Category Archives: အက်ဆေး/ ရသစာတမ်း

အဖေ… နေလို့ကောင်းရဲ့လားဟင်

Number of View: 14130  အချိန်က ည (၁၀း၀၀)နာရီခန့်။ အိပ်ရာထဲဝင်မလို့ ခြင်ထောင်လေး မ လိုက်ယုံရှိသေး အနားရောက်လာတဲ့ အဖေ့ဆီက အသံကို ကြားလိုက်ရတယ်။ “ သမီး.. အဖေ.. အသက်ရှုလိုက်ရင် ဘယ်ဘက် ရင်ဘတ်နှလုံးနေရာကနေ အောင့်နေတယ်..” ရင်ဘတ်ကို လက်ဝါးလေးဖိလို့ ပြောလာတဲ့ အဖေ့အသံတိုးတိုးကြောင့် ကျွန်မထိတ်လန့်သွားရ တယ်။ “ အတော်အောင့်နေတာလား အဖေ” “ ဟုတ်တယ်.. အသက်ရှူလိုက်တာနဲ့.. အောင့်နေတာ..”

Share
Posted in အက်ဆေး/ ရသစာတမ်း | 19 Comments

အိမ်ပြန်ချိန်၏ဆည်းဆာချို

Number of View: 6239 အချိန်ရာသီစက်ဝန်းများက တရွေ့ရွေ့ဖြင့် လည်ပတ်လျှက်ရှိ၏။ တစ်နေ့တာ၏ အချိန်များကား ရပ်တံ့၍ မနေပေ။ မနက်၊ နေ့၊ ည မပြတ် ပုံမှန် လည်ပတ်လျှက်ရှိနေသည်။ နွေဦးရာသီသို့ ၀င်ရောက်လာပြီဖြစ်သဖြင့် ၀န်းကျင်တစ်ခွင်လုံး သွေ့ခြောက်၍နေလေသည်။ မနက်ခင်းပိုင်းတွင် အပူရှိန်က မဆိုစလောက်ဆိုသော်လည်း၊ နေ့လည်ခင်းဘက်ဆိုလျှင် ပြင်ပအပူချိန်များကား ခံစား၍ မရနိုင်လောက်အောင် ဆိုးဆိုးရွားရွား နှိပ်စက်ကလူပြုလေသည်။ ကမ္ဘာကြီး၏ အပေါ်ယံ အိုဇုန်းအလွှာများ ပါးလျလာသည်၊ အိုဇုန်းအလွှာပေါက်ပြဲကုန်ပြီ်။ မနက်၁၁နာရီမှ နေ့လည်၂နာရီ အတွင်း ကျရောက်သည့် နေအပူရှိန်သည် … Continue reading

Share
Posted in အက်ဆေး/ ရသစာတမ်း | 7 Comments

အမှိုက်များနှင့်လူ

Number of View: 4964 ပြီးခဲ့တဲ့ သင်္ကြန်ပိတ်ရက်ရှည်မတိုင်ခင်မှာ အကြောင်းအမျိုးမျိုးကြောင့် ကျွန်မစိတ်တွေ အတော် ထွေပြားခဲ့ပါတယ်။ ခရီးထွက်ရင် ကောင်းမလား၊ သီလရှင်ကလည်း ဒုတိယအကြိမ် ထပ်ဝတ်ချင်တဲ့ဆန္ဒရှိနေတော့ သီလရှင်ပဲ ထပ်ဝတ်ရင် ကောင်းမလား၊ ဒါမှမဟုတ်  အိမ်မှာပဲ နေရင် ကောင်းမလားနဲ့ ဒွိဟစိတ်တွေ ဖြစ်ခဲ့ရပါတယ်။ တကယ့်တကယ်တမ်းကျတော့ ပိတ်ရက်မှာ ဘယ်ဆိုဘယ်မှ မသွားဖြစ်ပဲ၊ သင်္ကြန်ရေလေးတောင်မှ မစိုတော့ပဲ အိမ်မှာပဲ မိသားစုနဲ့ နေဖြစ်ခဲ့ပါတယ်။ သင်္ကြန်မှာ နှစ်ဟောင်းက အညစ်အကြေးတွေကို နှစ်သစ်မှာ အတာရေအေးအေးနဲ့ ဆေးကြောကြရ တယ်လို့ … Continue reading

Share
Posted in အက်ဆေး/ ရသစာတမ်း | 8 Comments

ပိတောက်သံချပ်

Number of View: 10145 ဒီနေ့မနက် အိပ်ရာက သူမ နိုးလာတယ်..။ ရိုးရိုးနိုးလာတာ မဟုတ်…။ သင်္ကြန်ဒိုးသံ ဆူဆူညံနဲ့ နိုးလာရတာ..။ ပူးကပ်နေတဲ့ မျက်တောင်လေးတွေကို အားယူဖွင့်ရင်း ပတ်ဝန်းကျင်ကို စောင်ခြုံထဲကနေ စူးစမ်းလိုက်မိတယ်။ စိတ်ထဲ ထင်နေလို့လား မသိ၊ မိုးငွေ့ ယှက်သန်းနေတဲ့   မြေသင်းရနံ့လေးတောင် နှာဝမှာ ရှူရှိုက်မိလိုက်ရသလိုပဲ။ တကယ့်ကို ပိတောက်ပန်းရနံ့ မွှေးမွှေးအီအီကိုပါ ရနေပါရော့လား။ ဖြစ်နေပုံက  စိတ်ထဲ အိပ်မက်လိုလို။ ခံစားချက်က ကလေးဘ၀တုန်းက သင်္ကြန်အကြိုနေ့ အိပ်ရာထထချင်း ရင်ခုန် … Continue reading

Share
Posted in အက်ဆေး/ ရသစာတမ်း | 20 Comments

စီးဆင်းခဲ့သော

Number of View: 8110 ­ “ အဒေါ်တို့က ရန်ကုန်ရောက်နေတာ ဆယ်နှစ်ကျော်နေပြီင်္၊ သူက အဒေါ့်ထက် ၁၅နှစ်တောင်မှ ကြီးတယ်၊ အရင်ကတော့ သံလမ်းဈေးထဲမှာ အဒေါ်က ငါးခြောက်အသေးအမွှားလေးတွေ   ရောင်းတယ်၊ အခုတော့ မရောင်းတော့ပါဘူး၊ သမီးသုံးယောက်မှာ အကြီးမက အိမ်ထောင်ကျ သွားတော့ သူ့ယောကျာ်းနောက် ပါသွားပြီ၊ ကျန်တဲ့ သမီးနှစ်ယောက်ကတော့ ပညာသင်ပေးပေ မယ့် ပညာကံပါမလာတော့ အလုပ်ဝင်လုပ်နေကြပြီ၊ မြေနီကုန်းက စူပါမားကက်မှာ အရောင်းစာရေးမတွေပေါ့၊ သူတို့ အလုပ်ဝင်ထဲက ဈေးမရောင်းတော့တာ၊ ခဏလေး.. … Continue reading

Share
Posted in အက်ဆေး/ ရသစာတမ်း | 17 Comments

အရုဏ်ဦး၏အလင်းတေး

Number of View: 9771   နှိုးစက်မှ ထွက်ပေါ်လာသည့် တီးလုံးသံကြောင့် မိုးအေးအေးနှင့် စောင်ခြုံထဲ ကွေးနေရာမှ ကျွန်မ လန့်နိုးခဲ့ရသည်။ နှိုးစက်ကို အသာပိတ်လိုက်ပြီး ခဏလောက် မှိန်းနေလိုက်မိ၏။ “မနက် နှစ်နာရီခွဲအရောက် လာခဲ့ပါအစ်မ၊ ကြေးစည်သံလည်း ပေးပေးပါ့မယ်” ဟု ဓမ္မာရုံ၏ဝေရာဝိစ္စ အဖွဲ့ခေါင်းဆောင်က ကြိုတင် ပြောထားသော်ငြား သတိဝင်လာချိန်၊   ခေါင်းအုံးမှ ခေါင်းကြွလိုက်ချိန်တွင် အမှောင်ထဲမှ နှိုးစက်နာရီ၏ မီးစုန်းလက်တံက သုံးနာရီတိတိသို့ ညွှန်ပြနေလေ၏။ ကိုယ်ပေါ် လွှမ်းခြုံထားသည့် ဂွမ်းစောင်နွေးနွေးကို မခွာချင့်ခွာချင်ဖြင့် … Continue reading

Share
Posted in အက်ဆေး/ ရသစာတမ်း | 17 Comments

ကန်တော်ကြီးပန်းခြံတွင် ကဗျာဆရာရှိသည်

Number of View: 7073 တစ်ခါသော် ကန်တော်ကြီးဥယျာဉ် ပန်းခြံအတွင်းတွင် ကဗျာများ ရေးပေးနေသည့် ကဗျာဆရာတစ်ဦး ရှိခဲ့ဘူး၏။ ********* ကဗျာဆရာက ခံယူထားသည်။ ကဗျာသည် သူ့၏ ဂီတ၊ ကဗျာသည် သူ့၏သွေးပြန်ကြော ကဗျာသည် သူ့၏ ၀င်သက်၊ ကဗျာသည် သူ့၏ အသိုက်မြုံ ကဗျာသည် သူ့၏ ၀ိဥာဉ်၊ ကဗျာသည် သူ့၏အတ္တ ကဗျာသည် သူ့၏ မျှော်လင့်ချက်၊ ကဗျာသည်သာ သူ့ဘ၀ ကဗျာသည် သူ့၏ အမြုတေ၊ ကဗျာသည် သူ့၏အိပ်မက် … Continue reading

Share
Posted in အက်ဆေး/ ရသစာတမ်း | 11 Comments

လမ်းကလေး

Number of View: 9509 သူမက သိပ်ငယ်လွန်းတဲ့အရွယ်။ ပကတိ ဖြူစင်လွန်းလှတဲ့  နှင်းပန်းပွင့်ဖတ်လေးလို အတို့ထိမခံ၊ ဖြူဥနုဖတ်လို့။ လေယူရာပဲ ယိမ်းတော့မလို။ သစ်ရွက်လေးတွေကို လေပြည်နုအေးက ကြည်စယ်တာကိုတောင် သူမစိတ်လေးက သည်းသည်းလှုပ်ခတ်လို့ ။ သူမက စိတ်ကူးနဲ့ ၀မ်းနည်းတတ်၊ ၀မ်းသာတတ်သေးတယ်။ အတွေးထဲမှာ အိမ်မက်နန်းတော်ကြီး ဆောက်နေတတ်သူပေါ့။ သူမက အရာရာကို ဖြူဖြူစင်စင် မြင်မိတယ်။ လောကကြီးရဲ့ ဘယ်နေရာကို ကြည့်လိုက်ကြည့်လိုက် နေရာတိုင်းက သာယာမှုအပေါင်းနဲ့ ခညောင်းသလို ထင်နေမိတာ။ သူမလေးရဲ့ မျက်နှာမှာ အမြဲလိုလို … Continue reading

Share
Posted in အက်ဆေး/ ရသစာတမ်း | 19 Comments