Category Archives: ကဗျာ

ဒီနေ့မီးပွိုင့်မှာ ကားတွေကြပ်တယ်

Number of View: 10561 လမ်းမကြီးရဲ့ အဆုံအခွ မီးမလင်းတဲ့ မီးပွိုင့်များ မျက်စိတဆုံး ကားတွေ တစ်စီးပြီးတစ်စီး တစ်ရွေ့မှ ရွေ့လို့မရ နေကပြင်းပြင်း လေကပူပူ ဟွန်းမတီးရဇုန်နဲ့ စိတ်မရှည်တဲ့ကားများ စိတ်မရှည်တဲ့ကားတွေထဲက စိတ်တိုနေတဲ့လူများ

Share
Posted in ကဗျာ | 13 Comments

ကြပ်

Number of View: 10824….ကြပ်….. ကတ္တရာလမ်းမပေါ်မှာ ကားတွေနဲ့ ကြပ်တယ်… ကားဂိတ်မှာ လူတွေနဲ့ ကြပ်တယ်… နှစ်ရာတန်အထူးကားတွေ ကြပ်တယ်… ရန်ကုန်မြို့ပလက်ဖောင်းတွေ ကြပ်တယ်…. စာရင်းစာအုပ်ထဲမှာအကြွေးတွေ ကြပ်တယ်… ကောင်လေးတွေရဲ့ ဂျီတော့ခ်အကောင့်မှာ ကောင်မလေးတွေ ကြပ်တယ်…

Share
Posted in ကဗျာ | 13 Comments

မြို့ကြက်

Number of View: 9345 မြို့ကြက် တွန်တာတောင် အသံမညက် အဆင်ပြေသလို အိပ်တန်းတက် အရုဏ်မေ့တဲ့ငှက်။

Share
Posted in ကဗျာ | 9 Comments

မျက်နှာဖုံးသည်

Number of View: 6832 မျက်နှာဖုံးတွေ.. မျက်နှာဖုံးတွေ.. တစ်ခုမှငါးရာ… စပိုင်ဒါမန်းယူမလား မစ်ကီးမောက်စ်ယူမလား ဒါမှမဟုတ်.. အန်းဂရီးဘာ့ဒ်လား.. ဘန်နီလေးလား.. မျက်နှာဖုံးလေးသာ တပ်ထားလိုက် မမြင်ချင်တဲ့သူ ရှောင်.. မမြင်ချင်ယောင်ဆောင်သူကို ပုန်း.. မျက်နှာဖုံးကိုသုံးကြည့် ဘယ်လောက်အဆင်ပြေသတုံး… လေယာဉ်ပျံလေးကတော့ ဈေးနည်းနည်းကြီးတယ်… နှစ်ထောင်ဆိုပေမယ့် အတောင်ပံလေးနဲ့ ၀ဲနေလိုက်တာ ဈေးမဆစ်ပါနဲ့ခင်ဗျာ.. ကျွန်တော်မှာ ဟင်းစားရိတ် တစ်နေ့ကုန် နေရိပ်တောင်အနိုင်နိုင်ရယ် ခင်ဗျာ…ဟုတ်ကဲ့.. ကျွန်တော်အသက်ကိုးနှစ် လာမယ့်ရှစ်ရက်နေ့ပြည့်မယ်.. မွေးနေ့လား.. မနောက်ပါနဲ့ ဦးလေးရာ… ကျွန်တော့်တသက် ကြားကြားဘူးပေါင်.. မရယ်နဲ့ခင်ဗျ.. တကယ်က.. … Continue reading

Share
Posted in ကဗျာ | 6 Comments

တရွေ့ရွေ့ဖြင့် တားမရစွာစီးမရနိုင်စွာ ချိန်သားကိုက်လျှက်က…

Number of View: 6876 တရွေ့ရွေ့ဖြင့် တားမရစီးမရနိုင်စွာ ချိန်သားကိုက်လျှက်က… < … မှ 2012 – 11:59 PM အထိ> ထစ်နေတယ် တကျိကျိနဲ့ အပေါစား စီဒီတစ်ချပ်။ သွားနေတယ် တချက်ချက်နဲ့ ချိန်သီးမဲ့ နာရီတစ်လုံး။ ရွေ့နေတယ် တမေ့မေ့နဲ့ အိပ်မောကျ ပက်ကျိတစ်ကောင်။ လောင်ကျွမ်းနေတယ် တငွေ့ငွေ့နဲ့ မြေ့မြေ့ဆွေးမယ့် ဖွဲမီး။ ဆုံကြဦးမယ် တကွေ့ကွေ့ပေါ့ အဆုံးမရှိတဲ့ ဘ၀သံသရာ။ ဒီလိုနဲ့… စောင့်ခဲ့ကြတယ် တရုန်းရုန်းနဲ့ မိုးမလင်းတဲ့ အရုဏ်။ … Continue reading

Share
Posted in ကဗျာ | 7 Comments

ပွဲသိမ်း

Number of View: 12696 ပွဲသိမ်း အနှစ်မဲ့ဗလာအတ္တ ချစ်ခြင်းမဲ့ အမုန်းတရား ဤကို ကျွဲလို့ ပြိုင်တူရွတ် ဖွေးဖွေးလှုပ်အစွယ်တွေနဲ့ စပျစ်သီးလေးချဉ်နေတဲ့ပုံပြင် အုံ့အုံ့သည်းသည်း အာဃာတမိုး မျက်လှည့်ဆရာရဲ့ ပဉ္စလက်ကြော်ငြာ အရောင်မွဲတွေနဲ့ လက်လက်ထ ဂုဏ်သိက္ခာ အကြည့်ပေါင်းသောင်းခြောက်ထောင်ရဲ့သံသယ လက်ညိုးပေါင်းတစ်ထောင်ရဲ့ သြဘာ အရှက်သည်းနေတဲ့ စေတသိတ် ကြက်ခြေခတ်တွေ ဝေေ၀ဆာ စာနာတရားရဲ့ ညံ့သက်မှု အဖြေထွက်နေတဲ့ စကားထာ အဝေးက တယောသံတိုးရှရှ လေပြည်လေညင်း ရယ်သံ ညင်သာသဲ့သဲ့ တိုးဝှေ့ အဆုံးမှာ ကတ္တီပါ ကန့်လန့်ကာ … Continue reading

Share
Posted in ကဗျာ | 15 Comments

ကြိုးညှိသံများနဲ့ သံစဉ်၃၅

Number of View: 10227“ ကဗျာစာအုပ် ရှေ့၊ နောက်ကာဗာ ” မနေ့က ကျွန်မ လေးစားချစ်ခင်ရတဲ့ ကဗျာဆရာမ ပန်ဒိုရာစီစဉ်တဲ့ “ ကြိုးညှိခြင်း” အမည်ရတဲ့ ကဗျာဆရာမ ၃၅ယောက်ရဲ့ ကဗျာစုစည်းမှု စာအုပ်မိတ်ဆက်ပွဲကို Home မှာ ၁၅.၈.၂၀၁၂ ဗုဒ္ဓဟူးနေ့က ကျင်းပပြုလုပ် ခဲ့ပါတယ်။ ဒီပွဲလေးကို ကျွန်မ အွန်လိုင်းမှာ သတင်း စပြီး ရကတည်းက စိတ်ရောက်နေခဲ့တယ်။ မဖြစ်မနေ သွားဖြစ်အောင် သွားမယ်လို့လည်း အားခဲထားတယ်။ စိတ်က ဘယ်လောက်များ အထိတောင် … Continue reading

Share
Posted in ကဗျာ, အတွေ့လေးရယ်တဲ့မှ အို..အကြုံ | 10 Comments

ထောင်ချောက်

Number of View: 11619 “ ထောင်ချောက် ” သကာချိုချို ဖုံးထားတယ် အတွင်းမှာတော့ အစွယ်တဖွေးဖွေးက မောင်းတင်ပြီး သားကောင်ကို ၀ပ်ဆင်း ငြိမ်သက်ရင်း စောင့်လို့…။ မဆင်မခြင် ခရီးနှင်ရင်ဖြင့် ထောင်ချောက်မှာ လည်စင်းရချိမ့် ရင်မြေကတုတ် ဥာဏ်ကိုထုတ်လို့ ညီညွတ်အားနဲ့ ပေါင်းစည်း သတိတွေချပ်ရင်း မျက်စိကိုဖွင့် နားကိုစွင့်လို့ ဆင်ခြင်အသိနဲ့ သွေးချင်းတို့ ခရီးနှင်စေချင်..။

Share
Posted in ကဗျာ | 12 Comments