Category Archives: ရာသီစာ

ဘလော့ဒေးအလွန်နှင့် မြ၏ တောင်တောင်အီအီ ရောက်မိရောက်ရာများ

Number of View: 11404 ဘလော့ဒေးအလွန်မှာမှ ဤပို့စ်လေး ရေးဖြစ်သည့်အတွက် အနှီဤပို့စလေးက ဘလော့ဒေး အတွက်ရယ်လို့ မသတ်မှတ်ပဲ ပုံမှန်တင်နေကျ ပို့စ်တစ်ပုဒ်ဟုသာ ဖတ်ကြပါကုန်ဟု ဦးစွာ မြ နိဒါန်းချီပါရစေ။ မြ ဤပို့စ်လေးအား ဘလော့ဒေးရက်ကျော်မှ ရေးဖြစ်သည့်အတွက် ခေါင်းစဉ် ကိုလည်း “ဘလော့ဒေးအလွန်နှင့် မြ၏တောင်တောင်အီအီ ရောက်မိရောက်ရာများ” လို့ ပေးလိုက်၏။ “တောင်တောင်အီအီ ရောက်မိရောက်ရာများ”ဆိုသည်က ယခုအချိန်တွင် စိတ်ထဲ၌ တိတိပပ ထိထိမိမိ ဆုတ်ကိုင်ရေးချချင်လိုက်သည်မျိုး တစ်ခုမျှ မရှိ။ မြ၏ စိတ်သည် ရှင်းနေ၏။ … Continue reading

Share
Posted in Tag Post, ရာသီစာ | 26 Comments

အချစ်.. ပြီးတော့…

Number of View: 12998                 နေရာလေးတစ်ခု။ ဒီနေရာလေးမှာ မတူညီတဲ့ခံစားချက်တွေ အတူတကွ စုဝေးနေထိုင်ကြတယ်လို့ပဲ ပြောရမလား မသိ။ ခံစားချက်တစ်ခုချင်းစီရဲ့ သက်ရောက်မှုတွေက အချစ်ကို ပျော်ရွှင်၊ အံ့သြ၊ တက်ကြွ၊ သနား၊ ၀မ်းနည်းမှုတွေ ကိုယ်စီကိုယ်ငှ ပေးစွမ်းခဲ့ကြတာ။ မတူညီတဲ့ခံစားချက်တစ်မျိုးစီတိုင်း အချစ်ကို လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့တာကတော့ သေချာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချစ်ကတော့ ကျေနပ်နေမိတယ်။ ပျော်ရွှင်နေမိတယ်။ ကြည်နူးနေမိတယ်။ ဟုတ်တယ်လေ။ ဒီလို ချစ်ခင်မြတ်နိုးနေမယ့်သူတွေ ၀ိုင်းဝိုင်းလည်နေတာကို ဘယ်သူက မနှစ်သက်ပဲရှိပါ့မလဲ။ တကယ်တော့ အချစ်ရဲ့အနားမှာ အခုလို ချစ်ခင်မြတ်နိုးတဲ့သူတွေ  … Continue reading

Share
Posted in ရာသီစာ, အသိသစ်တံခါးချပ်များ | 14 Comments

Happy Belated Blog Day !

Number of View: 6786 သြဂုတ်လ (၃၁)ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ဘလော့ဒေးမှာ ဘလော့ပို့စ်တင်ဖို့ အခွင့်အရေးမရခဲ့ပါဘူး။ ပိတ်ရက် စနေ၊ တနင်္ဂနွေဆို ပို့စ်တင်ဖို့ရာအထိ အင်တာနက်အသုံးပြုဖို့ အဆင်မပြေလှပါဘူး။ ဒါနဲ့ ဖေ့ဘုတ်မှာပဲ ဘလော့ဒေးအတွက် စာတွေလိုက်ဖတ်တော့ ပန်ဒိုရာ၊ မကေနဲ့ ကိုရန်အောင်တို့ရဲ့ ပို့စ်တွေ ဖတ်ခွင့်ရလိုက်ပါတယ်။ မနေ့ညက ရေးထားတဲ့ ဒီပို့စ်ကို မနက်ရုံးရောက်တော့ တင်ဖို့ ကြိုးစားပေမယ့် ရုံးက တယ်လီဖုန်းလိုင်းက ခါတော်မီ ပျက်နေပြန်တော့၊ ADSLလိုင်းမို့ အင်တာနက် သုံးမရပြန်ပါဘူး။ ဒါနဲ့ ပို့စ်တင်ဖို့နောက်ထား၊ … Continue reading

Share
Posted in ရာသီစာ | 11 Comments

နှစ်သစ်ဆုမွန်

Number of View: 4410 ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

Share
Posted in ရာသီစာ | 6 Comments

ကြေကွဲပိတောက်

Number of View: 9643 တစ်နှစ်မှာတစ်ကြိမ်တစ်ခါသာ ပွင့်တဲ့ ထူးခြားတဲ့ ပိတောက်က ကျွန်မတို့ရဲ့ အတာတန်ခူး မြန်မာနှစ်ကူး အခါသမယရဲ့ ၀ိသေသပန်းပါ။ ထူးခြားတဲ့ အ၀ါရင့်ရောင်နဲ့ မွှေးပျံ့တဲ့  ချိုအီရနံ့လေးက ပန်းမကြိုက်တတ်သူ ကျွန်မကိုတောင် မမွှေးကြူပဲ မနေနိုင်အောင် စွဲဆောင်နေတာပါ။ ကျွန်မက ပိတောက်ပန်းတွေ ခူးယူ ပန်ဆင်ရတာမျိုးထက် သင်္ကြန်အချိန်မှာ ပင်လုံးကျွတ် ၀ါထိန်အောင် အရွက်စိမ်းမြမြတွေကြားမှာ ရှိနေတာမျိုးကို ပိုနှစ်သက်သူပါ။ ပိတောက်ရဲ့ အ၀ါရောင်စိုစိုနဲ့ စိမ်းမြနေတဲ့ အရွက်အခက်အဖူးတို့က လက်ရာမြောက် ပန်းချီဆရာတစ်ဦးရဲ့ သက်ဝင်နေတဲ့ စုတ်ချက်တွေနဲ့ … Continue reading

Share
Posted in ရာသီစာ, ၀တ္ထု | 15 Comments

အလွမ်းမပြေအလွမ်းဝေ

Number of View: 11963 ၁၉၈၂ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်။ ကျောင်းပိတ်ရက်မို့ အဘွားတို့ အိမ်မှာ ကျွန်မ ရောက်နေခဲ့တယ်။ ပိတ်ရက်တိုင်း အမြဲ ကျွန်မတို့မောင်နှမ အဘိုးအဘွားအိမ် ရောက်နေကြပါ။ ဒါပေမယ့် ဒီနေ့ပိတ်ရက်မှာတော့ မောင်လေးက ကျွန်မနဲ့အတူ အဘွားတို့အိမ်ကို ပါမလာခဲ့ပါ။ တစ်တန်းကျောင်းသား မောင်လေးက သူတို့   ယောကျာ်းလေးကျောင်းက   မူလတန်းကျောင်းသားတွေ အားလုံးနဲ့အတူ ဗိုလ်ချုပ်ပြတိုက်ကို ဒီနေ့ လေ့လာရေးခရီး သွားကြမှာမို့ အိမ်မှာ မေမေတို့နဲ့ ချန်နေရစ်ခဲ့ပြီ။ ဒီနေ့ … Continue reading

Share
Posted in ရာသီစာ, လေးစားထိုက်သူများ | 20 Comments

ရှုံးသူတို့ရဲ့မျက်နှာစာ

Number of View: 8552 မနေ့ညက မြန်မာနဲ့မလေးရှား U22ခြေစစ်ဘောလုံးပွဲကို အသည်းတထိတ်ထိတ်နဲ့ ကြည့်ခဲ့ရပါတယ်။ လှလှပပ ကြိုးကြိုးစားစား ကန်ယူပြီးနောက် ပွဲအပြီးသတ်မှာ မြန်မာက မလေးရှားကို ၂း၁နဲ့ အနိုင်ရပြီး ထိုက်ထိုက်တန်တန် အရှေ့တောင်အာရှရဲ့ ခြေစစ်ပွဲကို ပထမဆုံး အောင်မြင်သွားခဲ့ပါတယ်။ ပွဲအပြီးမှာ အရှုံးအတွက် မလေးရှား အသင်းရဲ့ ဂိုးသမားလေး ကွင်းအလယ်မှာ ပစ်လဲပြီး ငိုနေတာတွေ့ရပါတယ်။ သူ့နဘေးမှာတော့ ကစားဖော်တစ်ဦးက   ကျောကိုပုတ်လို့ နှစ်သိမ့်ပေးနေတာ တွေ့ရပါတယ်။ အဲ့ဒီမြင်ကွင်းကို မြင်မိတော့ ပြီးခဲ့တဲ့ ၂၀၁၀ခုနှစ် … Continue reading

Share
Posted in ရာသီစာ | 16 Comments

အမှိုက်များနှင့်သင်္ကြန်

Number of View: 7580 “ သား… စည်သူ၊ မင်း ရေကစားတာလဲကစား..၊ ကိုယ့် အစ်မတွေကိုလည်း   စောင့်ရှောက်ဦးနော်..” “ စိတ်ချပါဖေဖေ…၊ စိတ်မပူနဲ့.. သားရှိပါတယ် ” ဆံပင်ကို ဂျယ်လ်နဲ့ တောင့်နေအောင် ထောင်ထားပြီး ဂျင်းဘောင်းဘီ၊ အန်းဂလီးဘာဒ်တီရှပ်၊ ရေကာမျက်မှန်နဲ့ အပျော်သွေးကြွနေတဲ့ မြေးစည်သူကို ဘိုးဘဖေ မျက်မှန်အောက်ကနေ မျက်လုံးအသာလှန်လို့ လှမ်းကြည့်လိုက်တယ်။ “ သမီးကြီးက အပေါ်က ဂျင်းဂျက်ကက်လေးတစ်ထည် ထပ်ဝတ်သွားပါလား..၊ သမီး အခုဝတ်ထားတာလေးက ရေစိုရင် အသားမှာ … Continue reading

Share
Posted in ခိုးလိုးခုလု, ရာသီစာ | 11 Comments