Category Archives: အက်ဆေး/ ရသစာတမ်း

အုတ်ခုံလေး၏နံနက်ခင်း

Number of View: 1865       လမ်းကလေးများ၏ အဆုံးတွင် အုတ်ခုံလေးတွေ ရှိနေတတ်သည်။ သို့သော် လမ်းလေးတိုင်း၏ အဆုံးတွင် အုတ်ခုံလေးများ ရှိနေရန်ဆိုသည်မှာ မသေချာလှပါ။ အုတ်ခုံလေးများ မရှိနေတတ်ပါ။ သို့သော် မနက်ခင်းတိုင်း ကျွန်မ ဖြတ်သန်းနေရသည့် လမ်းကလေး၏အဆုံးတွင်တော့ အုတ်ခုံလေးတစ်ခု နေရှိပါသည်။               ထိုလမ်းကလေးသည် ကျွန်မနှင့် မစိမ်းပါ။ ညနေဈေးသို့ သွားလျှင်ဖြစ်စေ၊ မုန့်သွားစားလျှင် ဖြစ်စေ၊ မြို့ထဲသို့သွားလျှင် လိုင်းကားစောင့်စီးရန်ဖြစ်စေ၊ မကြာခဏဆိုသလို ထိုအုတ်ခုံလေးရှိသော လမ်းကို ဖြတ်သန်းနေကျဖြစ်ပါသည်။ … Continue reading

Share
Posted in အက်ဆေး/ ရသစာတမ်း | 1 Comment

သမိုင်းတွင်မယ့် ရက်စွဲ

Number of View: 1102 နိုဝင်ဘာလ (၈)ရက်နေ့ဖြစ်တဲ့ ဒီနေ့ဟာ ကျွန်မတို့ သမိုင်းမှာ ထူးခြားတဲ့ မှတ်တမ်းတင်ရမဲ့၊ အနာဂတ် မြန်မာနိုင်ငံရဲ့ ကံကြမ္မာကို ဖန်တီးပုံဖော်ပေးနိုင်မဲ့၊ အရေးပါလှတဲ့ နေ့ရက်တစ်ခု တစ်ခု ဖြစ်ပါတယ်။  မြန်မာ့သမိုင်း စာမျက်နှာ တစ်ဆစ်ချိုးကွေ့ကို မြန်မာတစ်ပြည်လုံးက အပြောင်းအလဲကို လိုလားတဲ့ လူထုရဲ့အားနဲ့ ဒီနေ့မှာ စတင် ဖြတ်သန်းနေကြပါပြီ။ ပါတီစုံအထွေထွေ ဒီမိုကရေစီရွေးကောက်ပွဲကြီးကို နိုင်ငံတစ်ဝှမ်း ခြိမ့်ခြိမ့်သည်းကျင်းပနေချိန် ဒီနေ့မှာ မိမိတို့ အားကိုးယုံကြည်တဲ့ အစိုးရကို ပြည်သူတွေ ကိုယ်တိုင်ကိုယ်ကျ ရွေးကောက်တင်မြှောက် … Continue reading

Share
Posted in PEN Myanmar, အက်ဆေး/ ရသစာတမ်း | Leave a comment

အပိုဆုပါရခဲ့သည်

Number of View: 4240 သရုပ်ဖော်ပန်းချီ – မျိုးမြင့် ငယ်ရွယ်စဉ် ကလေးဘ၀ ကျောင်းသူအရွယ်က အတန်းတိုင်း၌ မဟုတ်သော်ငြား ပညာရည် ထူးချွန်ဆုများ ကြိုကြားကြိုကြား ကျွန်မ ရရှိခဲ့ဖူးသည်။ ထိုစဉ်ကာလကတည်းက ခေတ်မီနားလည်ခဲ့သော မိဘနှစ်ပါးက ပညာရေး တွင် အတင်းအကြပ် ဖိအားပေးခြင်းမရှိခဲ့။ မိမိကိုယ်တိုင် ပညာကို သင်ယူမှရမည်၊ မိမိလုပ်ရပ်၏အကျိုးကို မိမိသာ ခံစားရမည်၊ မိမိလုပ်ရပ်ကြောင့် မိမိကိုယ်တိုင်သာမက မိမိဝန်းကျင်၌ပါ အကျိုးမရှိမဖြစ်စေရဟူသည့် စိတ်ကိုသာ နှလုံးသားထဲတွင် စွဲထင်အောင် လေ့ကျင့်ပေးခဲ့သည်။ ထို့ထက်ပို၍ လူတိုင်းကို … Continue reading

Share
Posted in ပုံနှိပ်စာမျက်နှာပေါ်မှစာမူများ, အက်ဆေး/ ရသစာတမ်း | 6 Comments

သေသော်မှတည့်….

Number of View: 12601 အဘိုး၏ ဦးခေါင်းရှိ ဆံပင်များက ဖွေးဖွေးဖြူနေသည်။ အဘိုး၏မျက်နှာပေါ်တွင် အရေးအကြောင်းတို့ ထင်နေလေပြီ။ သို့သော် အဘိုး၏ အသားအရည်က ကြည်ကြည်လင်လင်။ အဘိုးက ဗမာလူမျိုးစစ်စစ်။ ခန္ဓာကိုယ်က တုတ်တုတ်ခိုင်ခိုင်ရှိသည်။ အဘိုး၏အသက် ခွန်နှဆယ်နားနီးပြီ။ အဘိုးသည် ၀ရန်တာရှိ နှစ်ယောက်ထိုင် ကုလားထိုင်ပေါ်တွင် တင်ပ္ပလင်ခြိတ်ထိုင်နေ၏။ ထိုတင်ပ္ပလင်ခြိတ် ထိုင်ထားသည့် ပေါင်ပေါ်တွင် သုံးထပ်သားပျဉ်ပြားတစ်ချပ်ကိုတင်၍ တစ်ခါသုံးဘောပင်အပြာဖြင့် စာရေးနေ၏။ စွတ်ကြယ်အဖြူနှင့် ချည်ချောပုဆိုးနွမ်းကို ရင်ခေါင်းဘက် မြှင့်၍ ၀တ်ဆင်ထားသည့် အဘိုး၏အသွင်အပြင်က အေးချမ်းနေ၏။ အဘိုး၏ … Continue reading

Share
Posted in Tag Post, အက်ဆေး/ ရသစာတမ်း | 5 Comments

ရသလမ်းမှာ ပွင့်သောပန်း

Number of View: 7745နေရာလေးတစ်နေရာ ရှိနေ၏။ ထိုနေရာလေးကား အသွားအလာ ခက်ခဲသည့် နေရာလဲမဟုတ်။ ထိုနေရာမှ ငါးမိနစ်ခန့် သွက်သွက်လျှောက်ပါက မလှမ်းမကမ်းတွင် ခေတ်မီအဆင့်မြင့် ရုပ်ရှင်ရုံတစ်ရုံ တွေ့ရမည်။ ထိုရုပ်ရှင်ရုံ၏ မျက်စောင်းထိုးတွင် ခရစ်ယာန်ဘုရားကျောင်း တစ်ခုရှိသည်။ ဘုရားကျောင်းနောက်ကျောဘက်တွင် ပြန်လည် မွမ်းမံထား သည့် အားကစားကွင်းအိုကြီး ရှိသည်။ ကွင်းအိုကြီးပတ်လည်တွင် အဝေးပြေးကားဂိတ်လက်မှတ် အရောင်ဆိုင်များ စီတန်းနေသည်။ သူနဲ့ မလှမ်းမကမ်းမှာတော့ ဓာတ်ဆီဆိုင်တစ်ဆိုင်၊ ထိုမှ လှမ်းမျှော်လိုက်လျှင်တော့ ကုန်းကျော် တံတား တစ်စီး။ သူ့နဘေးမှာတော့ ရန်ကုန်ဘူတာကြီး။ … Continue reading

Share
Posted in Tag Post, အက်ဆေး/ ရသစာတမ်း | 7 Comments

ချည်နှောင်ထားခြင်းခံရသူလေးများ

Number of View: 4714 ကျွန်မကို ခရီးသွားရင် ဘယ်သွားမလဲ ရွေးချယ်ခိုင်းတိုင်း Beachလို့ပဲ ပြောမိပါတယ်။ ပင်လယ်ကမ်းခြေကို ကျွန်မ အင်မတန်နှစ်သက်ပါတယ်။ ရန်ကုန်မြို့ပြရဲ့ ငြီးငွေ့ဖွယ်ရာ ပုံစံခွက်ထဲကနေ ခေတ္တရုန်းထွက်ပြီး သန့်ရှင်းတဲ့လေပြည်ကို ရှူရှိုက်၊ နူးညံ့တဲ့သဲပွင့်တွေနဲ့   ခြေထောက်ရဲ့   အထိအတွေ့၊ ဘန်ဂလိုသစ်သားအိမ်လေးထဲက ပင်လယ်ဆားငန်ရည်ရနံ့လေး သင်းနေတဲ့ လေကို ရှူရှိုက်ပြီး လတ်ဆတ်တဲ့ ပင်လယ်စာ ငါး ပုဇွန်တွေကို အ၀စား၊ ဒီအရသာတွေကို ကျွန်မဘာနဲ့မှ မလဲနိုင်အောင် နှစ်သက်လှပါတယ်။ အနားသတ်မရှိတဲ့   … Continue reading

Share
Posted in အက်ဆေး/ ရသစာတမ်း | 5 Comments

လင်းလက်နေသည့် အို…၀ိဥာဉ်

Number of View: 3492                စာရေးသူတစ်ယောက်ဖြစ်သော်လည်း ဆရာနှင်ကျွန်မ ဆုံဆည်းမှုက စာပေကိစ္စရပ်များမှ စတည်ခဲ့ခြင်းမဟုတ်။ ဆရာ့၏အမေရိကန်စကားပြောသင်တန်းတွင် တပည့်မတစ်ဦးအနေဖြင့် စတင်သိခွင့်ရခဲ့ခြင်းဖြစ်သည်။ ဆရာနှင့်ပတ်သက်သည့် အမှတ်တရများစွာက ကျွန်မရင်မှာအမြဲပင် လတ်ဆတ်လို့နေ၏။                           ၁၉၈၉ ခုနှစ်၊ တနင်္ဂနွေတစ်ရက်၏မနက်ခင်း ။           တက္ကသိုလ် ဒုတိယနှစ်ကျောင်းသူဘ၀ (၁၉)နှစ် သမီးအရွယ်။ ဦးလေးဖြစ်သူ ဦးဆွေညို၏ ခေါ်ဆောင်လာမှုနှင့်အတူ အင်္ဂလိပ်စကားပြော သင်ယူရန်အတွက် … Continue reading

Share
Posted in အက်ဆေး/ ရသစာတမ်း, လေးစားထိုက်သူများ | 5 Comments

လမ်းကလေး

Number of View: 10381 သူမက သိပ်ငယ်လွန်းတဲ့အရွယ်။ ပကတိ ဖြူစင်လွန်းလှတဲ့  နှင်းပန်းပွင့်ဖတ်လေးလို အတို့ထိမခံ၊ ဖြူဥနုဖတ်လို့။ လေယူရာပဲ ယိမ်းတော့မလို။ သစ်ရွက်လေးတွေကို လေပြည်နုအေးက ကြည်စယ်တာကိုတောင် သူမစိတ်လေးက သည်းသည်းလှုပ်ခတ်လို့။ သူမက စိတ်ကူးနဲ့ ၀မ်းနည်းတတ်၊ ၀မ်းသာတတ်သေးတယ်။ အတွေးထဲမှာ အိမ်မက်နန်းတော်ကြီး တည်ဆောက်နေတတ်သူပေါ့။ သူမက အရာရာကို ဖြူဖြူစင်စင် မြင်မိတယ်။ လောကကြီးရဲ့ ဘယ်နေရာကို ကြည့်လိုက်ကြည့်လိုက် နေရာတိုင်းက သာယာမှုအပေါင်းနဲ့ ခညောင်းသလို ထင်နေမိတာ။ သူမရဲ့မျက်နှာလေးမှာ အမြဲလိုလို အေးချမ်းမှုတွေ လွှမ်းခြုံလို့။ … Continue reading

Share
Posted in အက်ဆေး/ ရသစာတမ်း | 28 Comments