Category Archives: Tag Post

ခိုင်ရင်သံကြိုးထက်ခိုင်

Number of View: 10609  ညီမ Black Roseက ငယ်နုစဉ်ဆယ်ကျော်သက်အရွယ်က ရင်ခုန်စိတ်လှုပ်ရှားခဲ့ရတဲ့ သံယောဇဉ်များအကြောင်းကို Tag Post လုပ်သည်။ မြ ရင်များပင် ခုန်သွားရ၏။ မြ ယုံကြည်ပါသည်။ မည်သူမဆို ငယ်ရွယ်စဉ်အချိန်ကာလ၏ သံယောဇဉ် ရင်ခုန်သံများကို ပြန်ပြောင်းစဉ်းစားကြည့်ကြမည်ဆိုလျှင်ရင်ခုန်ကြပါလိမ့်မည်။ နှလုံးသားရှိသောသူတိုင်း ရင်ခုန်တတ်ကြပါသည်။ အနှီလူသားတစ်ယောက် မြသည်လည်း နှလုံးသားရှိသူ ပုထုစဉ်ပီပီ ရင်ခုန်မိသည်မှာ မဆန်းကြယ်လှပါ။ သို့နှင့် မြ၏စိတ်များသည် ရုပ်ရှင်ထဲကလို ငယ်စဉ်အတိတ်ဘ၀သို့ ဖလက်ရှ်ဘက်ခ် ပြန်ရောက်သွားရတော့၏။ ဟုတ်ပါသည်။ မြ ရင်ခုန်မိပါသည်။ … Continue reading

Share
Posted in Tag Post | 9 Comments

သေသော်မှတည့်….

Number of View: 15383 အဘိုး၏ ဦးခေါင်းရှိ ဆံပင်များက ဖွေးဖွေးဖြူနေသည်။ အဘိုး၏မျက်နှာပေါ်တွင် အရေးအကြောင်းတို့ ထင်နေလေပြီ။ သို့သော် အဘိုး၏ အသားအရည်က ကြည်ကြည်လင်လင်။ အဘိုးက ဗမာလူမျိုးစစ်စစ်။ ခန္ဓာကိုယ်က တုတ်တုတ်ခိုင်ခိုင်ရှိသည်။ အဘိုး၏အသက် ခွန်နှဆယ်နားနီးပြီ။ အဘိုးသည် ၀ရန်တာရှိ နှစ်ယောက်ထိုင် ကုလားထိုင်ပေါ်တွင် တင်ပ္ပလင်ခြိတ်ထိုင်နေ၏။ ထိုတင်ပ္ပလင်ခြိတ် ထိုင်ထားသည့် ပေါင်ပေါ်တွင် သုံးထပ်သားပျဉ်ပြားတစ်ချပ်ကိုတင်၍ တစ်ခါသုံးဘောပင်အပြာဖြင့် စာရေးနေ၏။ စွတ်ကြယ်အဖြူနှင့် ချည်ချောပုဆိုးနွမ်းကို ရင်ခေါင်းဘက် မြှင့်၍ ၀တ်ဆင်ထားသည့် အဘိုး၏အသွင်အပြင်က အေးချမ်းနေ၏။ အဘိုး၏ … Continue reading

Share
Posted in Tag Post, အက်ဆေး/ ရသစာတမ်း | 5 Comments

ရသလမ်းမှာ ပွင့်သောပန်း

Number of View: 10132နေရာလေးတစ်နေရာ ရှိနေ၏။ ထိုနေရာလေးကား အသွားအလာ ခက်ခဲသည့် နေရာလဲမဟုတ်။ ထိုနေရာမှ ငါးမိနစ်ခန့် သွက်သွက်လျှောက်ပါက မလှမ်းမကမ်းတွင် ခေတ်မီအဆင့်မြင့် ရုပ်ရှင်ရုံတစ်ရုံ တွေ့ရမည်။ ထိုရုပ်ရှင်ရုံ၏ မျက်စောင်းထိုးတွင် ခရစ်ယာန်ဘုရားကျောင်း တစ်ခုရှိသည်။ ဘုရားကျောင်းနောက်ကျောဘက်တွင် ပြန်လည် မွမ်းမံထား သည့် အားကစားကွင်းအိုကြီး ရှိသည်။ ကွင်းအိုကြီးပတ်လည်တွင် အဝေးပြေးကားဂိတ်လက်မှတ် အရောင်ဆိုင်များ စီတန်းနေသည်။ သူနဲ့ မလှမ်းမကမ်းမှာတော့ ဓာတ်ဆီဆိုင်တစ်ဆိုင်၊ ထိုမှ လှမ်းမျှော်လိုက်လျှင်တော့ ကုန်းကျော် တံတား တစ်စီး။ သူ့နဘေးမှာတော့ ရန်ကုန်ဘူတာကြီး။ … Continue reading

Share
Posted in Tag Post, အက်ဆေး/ ရသစာတမ်း | 7 Comments

ဘလော့ဒေးအလွန်နှင့် မြ၏ တောင်တောင်အီအီ ရောက်မိရောက်ရာများ

Number of View: 11403 ဘလော့ဒေးအလွန်မှာမှ ဤပို့စ်လေး ရေးဖြစ်သည့်အတွက် အနှီဤပို့စလေးက ဘလော့ဒေး အတွက်ရယ်လို့ မသတ်မှတ်ပဲ ပုံမှန်တင်နေကျ ပို့စ်တစ်ပုဒ်ဟုသာ ဖတ်ကြပါကုန်ဟု ဦးစွာ မြ နိဒါန်းချီပါရစေ။ မြ ဤပို့စ်လေးအား ဘလော့ဒေးရက်ကျော်မှ ရေးဖြစ်သည့်အတွက် ခေါင်းစဉ် ကိုလည်း “ဘလော့ဒေးအလွန်နှင့် မြ၏တောင်တောင်အီအီ ရောက်မိရောက်ရာများ” လို့ ပေးလိုက်၏။ “တောင်တောင်အီအီ ရောက်မိရောက်ရာများ”ဆိုသည်က ယခုအချိန်တွင် စိတ်ထဲ၌ တိတိပပ ထိထိမိမိ ဆုတ်ကိုင်ရေးချချင်လိုက်သည်မျိုး တစ်ခုမျှ မရှိ။ မြ၏ စိတ်သည် ရှင်းနေ၏။ … Continue reading

Share
Posted in Tag Post, ရာသီစာ | 26 Comments

ကြောက်တယ်ဆိုတာ ချိုနဲ့လား

Number of View: 8188 ကြိုတင်သိမြင်နိုင်တဲ့ အကြောက်တရား ( Known fear) နဲ့ကြိုတင်မမြင်နိုင်တဲ့ အကြောက်တရား (Unknown fear)မှာ ဘယ်အရာက သင့်ကိုပိုပြီး ကြောက်လန့်စေပါသလဲ….တဲ့။ အမယ်မင်း… ဘလော့ပြန်ရေးကြဖို့ နှိုးဆော်တဲ့ အနှီခေါင်းစဉ်ကြီးက မြင့်မားလေးနက်လွန်း လှပါတကား။ မြေကြီးလက်နဲ့ပုတ် လွဲချင်လွဲဦးမယ်၊ အခုတလော ဆံပင်ဖြူတွေ ပိုတိုးပွားလာရတဲ့အထဲ ဒီTag Postက မြသွေးနီကို ဆံပင်ဖြူနှုန်းတိုးစေမှာတော့ မလွဲ။ သို့သော်ငြား ဘလော့ရွာကြီး ပြန်လည်စည်ကားလာအောင် တီတင့်နဲ့ ဘလော့ဂါမောင်နှမတွေ စီစဉ်တဲ့ ဒီTag ပို့စ်လေးမှာတစ်တပ်တစ်အားပါဝင်ချင်စိတ်နဲ့အတူ၊ချစ်ခင်လေးစားစိတ်များနဲ့ရေးဖို့အတွက် … Continue reading

Share
Posted in Tag Post, တွေးမိတွေးရာ ရေးမိရေးရာ | 12 Comments

အိတ်မှောက်သွန်ပစ် နှစ်ဆယ့်ရှစ် (Tag Post)

Number of View: 9820အစ်မသက်ဝေ၏ အိတ်မှောက်ဖာသွန် နှစ်ဆယ့်ခွန် Tag Postအား ချစ်ခင်ခြင်းများစွာဖြင့် ရေးရန် မနေ့က တစ်နေ့လုံးအားယူခဲ့သော်ငြား၊  မြကျွန်ုပ် အလုပ်ရှုပ်နေလိုက်သည်မှာ ယခုတော့ ၂၈.၈.၂၀၁၃မှ ရေးနိုင်ချေပေပြီ။ သို့ကမို့ ကိုညီလင်းသစ်ခေါင်းစဉ်ပေးသကဲ့သို့  “အိတ်မှောက်သွန်ပစ်၊ နှစ်ဆယ့်ရှစ်” ဟုပင် ဘလော့ဂ် ခေါင်းစည်းကို ခွင့်မတောင်းပဲ ခပ်တည်တည် ,ယူကာ ကဗ္ဗည်း ထိုးလိုက်ရတော့၏။ (ကိုညီရေ… ခွင့်လွှတ်…)  အနှီ Tag Postအတွက် အရေးတကြီးလိုအပ်သည့် ဓာတ်ပုံရိုက်ခြင်းအမှုအား မြကျွန်ုပ် သတိရချိန်အခါသမယသည် မြန်မာစံတော်ချိန်အားဖြင့် ယမန်နေ့ညက … Continue reading

Share
Posted in Tag Post | 19 Comments

ကျွန်မနှင့်ကိန်းဂဏန်းများ (Tag Post)

Number of View: 5036 ကိန်းဂဏန်းတွေက ခေတ်ရဲ့သမိုင်းကို ထုဆစ်တယ်။ သမိုင်းဝင်ရက်စွဲတွေက ကိန်းဂဏန်းတွေနဲ့ပဲ ဖွဲ့တည်ထားတယ်။ ကြည်နူုးချမ်းမြေ့စရာ ရက်စွဲတွေ၊ အသွေးအသားထဲက မမေ့နိုင်တဲ့ ရက်စွဲတွေ၊ ပုဂ္ဂိုလ်ရေးအရမဟုတ်ပဲ တစ်ပြည်လုံးက တစ်ပြေးညီ အသည်းစွဲမှတ်မိနေကြတဲ့ ရက်စွဲတွေ၊ အဲ့ဒီလို မော်ကွန်းတင်ရမယ့် နေ့စွဲတွေက လူတိုင်းမှာ၊ နိုင်ငံတိုင်းမှာရှိတယ်။ ကမ္ဘာကတောင် အသိအမှတ်ပြုထားရတဲ့ ရက်စွဲတွေ ကမ္ဘာ့ပြက္ခဒိန်မှာ ရှိနေကြတယ်။ ဒီရက်ပိုင်း ကျွန်မနဲ့ ကိန်းဂဏန်းတွေ လုံးထွေး သတ်ပုတ်နေရတယ်။ သူတို့က ကျွန်မကို ဖိစီးနေကြတယ်။ ကျွန်မ တစ်ခါတစ်ခါ … Continue reading

Share
Posted in Tag Post, ပြုံးထေ့ထေ့ | 8 Comments

ခြားနားခြင်းရဲ့အဓိပ္ပါယ်

Number of View: 14283 သမီးရဲ့ မိဘတွေက သမီးကို လွန်ခဲ့တဲ့ ရှစ်နှစ်အချိန်ကာလက၊ နေ့ထူးနေ့မြတ် ရက်တစ်ရက်မှာ ဖွားမြင်ပေးခဲ့တယ်။ အဲ့ဒီရက်ကတော့ ယေရှုဘုရားသခင် ဖွားမြင်တော်မူတဲ့ ခရစ်စမတ်နေ့ မင်္ဂလာအခါသမယဖြစ်တဲ့ ရက်မြတ် ဒီဇင်ဘာ(၂၅)ရက်နေ့ပါပဲ။ ခရစ်ယာန်ဘာသာဝင်များ သာမက ကမ္ဘာပေါ်မှာရှိတဲ့ အခြား ဘာသာဝင်များကပါ ပျော်ရွှင်ကြရတဲ့၊ ဆုမွန်ချွေကြရတဲ့ ခရစ်စမတ်နေ့မြတ်မှာ လူသားတစ်ယောက်အဖြစ် အသက်ရှင်သန်ခွင့် ရခဲ့တဲ့အတွက် သမီးရဲ့ မိဘနှစ်ပါးကို အမြဲပဲ   ကျေးဇူးတင်မိပါတယ်။ “ အူဝဲ…. အူဝဲ ” အိပ်ခန်းလို့တောင် … Continue reading

Share
Posted in Tag Post, ရာသီစာ | 32 Comments