Category Archives: လေးစားထိုက်သူများ

ဤခရီး ဝေးလွန်းပါသလား

Number of View: 11256 ညနေစောင်း ရုံးဆင်းချိန်မို့ ရန်ကုန်မြို့လယ်လမ်းမတစ်လျှောက် လူစည်ကားနေပါတယ်။ မနက်ဖြန် ရုံးထမင်းဘူး ကျောင်းထမင်းဘူးအတွက် ညဈေးဝင်ပြီး ဟင်းလျာဝယ်ခြမ်းရဦးမှာမို့ ကျွန်မရဲ့ခြေလှမ်းတွေကို အရှိန်မြှင့်လိုက်ပါတယ်။ လမ်းမကြီးရဲ့ ထောင့်ချိုးအကွေ့ကိုရောက်ချိန် ညာဘက်က မာလကာသီးရောင်းသူရဲ့ ဈေးဆိုင်းထမ်းကို အရှောင်မှာ ကျွန်မရဲ့ဘယ်ဘက်က တစ်စုံတစ်ခုနဲ့ အမှတ်မထင် ၀င်တိုက်မိပါတယ်။ “အိုး” လို့ ကျွန်မနှုတ်က ထွက်သွားတဲ့ မရှေးမနှောင်းမှာပဲ “ဒေါ်ကြီး…ကန်တော့…ကန်တော့” ဆိုတဲ့ ကလေးတစ်ယောက်ရဲ့ အသံကို ကြားလိုက်ရတယ်။ ပီနံအိတ်ကို ပခုံးမှာတင်ပြီး ခါးကိုင်းညွတ်မတတ် ဆွဲလာတဲ့ ၁၀နှစ်အရွယ် … Continue reading

Share
Posted in အသိသစ်တံခါးချပ်များ, လေးစားထိုက်သူများ | 13 Comments

လင်းလက်နေသည့် အို…၀ိဥာဉ်

Number of View: 5619                စာရေးသူတစ်ယောက်ဖြစ်သော်လည်း ဆရာနှင်ကျွန်မ ဆုံဆည်းမှုက စာပေကိစ္စရပ်များမှ စတည်ခဲ့ခြင်းမဟုတ်။ ဆရာ့၏အမေရိကန်စကားပြောသင်တန်းတွင် တပည့်မတစ်ဦးအနေဖြင့် စတင်သိခွင့်ရခဲ့ခြင်းဖြစ်သည်။ ဆရာနှင့်ပတ်သက်သည့် အမှတ်တရများစွာက ကျွန်မရင်မှာအမြဲပင် လတ်ဆတ်လို့နေ၏။                           ၁၉၈၉ ခုနှစ်၊ တနင်္ဂနွေတစ်ရက်၏မနက်ခင်း ။           တက္ကသိုလ် ဒုတိယနှစ်ကျောင်းသူဘ၀ (၁၉)နှစ် သမီးအရွယ်။ ဦးလေးဖြစ်သူ ဦးဆွေညို၏ ခေါ်ဆောင်လာမှုနှင့်အတူ အင်္ဂလိပ်စကားပြော သင်ယူရန်အတွက် … Continue reading

Share
Posted in အက်ဆေး/ ရသစာတမ်း, လေးစားထိုက်သူများ | 5 Comments

အလွမ်းမပြေအလွမ်းဝေ

Number of View: 13155 ၁၉၈၂ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်။ ကျောင်းပိတ်ရက်မို့ အဘွားတို့ အိမ်မှာ ကျွန်မ ရောက်နေခဲ့တယ်။ ပိတ်ရက်တိုင်း အမြဲ ကျွန်မတို့မောင်နှမ အဘိုးအဘွားအိမ် ရောက်နေကြပါ။ ဒါပေမယ့် ဒီနေ့ပိတ်ရက်မှာတော့ မောင်လေးက ကျွန်မနဲ့အတူ အဘွားတို့အိမ်ကို ပါမလာခဲ့ပါ။ တစ်တန်းကျောင်းသား မောင်လေးက သူတို့   ယောကျာ်းလေးကျောင်းက   မူလတန်းကျောင်းသားတွေ အားလုံးနဲ့အတူ ဗိုလ်ချုပ်ပြတိုက်ကို ဒီနေ့ လေ့လာရေးခရီး သွားကြမှာမို့ အိမ်မှာ မေမေတို့နဲ့ ချန်နေရစ်ခဲ့ပြီ။ ဒီနေ့ … Continue reading

Share
Posted in ရာသီစာ, လေးစားထိုက်သူများ | 20 Comments

မြတ်ဆရာ

Number of View: 8729Credit to Original Photographer အောက်တိုဘာလ (၅)ရက်နေ့၊ ဒီနေ့က ကမ္ဘာ့ဆရာများနေ့ (World Teacher Day) ရယ်လို့  မနေ့ည (၈) နာရီခွဲလောက်မှာ သိလိုက်ရတော့ ကျွန်မရေးဖို့ ရည်ရွယ်ထားပေမယ့် အခုအချိန်အထိ ချမရေး ဖြစ်သေးတဲ့ လေးစားရတဲ့ ကျွန်မရဲ့ ဆရာကြီးအကြောင်းကို   “ လေးစားထိုက်သူများ ” ခေါင်းစဉ်အောက်မှာ ရေးဖို့ ဆုံးဖြတ်လိုက်မိပါတယ်။ နိုင်ငံတကာမှာ ဒီနေ့ကို ကမ္ဘာ့ဆရာများနေ့ရယ်လို့ သတ်မှတ်ထားပေမယ့် ကျွန်မတို့  မြန်မာလူမျိုးများ အတွက်ကတော့ … Continue reading

Share
Posted in လေးစားထိုက်သူများ | 13 Comments

ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာများ

Number of View: 11009 ဒီနေ့၊ ဖေဖော်ဝါရီလ ၁၃ရက်နေ့။ ဒီနေ့ဟာ ကျွန်မတို့နိုင်ငံရဲ့ သောက်ရှူးကြယ်လို့ တင်စားလို့ရတဲ့ ကျွန်မတို့ရဲ့ အသွေးထဲ အသားထဲကနေ လေးစားကြည်ညိုရတဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ပိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ပါဘဲရှင်။ ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာမယ့် မောင်ထိန်လင်းကို မကွေးခရိုင်၊ နတ်မောက် မြို့မှာ အမိန့်တော်ရ ရှေ့နေ ဦးဖာ-ဒေါ်စုတို့ကနေ ၁၉၁၅ ခုနှစ်၊   ဖေဖော်ဝါရီလ ၁၃ရက်နေ့၊ စနေနေ့မှာ မွေးဖွားခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းသာ သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင် ဒီနေ့ဟာ ဗိုလ်ချုပ်အသက် … Continue reading

Share
Posted in လေးစားထိုက်သူများ | 17 Comments

မြတ်သောဆရာ

Number of View: 8014်အောက်တိုဘာလ (၅)ရက်နေ့၊ ဒီနေ့က ကမ္ဘာ့ဆရာများနေ့(World Teacher Day) ရယ်လို့  မနေ့ည (၈) နာရီခွဲလောက်မှာ သိလိုက်ရတော့ ကျွန်မရေးဖို့ ရည်ရွယ်ထားပေမယ့် အခုအချိန်အထိ ချမရေး ဖြစ်သေးတဲ့ လေးစားရတဲ့ ကျွန်မရဲ့ ဆရာကြီးအကြောင်းကို   ” လေးစားထိုက်သူများ ” ခေါင်းစဉ်အောက်မှာ ရေးဖို့ဆုံးဖြတ်လိုက်မိပါတယ်။ နိုင်ငံတကာမှာ ဒီနေ့ကို ကမ္ဘာ့ဆရာများနေ့ရယ်လို့ သတ်မှတ်ထားပေမယ့် ကျွန်မတို့ မြန်မာလူမျိုးများ အတွက်ကတော့ ဆရာဆိုတာ ဘုရားနဲ့ တစ်ဂိုဏ်းထဲထားရတဲ့ အနန္တောအနန္တ (၅)ပါးထဲမှာ တစ်ပါးအပါအ၀င်မို့ … Continue reading

Share
Posted in လေးစားထိုက်သူများ | 13 Comments

အာဇာနည်ဗိမာန်

Number of View: 5029 ~ အာဇာနည်ဗိမာန် ~ ဪ…..အဆောင်ဆောင် နန်းတွေ ကြငှန်းတွေနှင့်နှော အခေါင်မမြန်းခင်က အောင်စာတမ်း ချို့စေဘို့ အောင်ပန်းညို့ရရှာတဲ့ တောင်တမန်းတို့ဗမာမှာ အဟောင်း သံသရာအငုတ်တွေနှင့် အောင်ဆန်းတို့မသာမယာဟာ ၄င်းကံကြမ္မာ အလုပ်ပေထင့် သောင်းမြန် မရဏာစမုတ်မှာတော့ ချုပ်သနဲ့ ယင်းအလိုတွင် ဒေါင်းလံပုဝါအုပ်ပါလို့ ကျုပ်ဖြင့် သင်္ဂြိုဟ်ချင်။     ။ ဪသား…..တပည့်အရင်းတွေမို့ ကဝိမတင်းနိုင်ဘုကွဲ့၊ သတိကင်းကာ မျက်ရည်ကျကျပြီး၊ ခက်ကပြီ လက်ဆည်မရနိုင်ဘု၊ သောက ဘလောင်ဆူတော့ တောင်ဇမ္ဗူပုဂံခေတ်ဆီက၊ ယခေါင်မူ ယမန်သနစ်တွေပေါ့၊ … Continue reading

Share
Posted in လေးစားထိုက်သူများ | 7 Comments

အိုမင်းပေမယ့် စွမ်းဆောင်နိုင်သေးသူများ(၂)

Number of View: 4695 အဲ့ဒီနေ့က အိမ်အတွက် ၀ယ်စရာပစ္စည်းလေးတွေ ရှိတာနဲ့ ရုံးအပြန် အိမ်နားက City Mart ကို ၀င်ခဲ့မိတယ်။ အပြန်ကြတော့ နည်း နည်းလည်း မှောင်ချင်၊ နောက်.. ၀ယ်လာမိတဲ့ ပစ္စည်းတွေကလည်း လက်နှစ်ဘက်နဲ့ အပြည့်ဆိုတော့ ပုံမှန်လမ်းလျှောက်ရင် ၁၀ မိနစ်သာသာလျှောက်ရတဲ့ လမ်းကို ဆိုက်ကားစီးဖို့ ဆုံးဖြတ်လိုက် မိတယ်။ ဒါနဲ့ City Mart ရှေ့ တဖက်လမ်းက ဆိုက်ကားဂိတ်ကို ရောက်ခဲ့တယ်။ ဂိတ်ရောက်တော့ အလှည့် ကျ … Continue reading

Share
Posted in Save The Aged, လေးစားထိုက်သူများ | 5 Comments