိုသတိရလွမ်းတနေမိခဲ့သည့်နေရာတွင်၊ကြေကွဲမှုနာကြည်းမှုများကအုံနှင့်ကျင်းနှင့်အစားထိုးဝင်ရောက်လာသည်။ဘ၀ရပ်တည်မှုအတွက်မိမိကိုယ်ကိုပြန်လည်မတ်တည်နိုင်ချိန်တွင်ကိုကို့သူငယ်ချင်းများထံမှကိုကိုပြည်ပတွင်အိမ်ထောင်ကျနေပြီဆိုသောသတင်းကြားလာရသည်။ထိုသတင်းကိုခင်မင်းလွင်အပြုံးမပျက်နားထောင်လာနိုင်သည်အထိမာကျောရင့်ကျက်လာခဲ့ရသည်။ဖြစ်နိုင်လျှင်ဤအတိတ်ဆိုးကိုဘ၀ထဲမှအပြီးတိုင်းဆွဲထုတ်မြေမြုပ်သဂြိင်္ုလ်လိုက်ချင်မိသည်။ “ခင်မင်းလိုဖြစ်မျိုးဘယ်မိန်းကလေးကိုမှမကြုံစေချင်ဘူး၊အချစ်ဆိုတာတာဝန်ယူမှုတာဝန်ခံမှုမရှိပဲယစ်မူးပျော်ဝင်နေယုံမျှသက်သက်ဆိုရင်တန်ဘိုးမဲ့လွန်းတယ်ဆိုတာခင်မင်းဘ၀နဲ့ရင်းပြီးသိခဲ့ရတယ်၊ခင်မင်းတို့မိန်းကလေးတွေရဲ့ဘ၀ဆိုတာပါးပါးလေးပါ၊မပွန်းပဲ့မထိခိုက်မိအောင်စိတ်ကိုချွန်းအုပ်၊အသိဥာဏ်နဲ့ကိုယ်တိုင်ထိမ်းကျောင်းကာကွယ်တတ်ဖို့လိုတယ်၊ဒါကြောင့်ညီအစ်မလိုချစ်ခင်ရတဲ့ဝတီ့ကိုခင်မင်းရဲ့မလှပတဲ့ဇာတ်ကြောင်းတွေကိုရင်အနာခံပြီးပြောပြနေတာပါ၊၀တီလဲခင်မင်းအဖြစ်ကိုနမူနာယူပြီး၊ကိုယ့်ဘ၀ကိုမပွန်းပဲ့အောင်ဂရုစိုက်ပေးပါလို့ခင်မင်းတောင်းဆိုချင်တယ်” xxxx   အပျော်ရည်းစားတစ်ယောက်နဲ့ပြတ်ပြီးသိပ်မကြာသေး၊နောက်တစ်ယောက်ပြောင်းထားတတ်သည့်သိမ့်ဝတီကိုခင်မင်းစိုးရိမ်စိတ်များနေမိသည်မှာမလွန်။စိတ်ရင်းကောင်းပြီး၊ဖြူစင်ပြီး၊ပြည့်စုံကြွယ်ဝသောသိမ့်ဝတီ့ဘ၀လေးကိုခင်မင်းဘာမှမစွန်းထင်းစေချင်။မိဘများနှင့်အဝေးမှာနေနေရသည့်သူမို့သိမ့်ဝတီ့ကိုတကယ်တန်းထိမ်းကျောင်းပေးမည့်သူမရှိ။မိဘများကလဲပိုက်ဆံမှန်မှန်ပို့ပေးနေရင်အဝေးကနေဖုန်းနဲ့စကားလှမ်းပြောနိုင်ရင်လုံလောက်ပြီထင်နေပုံ။အတူနေကြီးတော်အပျိုကြီးကလည်းခေတ်ကိုအမီမလိုက်နိုင်တော့သူဆိုတော့ဝတီ့အတွက်အနီးကပ်ပြောပေးမည့်သူကခင်မင်းလွင်သာရှိသည်။ တလောကပင်အင်တာနက်ကနေတွေ့သည့်ကောင်လေးတစ်ယောက်နှင့်အပျော်သဘောခဏတွဲနေရာကဖြတ်လိုက်ပြန်သည်။ကောင်လေးကဖုန်းတွေတဂွမ်ဂွမ်းဆက်တော့ခင်မင်းလက်ထဲဖုန်းထိုးထည့်ပေးကာရှောင်တိမ်းပြန်၏။ … Continue reading

Share
Posted in ၀တ္ထု | Leave a comment

နတ်ရေးတဲ့ရွှေစာ

Number of View: 30866၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ်၊ မြင်ကွင်းမဂ္ဂဇင်း မှာ ပါဝင်ခဲ့သည်။ (ပန်းချီ- မမွှေး) မကြာခင် မင်္ဂလာဆောင်တော့မည့် သတို့သမီးများထဲမှာ စိတ်အတည်ငြိမ်ဆုံးသူလို့ သတ်မှတ်ရ လောက်အောင် နန္ဒာက မတုန်မလှုပ်။ နန္ဒာ မတုန်လှုပ်သလောက် ကိုကိုက စိတ်လှုပ်ရှားနေလိုက်တာများ နန္ဒာဖြင့် ရှက်အားပင် ပိုလာချင်သည်။ နန္ဒာစိတ်တွေက အဲ့ဒီလိုမျိုးပင်။ အရာရာကို ကြိုတင်တွေးပူနေတတ် သော်လည်း တကယ့်တကယ် နဖူးတွေ့ဒူးတွေ့ဆိုလျှင် စိတ်တွေက အေးခဲတည်ငြိမ်သွားလေ့ ရှိသည်။ “နန္ဒာနော်.. မတုန်မလှုပ်နဲ့၊ ဘာလဲ.. ကိုကိုကို … Continue reading

Share
Posted in ၀တ္ထု | 3 Comments

ရော့ခ်သီချင်းဆိုတဲ့ကစ်တုန်

Number of View: 8591Mom & Baby Magazine, အတွဲ (၁)၊ အမှတ် (၁) ကစ်တုန်က ငါးတန်းတက်နေတဲ့ ကျောင်းသားလေးတစ်ယောက်ပါ။ ကစ်တုန်ရဲ့ ကျောင်းနာမည် က ဝေဟင်ထွဋ်ခေါင် ဖြစ်ပေမဲ့ မွေးကာစက အသားဖြူဖြူ ပါးဖောင်းဖောင်းကစ်ကစ် မျက်လုံး ၀ိုင်းဝိုင်းလေးနဲ့မို့ ကစ်တုန်ရဲ့ဖေကြီးနဲ့မေကြီးက ချစ်စနိုးနဲ့ ကစ်တုန်လို့ အိမ်နာမည်ပေးထားတယ်။ ကစ်တုန်က တစ်ဦးထဲသော သားဖြစ်တယ်။ မျောက်ရှုံးအောင်ဆော့တယ်။ ဥာဏ်ကောင်းပေမဲ့ အတန်းထဲမှာ စာအတော်ကြီးမဟုတ်ဘူး။ တီထွင်ကစားရတာ၊ စွန့်စားရတာ ၀ါသနာပါတယ်။ အကြောက်အလန့်မရှိဘူး။ ပေါင်းသင်းဆက်ဆံရေး … Continue reading

Share
Posted in ၀တ္ထု | 1 Comment

သဝေထိုးရကောက်ရေ ရေ

Number of View: 8184‘၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလထုတ်၊ နှစ် (၅၀) ပြည့်အထူးထုတ်၊အောင်ပင်လယ် သဘာဝပါတ်ဝန်းကျင်ထိမ်းသိန်းရေးမဂ္ဂဇင်း’ ၌ ပါဝင်ခဲ့သည်။              ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်လို့နေတယ်။ ဘိုးဘဖေတစ်ယောက် ခေါင်းရင်းက ညမီးခလုပ်လေးကို ဖွင့်လိုက်တယ်။ မီးရောင်အောက်မှာ နာရီကို ကြည့်လိုက်တော့ နာရီပြန်တစ်ချက်။ ဘိုးဘဖေက ညဆို ကိုးနာရီ ဒေါင်ခနဲထိုးတာနဲ့ အိပ်ရာဝင်တတ်သူ။ ဒါပေမဲ့ ညနာရီပြန်တစ်ချက်တီးချိန်ဆို သူ့ဆီးအိမ်တင်းလာတာနဲ့အတူ အိပ်ရာက အလိုလို နိုးလာရပြီ။ ဆီးသွားပြီးတာနဲ့ သူ့ကို ဘယ်သူကမှ တာဝန်ပေးမထားတဲ့၊ သူကိုယ်တိုင်လဲ မလုပ်ရမနေနိုင်လို့ပဲ … Continue reading

Share
Posted in ၀တ္ထု | 1 Comment

အုတ်ခုံလေး၏နံနက်ခင်း

Number of View: 7685       လမ်းကလေးများ၏ အဆုံးတွင် အုတ်ခုံလေးတွေ ရှိနေတတ်သည်။ သို့သော် လမ်းလေးတိုင်း၏ အဆုံးတွင် အုတ်ခုံလေးများ ရှိနေရန်ဆိုသည်မှာ မသေချာလှပါ။ အုတ်ခုံလေးများ မရှိနေတတ်ပါ။ သို့သော် မနက်ခင်းတိုင်း ကျွန်မ ဖြတ်သန်းနေရသည့် လမ်းကလေး၏အဆုံးတွင်တော့ အုတ်ခုံလေးတစ်ခု နေရှိပါသည်။               ထိုလမ်းကလေးသည် ကျွန်မနှင့် မစိမ်းပါ။ ညနေဈေးသို့ သွားလျှင်ဖြစ်စေ၊ မုန့်သွားစားလျှင် ဖြစ်စေ၊ မြို့ထဲသို့သွားလျှင် လိုင်းကားစောင့်စီးရန်ဖြစ်စေ၊ မကြာခဏဆိုသလို ထိုအုတ်ခုံလေးရှိသော လမ်းကို ဖြတ်သန်းနေကျဖြစ်ပါသည်။ … Continue reading

Share
Posted in အက်ဆေး/ ရသစာတမ်း | 1 Comment

သမိုင်းတွင်မယ့် ရက်စွဲ

Number of View: 4856 နိုဝင်ဘာလ (၈)ရက်နေ့ဖြစ်တဲ့ ဒီနေ့ဟာ ကျွန်မတို့ သမိုင်းမှာ ထူးခြားတဲ့ မှတ်တမ်းတင်ရမဲ့၊ အနာဂတ် မြန်မာနိုင်ငံရဲ့ ကံကြမ္မာကို ဖန်တီးပုံဖော်ပေးနိုင်မဲ့၊ အရေးပါလှတဲ့ နေ့ရက်တစ်ခု တစ်ခု ဖြစ်ပါတယ်။  မြန်မာ့သမိုင်း စာမျက်နှာ တစ်ဆစ်ချိုးကွေ့ကို မြန်မာတစ်ပြည်လုံးက အပြောင်းအလဲကို လိုလားတဲ့ လူထုရဲ့အားနဲ့ ဒီနေ့မှာ စတင် ဖြတ်သန်းနေကြပါပြီ။ ပါတီစုံအထွေထွေ ဒီမိုကရေစီရွေးကောက်ပွဲကြီးကို နိုင်ငံတစ်ဝှမ်း ခြိမ့်ခြိမ့်သည်းကျင်းပနေချိန် ဒီနေ့မှာ မိမိတို့ အားကိုးယုံကြည်တဲ့ အစိုးရကို ပြည်သူတွေ ကိုယ်တိုင်ကိုယ်ကျ ရွေးကောက်တင်မြှောက် … Continue reading

Share
Posted in PEN Myanmar, အက်ဆေး/ ရသစာတမ်း | Leave a comment

အပိုဆုပါရခဲ့သည်

Number of View: 13774 သရုပ်ဖော်ပန်းချီ – မျိုးမြင့် ငယ်ရွယ်စဉ် ကလေးဘ၀ ကျောင်းသူအရွယ်က အတန်းတိုင်း၌ မဟုတ်သော်ငြား ပညာရည် ထူးချွန်ဆုများ ကြိုကြားကြိုကြား ကျွန်မ ရရှိခဲ့ဖူးသည်။ ထိုစဉ်ကာလကတည်းက ခေတ်မီနားလည်ခဲ့သော မိဘနှစ်ပါးက ပညာရေး တွင် အတင်းအကြပ် ဖိအားပေးခြင်းမရှိခဲ့။ မိမိကိုယ်တိုင် ပညာကို သင်ယူမှရမည်၊ မိမိလုပ်ရပ်၏အကျိုးကို မိမိသာ ခံစားရမည်၊ မိမိလုပ်ရပ်ကြောင့် မိမိကိုယ်တိုင်သာမက မိမိဝန်းကျင်၌ပါ အကျိုးမရှိမဖြစ်စေရဟူသည့် စိတ်ကိုသာ နှလုံးသားထဲတွင် စွဲထင်အောင် လေ့ကျင့်ပေးခဲ့သည်။ ထို့ထက်ပို၍ လူတိုင်းကို … Continue reading

Share
Posted in ပုံနှိပ်စာမျက်နှာပေါ်မှစာမူများ, အက်ဆေး/ ရသစာတမ်း | 6 Comments

ချစ်ခြင်းရဲ့အပိုင်းအစများ

Number of View: 14136၂၀၁၅ ခုနှစ်၊ စက်တင်ဘာလထုတ်၊ မြင်ကွင်းမဂ္ဂဇင်း (သရုပ်ဖော်ပန်းချီ – မမွှေး)  ကျွန်မဘ၀မှာ မေမေ့ဆီက အလိုချင်ဆုံး လက်ဆောင်လေးတစ်ခု ရရှိခဲ့ဘူးပါတယ်။ အဲ့ဒီ လက်ဆောင်လေးက အများအတွက်တော့ ဘာဆိုဘာမှ တန်ဖိုးမရှိပေမယ့် ကျွန်မအတွက်တော့ တကယ့် ကို သိမ်းဆည်းထားချင်မိတဲ့ အရာလေးတစ်ခုပါဘဲ။ အဲ့ဒီတုန်းက ကျွန်မက ကလေးမကျ လူကြီးမကျအရွယ်။ ၁၄နှစ်ဝန်းကျင်ပေါ့။ မေမေဆီမှာ မေမေကအမြဲ သူ့ဘီဒိုလေးထဲက အံဆွဲလေးတစ်ခုထဲမှာ သော့ခတ်ပြီး၊ အဲ့ဒီဘီဒိုလေးထဲမှာ တယုတယ သိမ်းဆည်းထားတတ်တဲ့ ရတနာပစ္စည်းတွေ ထည့်ထားတယ်လို့ … Continue reading

Share
Posted in ၀တ္ထု, ပုံနှိပ်စာမျက်နှာပေါ်မှစာမူများ | 9 Comments