Category Archives: သား

စားကြမယ်ဟေ့ ထမင်းပေါင်း

Number of View: 14293 ပြီးခဲ့တဲ့အပါတ် သောကြာနေ့တစ်ရက်၊ ရုံးဆင်းချိန် ၅နာရီခွဲလောက်။ ဘလော့ဂါ မမေဓာဝီဆီက ဖုန်းဝင်လာတယ်။ သီတင်းကျွတ် ကျောင်းပိတ်ရက်မှာ ယဉ်ကျေးလိမ်မာ(၉)ရက်စခန်းကို မမေတို့ရဲ့ May International Education ကျောင်းမှာ ဖွင့်မှာမို့ သားပြည့်များ တက်ချင်လေမလားဆို တကူးတကန့် ဖုန်းဆက်ပါတယ်။ တစ်နေ့ကပဲ သားပြည့်ကို သီတင်းကျွတ် ကျောင်းပိတ်ရက် ဆယ်ရက်မှာ အကျိုးရှိတာတစ်ခုခု လုပ်ပါလားလို့ ပြောခဲ့ဘူးတာမို့ ဒီသတင်းအတွက် ၀မ်းသာသွားမိရပါတယ်။ ဒါပေမယ့် ဇွတ်မတိုက်တွန်းချင်ပဲ၊ သားပြည့်ကိုယ်တိုင် စိတ်ပါမှ လုပ်စေချင်တာမို့ အိမ်ပြန်ရောက်လို့ … Continue reading

Share
Posted in သား, အတွေ့လေးရယ်တဲ့မှ အို..အကြုံ | 24 Comments

သားပြည့်နဲ့ ရေးပေးပါ

Number of View: 15494 ကျွန်မ ငယ်စဉ် အထက်တန်းကျောင်းသူ ဆယ်တန်းကာလ။ ကျွန်မတက်ခဲ့တဲ့ ကျောင်းက  စည်းကမ်း တင်းကြတ်သော်လည်း၊ ပညာထူးချွန်လူရည်ချွန်ကျောင်းသူများ ပေါ်ထွက်ခဲ့သော်လည်း၊ မိန်းကလေး သီးသန့်ကျောင်း ဖြစ်တာမို့ သမီးရည်းစား အရှုပ်အရှင်းကိစ္စ မရှိပေမယ့် ထုံးစံအတိုင်း မိန်းကလေးအချင်းချင်း အချစ်တော်ထားကြပါတယ်။ ကျွန်မက ကျောင်းမှာ စာတော်၊ ဥာဏ်ကောင်းပေမယ့် စာကြိုးစားရကောင်းမှန်း မသိတဲ့အထဲမှာ ပါတယ်။ ဘာသာရပ်တွေမှာ အမှတ်ပြည့်ရလည်း အရမ်းကြီး ၀မ်းသာတယ် မရှိ၊ အမှတ်နည်းခဲ့လည်း ၀မ်းနည်းရကောင်းမှန်း၊ ပိုကြိုးစားရကောင်းမှန်း မသိတဲ့ လူစားမျိုးပါ့။ … Continue reading

Share
Posted in သား | 37 Comments

လူကလေး ရေကူးနေသည်၊ ဖေဖေမေမေ ကူပြီး ကူးပေးပါ

Number of View: 12537 သားပြည့်နဲ့ နွေရာသီရက်များ ဇွန်လမရောက်ခင်ထဲက ရေးဖို့ရည်ရွယ်ထားပြီး အခုထိ မရေးဖြစ်သေးတဲ့ အကြောင်းအရာတစ်ခုကို ရေးဖို့ သတိရလိုက်မိပါတယ်။ အဲ့ဒါက ပြီးခဲ့တဲ့ ဧပြီ်လတုန်းက သားပြည့်အပါအ၀င် မြသွေးနီတို့ မိသားစုသုံးယောက် အတူတကွ တက်ခဲ့ကြတဲ့   ရေကူးသင်တန်းအကြောင်းပါ။ ဒီသင်တန်းကို တကယ်တမ်း တက်ခဲ့သူက သားပြည့်ဖြစ်ပေမယ့်   ယောင်တောင်ကြောင်တောင်နဲ့သင်တန်းမတက်ပဲ ရေကူးဖြစ်ခဲ့သူက မြသွေးနီနဲ့ သားပြည့်တို့ ဖေဖေ၊ အိမ်ကလူကြီးပါ။ သင်တန်းမတက်ပဲ ရေကူးဖြစ်ခဲ့တယ်ဆိုတဲ့ စာဖတ်သူတို့ ဇဝေဇ၀ါ ဖြစ်သွားမယ်လို့ ထင်မိပါတယ်။ … Continue reading

Share
Posted in သား | 24 Comments

နင်လားဟဲ့ ဆူရှီ.. ငါလားဟဲ့ မြသွေးနီ

Number of View: 11682 ဒီပို့စ်ရဲ့ ခေါင်းစဉ်ကို ဖတ်လိုက်ထဲက မြသွေးနီတစ်ယောက် ဘယ်နှယ့် ဘယ်က ဆူရှီကို သွားကြိမ်းမောင်း ကြုံးဝါးနေပါလိမ့်ဆို သိချင်စိတ်လေးတွေ ဖြစ်လာကြမယ် ထင်ပါတယ်။ ဒါကလည်း ခေတ်နဲ့ လျော်ညီစွာ ခေတ်ပေါ်ဝတ္တုတွေကို အားကျပြီး စာဖတ်သူစိတ်ဝင်စား လာအောင် နာမည်နဲ့အရင် ဖမ်းစားလိုက်တာပါ။ အဖြစ်က ဒီလို…။ တစ်နေ့ညနေ အိမ်မှာ သားလှရွှေသွေး သားပြည့်လေးကို ရေချိုးပေးအပြီး ခေါင်းဖြီးပေး လိုက်တော့… “ အား…အား… နာတယ်မေမေ..နာတယ်..ဖြည်းဖြည်းလုပ်ပါ.. ” ဆို အသံဗြဲကြီးနဲ့ … Continue reading

Share
Posted in သား, အတွေ့လေးရယ်တဲ့မှ အို..အကြုံ | 22 Comments

ရေခဲကမ္ဘာသို့ မမြင်ဖူး မူးမြစ်တို့ရဲ့ တစ်သောင်းသုံးထောင်

Number of View: 20841 “ မေမေ… သားကို ချစ်လား ” ရုံးက ပြန်ရောက်ပြီး အိမ်နေရင်းအ၀တ်အစားလေးလဲ၊ ဒီနေ့အတွက် ဖတ်စရာဂျာနယ်များ စုစည်းပြီး အမောဖြေ စာဖတ်မယ်ဆို ဧည့်ခန်းက ခုံမှာ ထိုင်ယုံရှိသေး၊ ဆိုင်းမဆင့် ဗုံမဆင့် ရင်ခွင်ထဲ တိုးဝင်ပြောလိုက်တဲ့ သားပြည့်ရဲ့ အချွဲသံက  တစ်ခုခုတော့ တစ်ခုခုပဲဆိုတာ မြသွေးနီ သိလိုက်ပြီ။ နွေရာသီ ကျောင်းပိတ်ရက်မို့ မနက်ပိုင်း အချိန်နှစ်နာရီလောက် Summer School မှာ အင်္ဂလိပ်စာတက်၊ လာမယ့် ကျောင်းဖွင့်ရာသီ … Continue reading

Share
Posted in သား, အတွေ့လေးရယ်တဲ့မှ အို..အကြုံ | 42 Comments

သားတို့ရုပ်ရည် (၂)

Number of View: 19751“မွေးနေ့မတိုင်မီ ( ၁၀နှစ်ပြည့်ရန်တစ်ရက်အလို)” ပျော်ရွှင်ဖွယ်ရာ မွေးနေ့ရက်မြတ်ဖြစ်ပါစေ သားပြည့်ရေ….။ မနှစ်က ဒီလိုနေ့ရက်မှာ သားအတွက် မေမေ “သားတို့ရုပ်ရည် (၁)” ဆိုပြီး မွေးနေ့လက်ဆောင် ပို့စ်လေးတစ်ပုဒ် ရေးပေးဖူးခဲ့တယ်နော်။ ပို့စ်ခေါင်းစဉ်လေးမှာ အမှတ်စဉ်လေး တတ်ထားခဲ့တာက၊သားနဲ့ ပတ်သက်တဲ့ အကြောင်းလေးတွေကို နံပါတ်စဉ်လေးတွေ ထိုးပြီး အလျဉ်းသင့်သလို ရေးသွားဖို့ပါ။ ဒါကို သားကို ပြောပြတော့ အရှက်သည်းတဲ့ မေမေ့သားက “ ရှက်စရာကြီး မေမေရာ… ” လို့ ပြောလာတာမို့ မေမေရဲ့ … Continue reading

Share
Posted in သား | 42 Comments

အားပေးတတ်သူများနှင့်…

Number of View: 17126 သားပြည့်ရေ… မေမေ့ သားပြည့်ကတော့ အခုလောက်ဆို ညနေက အိမ်နားက သူငယ်ချင်းတွေနဲ့ ဘောလုံးကစားထားလေတော့ ပင်ပမ်းပြီး အိပ်မောကျလို့   နေလောက်ပြီ။ မေမေ ဒီရက်ပိုင်းအလုပ်တွေ များနေတာ သားလည်း သိမှာပေါ့။ မေမေ ဒီပို့စ်လေးကို ရေးချင်နေတာ သားတို့ ဘောလုံးပွဲပြီးထဲက ပါဘဲ။ စိတ်ထဲမှာ စကားလုံးတွေသာ စီထားတယ်၊ တကယ်တမ်း လက်ကချရေးဖို့ အချိန်မပေးနိုင်ခဲ့ဘူး။ “ မေမေ.. သားတို့ ဘောလုံးပွဲ အကြောင်း ဘယ်တော့မှ ရေးမှာလဲဟင် … Continue reading

Share
Posted in သား | 22 Comments

သားတို့ ရုပ်ရည်….(၁)

Number of View: 13593“ သားတို့ရုပ်ရည် သီတာမည်သား ရေကြည်ချမ်းမြ တစ်ပေါက်ကျလည်း မိဘတို့ဝမ်း ငြိမ်းစတမ်းတည်း.. ” မျက်နှာဖုံးရှင် သားငယ်လေး ၂၃.၁၂.၂၀၁၀ ခုနှစ်။ သားရေ… သားရဲ့ (၉)နှစ်ပြည့်တဲ့ ဒီနေ့မှာတော့ အရင်မွေးနေ့တွေလို မဟုတ်ပဲ ထူးဆန်းတဲ့ မွေးနေ့ လက်ဆောင်တစ်ခု ပေးပါလို့ တောင်းဆိုလာတဲ့ သားအတွက် မေမေ စာလေး တစ်ပုဒ်လောက် ရေးဖွဲ့ချင်လာမိတယ်..။ ကိုယ်ရေးကိုယ်တာ အကြောင်းအရာတွေ မေမေ သိပ်မရေးချင်ပေမယ့် ချစ်ရတဲ့ သားက တောင်းဆိုလာပြန်တော့ မေမေရေးဖို့ ဆုံးဖြတ်လိုက်တယ်။ … Continue reading

Share
Posted in သား | 17 Comments