Category Archives: ပြုံးထေ့ထေ့

စက္ကူခေါက်ကလေး

Number of View: 28947 နေ့ရက်အချို့ရဲ့ ညနေရုံးဆင်းချိန်တွေမှာ အိမ်ကို ခင်ပွန်းသည် ကိုရင်ညိုနဲ့အတူ ညနေဈေး ၀င်ဝယ်အပြီး၊ ပန်းဆိုးတမ်းဂုံးကျော်တံတားအတိုင်း ကျွန်မတို့ လမ်းလျှောက်ပြန်ဖြစ်ပါတယ်။  တစ်နေ့လုံးရုံးမှာထိုင်ပြီး အလုပ်လုပ်ခဲ့ရသမျှ၊ ညနေလမ်းလျှောက်ချိန်က ကျွန်မတို့နှစ်ယောက် အတွက် နေ့တစ်နေ့ရဲ့ နှစ်သက်စရာ အကောင်းဆုံးအချိန်လေးပါပဲ။ နှစ်ယောက်သား လမ်းတလျှောက် စကားတွေ ပြောလို့ရတယ်။ တစ်နေ့တာ updateတွေ ဖလှယ်လို့ရတယ်။ နောက်တစ်နေ့ လုပ်စရာကိစ္စတွေ ပြောလို့ရတယ်။ ဒီထက်ပိုလို့ ပျားပမ်းခတ်နေတဲ့ လမ်းသွားလမ်းလာတွေဆီကနေ သွားရင်းလာရင်း စာရေးဖို့ ကုန်ကြမ်းရှာလို့ရတယ်။ တစ်နေ့ညနေခင်း။ နှစ်ယောက်သား … Continue reading

Share
Posted in အတွေ့လေးရယ်တဲ့မှ အို..အကြုံ, ပြုံးထေ့ထေ့ | 11 Comments

ကျွန်မနှင့်ကိန်းဂဏန်းများ (Tag Post)

Number of View: 5633 ကိန်းဂဏန်းတွေက ခေတ်ရဲ့သမိုင်းကို ထုဆစ်တယ်။ သမိုင်းဝင်ရက်စွဲတွေက ကိန်းဂဏန်းတွေနဲ့ပဲ ဖွဲ့တည်ထားတယ်။ ကြည်နူုးချမ်းမြေ့စရာ ရက်စွဲတွေ၊ အသွေးအသားထဲက မမေ့နိုင်တဲ့ ရက်စွဲတွေ၊ ပုဂ္ဂိုလ်ရေးအရမဟုတ်ပဲ တစ်ပြည်လုံးက တစ်ပြေးညီ အသည်းစွဲမှတ်မိနေကြတဲ့ ရက်စွဲတွေ၊ အဲ့ဒီလို မော်ကွန်းတင်ရမယ့် နေ့စွဲတွေက လူတိုင်းမှာ၊ နိုင်ငံတိုင်းမှာရှိတယ်။ ကမ္ဘာကတောင် အသိအမှတ်ပြုထားရတဲ့ ရက်စွဲတွေ ကမ္ဘာ့ပြက္ခဒိန်မှာ ရှိနေကြတယ်။ ဒီရက်ပိုင်း ကျွန်မနဲ့ ကိန်းဂဏန်းတွေ လုံးထွေး သတ်ပုတ်နေရတယ်။ သူတို့က ကျွန်မကို ဖိစီးနေကြတယ်။ ကျွန်မ တစ်ခါတစ်ခါ … Continue reading

Share
Posted in Tag Post, ပြုံးထေ့ထေ့ | 8 Comments

အကယ်ဒမီရှော့

Number of View: 13856 ဒီနားမှာ ဂျာနယ်ဆိုင်လေး ၃ဆိုင်ရှိတယ်။ နေ့စဉ်ထုတ်ဂျာနယ်မျိုးစုံကို ပုံမှန်ရောင်းတယ်။ ဈေးနီး၊ ကားဂိတ်နီး အချက်အချာကျတဲ့ နေရာဆိုတော့ ပုံမှန်ရောင်းနေရတာပါပဲ။ ဒါပေမယ့် ဒီနေ့ကတော့ ထူးတယ်။ ဘာလို့လည်းဆိုတော့ မနေ့ညကပဲ ၂၀၁၀ခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲကြီး ကျင်းပထားတယ်။ ဒါကြောင့် ဒီနေ့ မနက်ထွက်တဲ့ ဂျာနယ်တိုင်းလိုလိုမှာ အကယ်ဒမီသတင်းတွေက ဓာတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ အချပ်ပိုတွေနဲ့ ပလူပျံထွက်လာတယ်။ စောစောကပြောတဲ့ ဆိုင်၃ဆိုင်မှာလည်း ဒီနေ့မနက်ထွက်တဲ့ ဂျာနယ်အားလုံးကို ကိုယ်စီ တင်ထားကြတယ်။ မနက် ၁၁နာရီဝန်းကျင်မှာတော့ … Continue reading

Share
Posted in ပြုံးထေ့ထေ့ | 27 Comments

တွေး..တွေးတွေးပြီး..ပြုံး

Number of View: 16655 ” ဇရာအိုရဲ့ မှတ်ဥာဏ် ” အသက်အရွယ် အလွန်ကြီးနေပြီ ဖြစ်တဲ့ အဘိုးအို၊ အဘွားအိုစုံတွဲ နှစ်တွဲဟာ ခင်မင်ရင်းနှီးစွာနဲ့ ထွေရာလေးပါး စကားလက်ဆုံကျ နေကြတယ်။ အဲ့ဒီ အချိန်မှာ အဘိုးအိုတစ်ယောက်က နောက် အဘိုးအို တစ်ယောက်ကို အခုလိုမေးလိုက်တယ်။ ” ဖရက်… ပြီးခဲ့တဲ့လက မင်းတို့ စုံတွဲ သွားခဲ့ကြတဲ့ မှတ်ဥာဏ်  လေ့ကျင့်ရေး ဆေးခန်းက ဘယ်နှယ့်နေလဲ။ တိုးတက်မှု ရှိရဲ့လားကွ “ ” သိပ်ကို … Continue reading

Share
Posted in ပြုံးထေ့ထေ့ | 27 Comments

အကြီးအကဲ…ဆိုတာ

Number of View: 21071 ကျွန်မတို့၏ ပါတ်ဝန်းကျင်တွင်လည်း ထိုကဲ့သို့သော အကြီးအကဲဆိုသူများ ရှိနေတတ်ကြပါသည်။ (၁) တခါက တိုင်းပြည် အကြီးအကဲ တစ်ဦးသည် မိမိ၏ နာမည်နှင့် ဂုဏ်ကို မြှင့်တင်ချင်သည့်အတွက် ကိုယ့်ပုံကို တံဆိပ်ခေါင်းအဖြင့် ထုတ်ဝေခဲ့သည်။ ထုတ်ဝေပြီး  တလအကြာတွင် ရောင်းအား ကောင်းမကောင်း စာတိုက်ကြီးသို့ ကိုယ်တိုင် သွားရောက် စုံစမ်းခဲ့သည်။ အကြီးအကဲ >>> ” ငါ့ပုံနဲ့ တံဆိပ်ခေါင်းတွေ ရောင်းအားကောင်းရဲ့လားဟေ့ ” စာတိုက်မှုး  >>>  ” ဟုတ်ကဲ့.. … Continue reading

Share
Posted in ပြုံးထေ့ထေ့ | 34 Comments

အီတာလျှံခေါက်ဆွဲ

Number of View: 12640 အမေရိကားမှာ နေနေတဲ့ အိမ်ထောင်ရှိ လူကုံထံတစ်ယောက်ဟာ အီတလီ အမျိုးသမီးငယ် တစ်ယောက်နဲ့ တိတ်တိတ်ပုန်း ချစ်ကြိုက်နေကြတာ   နှစ်အနည်းငယ် ကြာသွားပြီ ဖြစ်တယ်။ တစ်ညမှာတော့ သူတို့ ချိန်းတွေ့နေကြ နေရာမှာ ဆုံကြတဲ့အခိုက် အမျိုးသမီးက “ကျွန်မမှာ ရှင်နဲ့ရတဲ့ ကိုယ်ဝန်တော့ရှိနေပြီ၊ ဒီကလေးကို ရှင်ဘယ်လို တာဝန်ယူပေးမလဲ” လို့ အမျိုးသားကို ဖွင့်ပြောပြရင်း မေးလိုက်တယ်။ အမျိုးသားဖြစ်သူက သူ့ရဲ့ ဂုဏ်သိက္ခာကျမှာကိုရော၊ သူ့ရဲ့ အိမ်ထောင်ရေး ပျက်စီးမှာကိုရော စိုးရိမ်ပြီး.. … Continue reading

Share
Posted in ပြုံးထေ့ထေ့ | 23 Comments

မောင်ပိန်လို မလုပ်ကြေး

Number of View: 13681 တစ်ခါက မောင်ပိန်လို့ခေါ်တဲ့ အရက်သမားတစ်ယောက်ရှိတယ်။ တစ်နေ့သူက အရက်လေး တထွေထွေနဲ့ သူတို့ရပ်ကွက်နားက ဘုရားကို ရောက်သွားတယ်။ ဘုရားစောင်းတန်း တစ်လျှောက် လှေကားက တက်လာရင်း ဘေးဘီဝဲယာနံရံပေါ်မှာ သရုပ်ဖော်ထားတဲ့ ပုံတွေကိုလည်း ကြည့်လာတယ်။ ငါးပါးသီလကို ကျူးလွန်မိရင် ငရဲမှာ ဘယ်လို ၀ဋ်ခံရတယ်ဆိုတာ ပန်းချီဆရာကြီးများက သီလတစ်ပါးခြင်းဆီအတွက်ကို  ဘုရားဖူးတွေ သိရလေအောင် နံရံပေါ်မှာ သေချာသရုပ်ဖော်ထားတယ်။ မောင်ပိန်လည်း စောင်းတန်းတစ်လျှောက် တက်လာရင်း နံရံက သရုပ်ဖော်ပုံတွေနဲ့ စာတွေကို စိတ်ဝင်တစား ကြည့်ရင်း … Continue reading

Share
Posted in ပြုံးထေ့ထေ့ | 26 Comments

မြသွေးနီရဲ့ တစ်နေ့တာအလွဲများ

Number of View: 9183 လွဲတာက မနက်မိုးလင်း မျက်စိနှစ်ကွင်း စဖွင့်ထဲက စလွဲတာ။ ကျွန်မ မနက်အိပ်ရာ ပုံမှန်နိုးချိန်က ၆နာရီခွဲ။ ဒီနေ့မနက်တော့ လုပ်စရာ ကိစ္စလေးတွေ မနက်ရုံးမသွားခင် လုပ်ချင်လေတော့  နာရီနှိုးစက်ကို ညထဲက မနက် ၆နာရီဆို နာရီဝက်လေးစောပြီး သေချာပေးထားခဲ့တာ။ တကယ်တမ်းကျတော့ နာရီက နှိုးစက်က မအော်လေပဲ သီချင်းသံတွေ၊ ကားသံတွေ၊ ပဲပြုတ်သံတွေ ဆူဆူညံလေတော့မှ ကိုယ့်ဟာကိုယ် နိုးထလာရတာ။ နာရီကြည့်လိုက် တော့…  အမယ်လေးလေး… ၇နာရီကျော်လို့ ၁၀မိနစ်တောင် စွန်းချင်နေပြီ။ … Continue reading

Share
Posted in ပြုံးထေ့ထေ့ | 15 Comments