Author Archives: mamyathway

နတ်ဆိုးကျိန်စာ

Number of View: 7899Photo Credit to – www.rappler.com ရွှံ့များ၊ နုန်းများ၊ အမှိုက်များဖြင့် ဗွက်ပြင်ကျယ်ကြီးသည် မျက်စိတစ်ဆုံး ရှိနေ၏။ မည်သည့်အရာဟု မဖော်ပြနိုင် လောက်တော့သည့် အပျက်အစီး၊ အကျိုးအပဲ့များက နေရာအနှံ့တွင်တွေ့နေရသည်။ ကောင်းကင်ပြင်ကြီးကတော့ ဘာမျှ မသိလိုက်သကဲ့သို့ တည်တည်ငြိမ်ငြိမ် ရှိနေ၏။ ဟိုးအဝေးပျပျတွင် လူသုံးယောက် ဆန့်ကျင်ရာဘက်သို့ တရွေ့ရွေ့ လျှောက်သွားနေသည် ကို တွေ့ရ၏။ လှမ်းအော်ခေါ်လိုက်ချင်သော်ငြား ပါးစပ်ဖွင့်ဟဖို့ပင် ခံစားချက်မရှိတော့။ ပတ်ဝန်းကျင်တွင် လူရုပ်မပေါ် ပွယောင်းနေသည့်အသွင်ဖြင့် ပျံ့ကျဲနေသည့် အသက်မဲ့ … Continue reading

Share
Posted in ပုံနှိပ်စာမျက်နှာပေါ်မှစာမူများ, ၀တ္ထု | 4 Comments

ခိုင်ရင်သံကြိုးထက်ခိုင်

Number of View: 12011  ညီမ Black Roseက ငယ်နုစဉ်ဆယ်ကျော်သက်အရွယ်က ရင်ခုန်စိတ်လှုပ်ရှားခဲ့ရတဲ့ သံယောဇဉ်များအကြောင်းကို Tag Post လုပ်သည်။ မြ ရင်များပင် ခုန်သွားရ၏။ မြ ယုံကြည်ပါသည်။ မည်သူမဆို ငယ်ရွယ်စဉ်အချိန်ကာလ၏ သံယောဇဉ် ရင်ခုန်သံများကို ပြန်ပြောင်းစဉ်းစားကြည့်ကြမည်ဆိုလျှင်ရင်ခုန်ကြပါလိမ့်မည်။ နှလုံးသားရှိသောသူတိုင်း ရင်ခုန်တတ်ကြပါသည်။ အနှီလူသားတစ်ယောက် မြသည်လည်း နှလုံးသားရှိသူ ပုထုစဉ်ပီပီ ရင်ခုန်မိသည်မှာ မဆန်းကြယ်လှပါ။ သို့နှင့် မြ၏စိတ်များသည် ရုပ်ရှင်ထဲကလို ငယ်စဉ်အတိတ်ဘ၀သို့ ဖလက်ရှ်ဘက်ခ် ပြန်ရောက်သွားရတော့၏။ ဟုတ်ပါသည်။ မြ ရင်ခုန်မိပါသည်။ … Continue reading

Share
Posted in Tag Post | 9 Comments

သေသော်မှတည့်….

Number of View: 16295 အဘိုး၏ ဦးခေါင်းရှိ ဆံပင်များက ဖွေးဖွေးဖြူနေသည်။ အဘိုး၏မျက်နှာပေါ်တွင် အရေးအကြောင်းတို့ ထင်နေလေပြီ။ သို့သော် အဘိုး၏ အသားအရည်က ကြည်ကြည်လင်လင်။ အဘိုးက ဗမာလူမျိုးစစ်စစ်။ ခန္ဓာကိုယ်က တုတ်တုတ်ခိုင်ခိုင်ရှိသည်။ အဘိုး၏အသက် ခွန်နှဆယ်နားနီးပြီ။ အဘိုးသည် ၀ရန်တာရှိ နှစ်ယောက်ထိုင် ကုလားထိုင်ပေါ်တွင် တင်ပ္ပလင်ခြိတ်ထိုင်နေ၏။ ထိုတင်ပ္ပလင်ခြိတ် ထိုင်ထားသည့် ပေါင်ပေါ်တွင် သုံးထပ်သားပျဉ်ပြားတစ်ချပ်ကိုတင်၍ တစ်ခါသုံးဘောပင်အပြာဖြင့် စာရေးနေ၏။ စွတ်ကြယ်အဖြူနှင့် ချည်ချောပုဆိုးနွမ်းကို ရင်ခေါင်းဘက် မြှင့်၍ ၀တ်ဆင်ထားသည့် အဘိုး၏အသွင်အပြင်က အေးချမ်းနေ၏။ အဘိုး၏ … Continue reading

Share
Posted in Tag Post, အက်ဆေး/ ရသစာတမ်း | 5 Comments

ရသလမ်းမှာ ပွင့်သောပန်း

Number of View: 10988နေရာလေးတစ်နေရာ ရှိနေ၏။ ထိုနေရာလေးကား အသွားအလာ ခက်ခဲသည့် နေရာလဲမဟုတ်။ ထိုနေရာမှ ငါးမိနစ်ခန့် သွက်သွက်လျှောက်ပါက မလှမ်းမကမ်းတွင် ခေတ်မီအဆင့်မြင့် ရုပ်ရှင်ရုံတစ်ရုံ တွေ့ရမည်။ ထိုရုပ်ရှင်ရုံ၏ မျက်စောင်းထိုးတွင် ခရစ်ယာန်ဘုရားကျောင်း တစ်ခုရှိသည်။ ဘုရားကျောင်းနောက်ကျောဘက်တွင် ပြန်လည် မွမ်းမံထား သည့် အားကစားကွင်းအိုကြီး ရှိသည်။ ကွင်းအိုကြီးပတ်လည်တွင် အဝေးပြေးကားဂိတ်လက်မှတ် အရောင်ဆိုင်များ စီတန်းနေသည်။ သူနဲ့ မလှမ်းမကမ်းမှာတော့ ဓာတ်ဆီဆိုင်တစ်ဆိုင်၊ ထိုမှ လှမ်းမျှော်လိုက်လျှင်တော့ ကုန်းကျော် တံတား တစ်စီး။ သူ့နဘေးမှာတော့ ရန်ကုန်ဘူတာကြီး။ … Continue reading

Share
Posted in Tag Post, အက်ဆေး/ ရသစာတမ်း | 7 Comments

ဘလော့ဒေးအလွန်နှင့် မြ၏ တောင်တောင်အီအီ ရောက်မိရောက်ရာများ

Number of View: 13598 ဘလော့ဒေးအလွန်မှာမှ ဤပို့စ်လေး ရေးဖြစ်သည့်အတွက် အနှီဤပို့စလေးက ဘလော့ဒေး အတွက်ရယ်လို့ မသတ်မှတ်ပဲ ပုံမှန်တင်နေကျ ပို့စ်တစ်ပုဒ်ဟုသာ ဖတ်ကြပါကုန်ဟု ဦးစွာ မြ နိဒါန်းချီပါရစေ။ မြ ဤပို့စ်လေးအား ဘလော့ဒေးရက်ကျော်မှ ရေးဖြစ်သည့်အတွက် ခေါင်းစဉ် ကိုလည်း “ဘလော့ဒေးအလွန်နှင့် မြ၏တောင်တောင်အီအီ ရောက်မိရောက်ရာများ” လို့ ပေးလိုက်၏။ “တောင်တောင်အီအီ ရောက်မိရောက်ရာများ”ဆိုသည်က ယခုအချိန်တွင် စိတ်ထဲ၌ တိတိပပ ထိထိမိမိ ဆုတ်ကိုင်ရေးချချင်လိုက်သည်မျိုး တစ်ခုမျှ မရှိ။ မြ၏ စိတ်သည် ရှင်းနေ၏။ … Continue reading

Share
Posted in Tag Post, ရာသီစာ | 26 Comments

အနန္တစင်္ကြာဝဠာ၊ အနန္တသတ္တ၀ါတို့….

Number of View: 12158(၂၀၁၄ ခုနှစ်၊ သြဂုတ်လ၊ ရွှေအမြုတေမဂ္ဂဇင်း။) ၂၀၁၄-၂၀၁၅ ခုနှစ်အတွက် ကျင်းပသည့် ဒသမအကြိမ်မြောက်၊ ရွှေအမြုတေစာပေဆုပေးပွဲ၌ ရွှေအမြုတေ ၀တ္တုရှည် စာပေဆုရရှိခဲ့သည်။ “ ယဿာနုဘာဝတော ယက္ခာ နေ၀ ဒေဿ      န္တဘီသနံ ယဥှိ စေ၀ါနယုဉ္ဖန္တော ရတ္တိန္ဒိဝ’မတန္ဒိတော”             မေတ္တသုတ်ရွတ်ဖတ်သရဇ္ဇာယ်သံများကြောင့် မေသက်တစ်ယောက် လက်ထဲက လုပ်လက်စ စာရွက်စာတမ်းများ ကို ဘေးခဏချထားပြီး၊ သူ့ရုံးခန်းထဲမှ အရှေ့ဝရန်တာရှိရာဆီသို့ အပြေးထွက်လာခဲ့၏။ သူ့ကဲ့သို့ အပြေးထွက်လာ၍ ၀ရန်တာဆီ သွားနေသူများကိုလည်း … Continue reading

Share
Posted in မဂ္ဂဇင်းဝတ္တုရှည် | 7 Comments

စက္ကူခေါက်ကလေး

Number of View: 29234 နေ့ရက်အချို့ရဲ့ ညနေရုံးဆင်းချိန်တွေမှာ အိမ်ကို ခင်ပွန်းသည် ကိုရင်ညိုနဲ့အတူ ညနေဈေး ၀င်ဝယ်အပြီး၊ ပန်းဆိုးတမ်းဂုံးကျော်တံတားအတိုင်း ကျွန်မတို့ လမ်းလျှောက်ပြန်ဖြစ်ပါတယ်။  တစ်နေ့လုံးရုံးမှာထိုင်ပြီး အလုပ်လုပ်ခဲ့ရသမျှ၊ ညနေလမ်းလျှောက်ချိန်က ကျွန်မတို့နှစ်ယောက် အတွက် နေ့တစ်နေ့ရဲ့ နှစ်သက်စရာ အကောင်းဆုံးအချိန်လေးပါပဲ။ နှစ်ယောက်သား လမ်းတလျှောက် စကားတွေ ပြောလို့ရတယ်။ တစ်နေ့တာ updateတွေ ဖလှယ်လို့ရတယ်။ နောက်တစ်နေ့ လုပ်စရာကိစ္စတွေ ပြောလို့ရတယ်။ ဒီထက်ပိုလို့ ပျားပမ်းခတ်နေတဲ့ လမ်းသွားလမ်းလာတွေဆီကနေ သွားရင်းလာရင်း စာရေးဖို့ ကုန်ကြမ်းရှာလို့ရတယ်။ တစ်နေ့ညနေခင်း။ နှစ်ယောက်သား … Continue reading

Share
Posted in အတွေ့လေးရယ်တဲ့မှ အို..အကြုံ, ပြုံးထေ့ထေ့ | 11 Comments

ကြက်ပျောက်ငှက်ပျောက်

Number of View: 7392 အပြင်ထွက်မယ်ဆိုတိုင်း တက္ကစီကို လွယ်လွယ်နဲ့ စီးတတ်သူက ကျွန်မပါ။ အခုအချိန်ထိ ကိုယ်ပိုင်ကား ၀ယ်မစီးနိုင်သေးပေမယ့် တက္ကစီစီးနေတာက ကားတစ်စီးဝယ်စီးနိုင်တာ ထက်တောင်  ကျော်နေနိုင်ပါတယ်။ ကျွန်မတို့လမ်းထိပ်ဂိတ်က တက္ကစီအဖွဲ့နဲ့ဆို ကျွန်မတို့ မိသားစုနဲ့ အတော်ခင်နေကြတဲ့ အထိပါပဲ။ ရုံးဆင်းတဲ့ အချို့ရက်တွေမှာ လမ်းလျှောက်မပြန်ဖြစ်ရင် တက္ကစီ စီးဖြစ်ပါတယ်။ ကားငှားစီးတဲ့အခါ ကားလမ်းတွေ ပိတ်နေတိုင်း အင်မတန်စိတ်ပျက်ရသလို ကားတစ်စီးနဲ့ တစ်စီး ကျော်တက်တာမျိုး၊ ဟွန်းတညံညံတီးတာမျိုးကိုလဲ ကျွန်မ မနှစ်သက်ပါဘူး။ တစ်နေ့ညနေ ကျွန်မငှားစီးတဲ့ တက္ကစီမောင်းသူက … Continue reading

Share
Posted in အတွေ့လေးရယ်တဲ့မှ အို..အကြုံ | 8 Comments