Category Archives: အတွေ့လေးရယ်တဲ့မှ အို..အကြုံ

မြသွေးနီ၊ သောကြာညနှင့် ဟမ်ဘာမဂါ့တဂါ

Number of View: 1430 “ လာ… ဈေး..ခန ၀င်ဝယ်ရအောင်.. ” “ဟင်…..” ရုတ်တရက် လက်ကိုဆွဲပြီး အတင်းခေါ်သွားလို့ စူပါမားကက်တစ်ခုရဲ့ စစ်ဆေးဂိတ်ကနေ အထဲကို သူနဲ့အတူ ဘုမသိဘမသိနဲ့ မြသွေးနီရောက်ခဲ့ရတယ်။ “ ဈေးက ဒီညနေ ၀ယ်စရာမလိုဘူးလေ.. မနက်ဖြန် စနေဆိုတော့.. မနက်ဈေးကြမှ ၀ယ်မယ်ဆို” ရုံးဖွင့်ရက်တွေမှာ ညနေရုံးဆင်းတိုင်း နှစ်ယောက်သား ၃၈လမ်း ညနေဈေးကနေ နောက်တစ်နေ့ အတွက် ဟင်းလျာဝယ်ခြမ်းပြီးမှ အိမ်ပြန်နေကြပါ။ ခြွင်းချက်အနေနဲ့ သောကြာညမျိုးဆိုရင်တော့ ပိတ်ရက်က စောင့်နေပြီမို့ … Continue reading

Share
Posted in အတွေ့လေးရယ်တဲ့မှ အို..အကြုံ | 19 Comments

မြသွေးနီနှင့် ဖိုးကျားဆင်စခန်းသွားတောလား

Number of View: 1868  ဒီရက်ပိုင်း မြသွေးနီစိတ်ထဲ မရိုးမရွဖြစ်နေခဲ့တယ်။ နေမထိထိုင်မသာဆိုတာ အဲ့တာကို ခေါ်မလားမသိ။ အခုလို ပွင့်လင်းရာသီမျိုးရောက်လာတိုင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါ။ ဟုတ်ပါတယ်။ အဲ့ဒီရောဂါက ခရီးထွက်ချင်တဲ့ ရောဂါ။ တကယ်တော့ နှစ်စဉ်ခရီးတစ်ကြိမ် မှန်မှန်ထွက်ဖြစ်သူ။ သို့ပေမယ့် မနှစ်က အကြောင်းကြောင်းတို့ မညီညွတ်တာကြောင့် ခရီးမထွက်ဖြစ်ခဲ့လိုက်။ ဒါကြောင့် ဒီရောဂါက ဒီနှစ်မှာ အညွန့်တလူလူနဲ့ လူကို လာကိုက်ဆွနေတာဖြစ်မယ်။ တကယ့်ကို နေမထိ ထိုင်မသာ။ အလုပ်ထဲမှာ နေ့စဉ် တနလာင်္က သောကြာ၊ မနက် … Continue reading

Share
Posted in အတွေ့လေးရယ်တဲ့မှ အို..အကြုံ | 20 Comments

စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ်နှင့်ဆရာမ မသီတာ(စမ်းချောင်း)

Number of View: 1860 မည်သည့်မိတ်ဆက်ပွဲ၊ ဧည့်ခံပွဲများ၊ အခမ်းအနားများကိုမဆို အလုပ်နှင့် ပတ်သက်လျှင်ဖြစ်စေ၊ မိသားစုနှင့် ပတ်သက်လျှင်ဖြစ်စေ များသောအားဖြင့် ကျွန်မရှောင်ရှားလေ့ ရှိသည့်အတွက် လူမှုရေးတာဝန်မကျေသူ တစ်ဦးဟုပင် သတ်မှတ်ကြမည် ထင်သည်။  သို့သော် စာတွေ   ပြန်ရေးပြီး နောက်ပိုင်း စာအုပ် မိတ်ဆက်ပွဲများ အတန်အသင့် တက်ရောက်တတ်လာသည်။ စာအုပ်မိတ်ဆက်ပွဲများတွင် ကျွန်မလေးစားနှစ်သက်ရသည့် စာရေးဆရာများကို အရှင်လတ်လတ်   မြင်တွေ့ခွင့် ရသည့် ကျေနပ်စိတ်ကလေးဖြင့် ကျွန်မ တက်ရောက်ဖြစ်ခဲ့သည်က များသည်။ အထူးသဖြင့် ယခုနောက်ပိုင်း … Continue reading

Share
Posted in အတွေ့လေးရယ်တဲ့မှ အို..အကြုံ, နှစ်သက်စရာသူတို့စာ | 12 Comments

စားကြမယ်ဟေ့ ထမင်းပေါင်း

Number of View: 3200 ပြီးခဲ့တဲ့အပါတ် သောကြာနေ့တစ်ရက်၊ ရုံးဆင်းချိန် ၅နာရီခွဲလောက်။ ဘလော့ဂါ မမေဓာဝီဆီက ဖုန်းဝင်လာတယ်။ သီတင်းကျွတ် ကျောင်းပိတ်ရက်မှာ ယဉ်ကျေးလိမ်မာ(၉)ရက်စခန်းကို မမေတို့ရဲ့ May International Education ကျောင်းမှာ ဖွင့်မှာမို့ သားပြည့်များ တက်ချင်လေမလားဆို တကူးတကန့် ဖုန်းဆက်ပါတယ်။ တစ်နေ့ကပဲ သားပြည့်ကို သီတင်းကျွတ် ကျောင်းပိတ်ရက် ဆယ်ရက်မှာ အကျိုးရှိတာတစ်ခုခု လုပ်ပါလားလို့ ပြောခဲ့ဘူးတာမို့ ဒီသတင်းအတွက် ၀မ်းသာသွားမိရပါတယ်။ ဒါပေမယ့် ဇွတ်မတိုက်တွန်းချင်ပဲ၊ သားပြည့်ကိုယ်တိုင် စိတ်ပါမှ လုပ်စေချင်တာမို့ အိမ်ပြန်ရောက်လို့ … Continue reading

Share
Posted in သား, အတွေ့လေးရယ်တဲ့မှ အို..အကြုံ | 24 Comments

မြသွေးနီနှင့် မိသားစုငါးထမင်းစိမ့်

Number of View: 3662 တနင်္ဂနွေရက်တွေ စိတ်ကူးပေါက်လာပြီဆိုရင် အိမ်မှာ နေ့စဉ်ပုံမှန်စားနေကြ ထမင်းဟင်းမဟုတ်ပဲ တစ်ခုခု လုပ်စားဖြစ်ပါတယ်။ အိမ်မှာ ကျွန်မ ဖေဖေနဲ့ ကျွန်မက သွေးတိုးသမား၊ သားပြည့်က အဖေတူ ဟင်းဂျီးများ ဆိုတော့ ရုံးဖွင့်ရက်၊ ကျောင်းဖွင့်တွေဆို ထွေလီကာလီ မချက်တော့ဘဲ ဖေဖေနဲ့ သားပြည့် စားနိုင်လောက်မယ့် ဟင်းပဲ ဦးစားပေးချက်ဖြစ်ပါတယ်။ အိမ်မှာ လူခွဲလည်း မထားလေတော့ တစ်ခါတစ်လေ ကိုယ်စားချင်တာလေးများဆို ပိတ်ရက် စနေ၊ တနင်္ဂနွေမှပဲ ချက်စားဖြစ်တာများပါတယ်။ အိမ်ကလူကြီးကတော့ ဟင်းဂျီးများသော်ငြား … Continue reading

Share
Posted in အတွေ့လေးရယ်တဲ့မှ အို..အကြုံ | 26 Comments

ကြိုးညှိသံများနဲ့ သံစဉ်၃၅

Number of View: 1377“ ကဗျာစာအုပ် ရှေ့၊ နောက်ကာဗာ ” မနေ့က ကျွန်မ လေးစားချစ်ခင်ရတဲ့ ကဗျာဆရာမ ပန်ဒိုရာစီစဉ်တဲ့ “ ကြိုးညှိခြင်း” အမည်ရတဲ့ ကဗျာဆရာမ ၃၅ယောက်ရဲ့ ကဗျာစုစည်းမှု စာအုပ်မိတ်ဆက်ပွဲကို Home မှာ ၁၅.၈.၂၀၁၂ ဗုဒ္ဓဟူးနေ့က ကျင်းပပြုလုပ် ခဲ့ပါတယ်။ ဒီပွဲလေးကို ကျွန်မ အွန်လိုင်းမှာ သတင်း စပြီး ရကတည်းက စိတ်ရောက်နေခဲ့တယ်။ မဖြစ်မနေ သွားဖြစ်အောင် သွားမယ်လို့လည်း အားခဲထားတယ်။ စိတ်က ဘယ်လောက်များ အထိတောင် … Continue reading

Share
Posted in ကဗျာ, အတွေ့လေးရယ်တဲ့မှ အို..အကြုံ | 10 Comments

အွန်လိုင်းပေါ်ကြုံလေသမျှ (၂)

Number of View: 2935 မြသွေးနီတို့ မြန်မာနိုင်ငံတွင် လူမှန်လျှင် Gtalk Accountတစ်ခုစီ ရှိသည်ဟုပြောလျှင် လွန်မည်မထင်။ Gtalk Account မရှိလျှင် လူရာမ၀င်သလိုတောင် ခံစားရတယ်လို့ တလောက တက္ကသိုလ်က နည်းပြဆရာမ အစ်မ၀မ်းကွဲ အပျိုကြီးက သူ့သူငယ်ချင်းများအကြား Gtalk Account မရှိလို့ ၀ိုင်းအဟားခံရတယ်၊ မျက်နှာငယ်လိုက်တာ၊ ငါ့ကိုတစ်ခုလောက်လုပ်ပေးပါဆို ပြောလာလို့ ချက်ချင်းပင် သူ့အတွက် Accountတစ်ခု ဖွင့်ပေးရဖူးပါတယ်။ တခြားမကြည့်နှင့်၊ မြသွေးနီမှာပင် Gtalk Account သုံးခုရှိပါတယ်။ တစ်ခုက အွန်လိုင်း … Continue reading

Share
Posted in အတွေ့လေးရယ်တဲ့မှ အို..အကြုံ | 29 Comments

အွန်လိုင်းပေါ် ကြုံလေသမျှ (၁)

Number of View: 4498 မြသွေးနီက အွန်လိုင်းမှာ စာရေးသူတစ်ဦးပါ။ အွန်လိုင်းပေါ် စာရေးသူမို့ အွန်လိုင်းပေါ်မှာ အကြောင်းအရာ မျိုးစုံနဲ့ တွေ့ကြုံခဲ့ပြီး၊ လက်ရှိမှာလည်း ပြုံးစရာ၊ ဟားတိုက်ရယ်စရာ၊ စိတ်မောစရာများနဲ့ ရံဖန်ရံခါ ရင်ဆိုင်နေဆဲဖြစ်ဖြစ်ပါတယ်။ ဆက်လက်ပြီးလည်း အွန်လိုင်းသုံးနေမျှ ကာလပတ်လုံး မတူညီကွဲပြားတဲ့ အကြောင်းအရာ အမျိုးမျိုးနဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။ အိုင်တီပညာနဲ့ ပတ်သက်လာရင် မြသွေးနီက ဇီးရိုးနောလရှ်သမားပါ။ တစ်ခုခုကို ၀င်လိုက်လို့ Yes (or) No မေးလာရင်တော့ ရေးထားတဲ့ စာရဲ့ အဓိပ္ပါယ်ကို … Continue reading

Share
Posted in အတွေ့လေးရယ်တဲ့မှ အို..အကြုံ | 38 Comments