Category Archives: အတွေ့လေးရယ်တဲ့မှ အို..အကြုံ

ကြိုးညှိသံများနဲ့ သံစဉ်၃၅

Number of View: 7848“ ကဗျာစာအုပ် ရှေ့၊ နောက်ကာဗာ ” မနေ့က ကျွန်မ လေးစားချစ်ခင်ရတဲ့ ကဗျာဆရာမ ပန်ဒိုရာစီစဉ်တဲ့ “ ကြိုးညှိခြင်း” အမည်ရတဲ့ ကဗျာဆရာမ ၃၅ယောက်ရဲ့ ကဗျာစုစည်းမှု စာအုပ်မိတ်ဆက်ပွဲကို Home မှာ ၁၅.၈.၂၀၁၂ ဗုဒ္ဓဟူးနေ့က ကျင်းပပြုလုပ် ခဲ့ပါတယ်။ ဒီပွဲလေးကို ကျွန်မ အွန်လိုင်းမှာ သတင်း စပြီး ရကတည်းက စိတ်ရောက်နေခဲ့တယ်။ မဖြစ်မနေ သွားဖြစ်အောင် သွားမယ်လို့လည်း အားခဲထားတယ်။ စိတ်က ဘယ်လောက်များ အထိတောင် … Continue reading

Share
Posted in ကဗျာ, အတွေ့လေးရယ်တဲ့မှ အို..အကြုံ | 10 Comments

အွန်လိုင်းပေါ်ကြုံလေသမျှ (၂)

Number of View: 16380 မြသွေးနီတို့ မြန်မာနိုင်ငံတွင် လူမှန်လျှင် Gtalk Accountတစ်ခုစီ ရှိသည်ဟုပြောလျှင် လွန်မည်မထင်။ Gtalk Account မရှိလျှင် လူရာမ၀င်သလိုတောင် ခံစားရတယ်လို့ တလောက တက္ကသိုလ်က နည်းပြဆရာမ အစ်မ၀မ်းကွဲ အပျိုကြီးက သူ့သူငယ်ချင်းများအကြား Gtalk Account မရှိလို့ ၀ိုင်းအဟားခံရတယ်၊ မျက်နှာငယ်လိုက်တာ၊ ငါ့ကိုတစ်ခုလောက်လုပ်ပေးပါဆို ပြောလာလို့ ချက်ချင်းပင် သူ့အတွက် Accountတစ်ခု ဖွင့်ပေးရဖူးပါတယ်။ တခြားမကြည့်နှင့်၊ မြသွေးနီမှာပင် Gtalk Account သုံးခုရှိပါတယ်။ တစ်ခုက အွန်လိုင်း … Continue reading

Share
Posted in အတွေ့လေးရယ်တဲ့မှ အို..အကြုံ | 29 Comments

အွန်လိုင်းပေါ် ကြုံလေသမျှ (၁)

Number of View: 23201 မြသွေးနီက အွန်လိုင်းမှာ စာရေးသူတစ်ဦးပါ။ အွန်လိုင်းပေါ် စာရေးသူမို့ အွန်လိုင်းပေါ်မှာ အကြောင်းအရာ မျိုးစုံနဲ့ တွေ့ကြုံခဲ့ပြီး၊ လက်ရှိမှာလည်း ပြုံးစရာ၊ ဟားတိုက်ရယ်စရာ၊ စိတ်မောစရာများနဲ့ ရံဖန်ရံခါ ရင်ဆိုင်နေဆဲဖြစ်ဖြစ်ပါတယ်။ ဆက်လက်ပြီးလည်း အွန်လိုင်းသုံးနေမျှ ကာလပတ်လုံး မတူညီကွဲပြားတဲ့ အကြောင်းအရာ အမျိုးမျိုးနဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။ အိုင်တီပညာနဲ့ ပတ်သက်လာရင် မြသွေးနီက ဇီးရိုးနောလရှ်သမားပါ။ တစ်ခုခုကို ၀င်လိုက်လို့ Yes (or) No မေးလာရင်တော့ ရေးထားတဲ့ စာရဲ့ အဓိပ္ပါယ်ကို … Continue reading

Share
Posted in အတွေ့လေးရယ်တဲ့မှ အို..အကြုံ | 38 Comments

အနှိုင်းမဲ့ခြေရာနှစ်စုံ

Number of View: 6861 နိုင်ငံတကာက နှစ်စဉ် မေလရဲ့ ဒုတိယပါတ် တနင်္ဂနွေနေ့ကို “အမေများနေ့” ရယ်လို့ သတ်မှတ်ခဲ့ကြတယ်။ အဲ့ဒီနေ့ထူးနေ့မြတ်မှာ ကျွန်မရဲ့ ဘ၀တစ်လျှောက် စာထဲမှာ ဖတ်ယုံသာ ဖတ်ခဲ့ဘူးပြီး၊ နောက်… ရုပ်ရှင် ဇာတ်လမ်းထဲမှာသာ ကြည့်ခဲ့ဘူးပြီး၊ တစ်ခါမှ မျက်မြင်ကြုံဘူးခြင်းမရှိသေးတဲ့ ထူးခြား မွန်မြတ်လှတဲ့ ပွဲတစ်ခုကို မထင်မှတ်ပဲ တက်ခွင့်ကြုံခဲ့ရပါတယ်။ အဲ့ဒီနေ့က သူတို့ရဲ့ အစီအစဉ်ကို ကြိုတင်သတင်းရထားတာမို့ စပ်စပ်စုစု သိချင်မိသူပီပီ ကျွန်မသူတို့ အိမ်ကို မနက် ၁၀နာရီခွဲလောက်ထဲက စိတ်စောပြီး … Continue reading

Share
Posted in အတွေ့လေးရယ်တဲ့မှ အို..အကြုံ | 7 Comments

နင်လားဟဲ့ ဆူရှီ.. ငါလားဟဲ့ မြသွေးနီ

Number of View: 12268 ဒီပို့စ်ရဲ့ ခေါင်းစဉ်ကို ဖတ်လိုက်ထဲက မြသွေးနီတစ်ယောက် ဘယ်နှယ့် ဘယ်က ဆူရှီကို သွားကြိမ်းမောင်း ကြုံးဝါးနေပါလိမ့်ဆို သိချင်စိတ်လေးတွေ ဖြစ်လာကြမယ် ထင်ပါတယ်။ ဒါကလည်း ခေတ်နဲ့ လျော်ညီစွာ ခေတ်ပေါ်ဝတ္တုတွေကို အားကျပြီး စာဖတ်သူစိတ်ဝင်စား လာအောင် နာမည်နဲ့အရင် ဖမ်းစားလိုက်တာပါ။ အဖြစ်က ဒီလို…။ တစ်နေ့ညနေ အိမ်မှာ သားလှရွှေသွေး သားပြည့်လေးကို ရေချိုးပေးအပြီး ခေါင်းဖြီးပေး လိုက်တော့… “ အား…အား… နာတယ်မေမေ..နာတယ်..ဖြည်းဖြည်းလုပ်ပါ.. ” ဆို အသံဗြဲကြီးနဲ့ … Continue reading

Share
Posted in သား, အတွေ့လေးရယ်တဲ့မှ အို..အကြုံ | 22 Comments

အိုဘဲ့… ဒီနှစ်သင်္ကြန်

Number of View: 10101 Image Source : Google Search သင်္ကြန်တဲ့…။ သင်္ကြန်ရုံးပိတ်ရက်ရှည်တွေ နီးလာတိုင်း ကျွန်မလည်း အခြားဝန်ထမ်းတွေလိုပဲ ဒီပိတ်ရက်ရှည်ကြီးကို မျှော်တလင့်လင့်နဲ့ အမြန်ဆုံး ရောက်ချင်မိတယ်။ ငယ်ရွယ်စဉ် ကာလကတော့ သင်္ကြန်ကာလမှာ မိဘမောင်ဘွားတွေနဲ့အတူ ရေပက်ခံထွက်တဲ့အခါ ထွက်၊ အိမ်ရှေ့မှာပဲ အုံးလက်မဏ္ဍပ်လေး ထိုးလို့ ရေပက်ရင်ပက်နဲ့ ပျော်ခဲ့ရတယ်။ အခုနောက်ပိုင်း သင်္ကြန်ပိတ်ရက်တွေကို ၁၀ရက်အထိ တိုးမြှင့်လိုက်တော့ ကိုယ့်ရဲ့အသက်အရွယ်နဲ့ ငယ်စဉ်ကလို ရေပက်ချင်၊ ရေပက်ခံထွက်ချင် စိတ်တွေ မဖြစ်တော့ပဲ ဒီပိတ်ရက်ရှည်မှာ … Continue reading

Share
Posted in အတွေ့လေးရယ်တဲ့မှ အို..အကြုံ | 17 Comments

အောင်ပွဲ

Number of View: 10824 ဧပြီလ(၁)ရက်၊ တနင်္ဂနွေနေ့။ ဒီနေ့မနက် အိပ်ရာက စိတ်စောပြီး နိုးနေတယ်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ အလင်းရောင်တောင် ပျို့ယုံလေး ရှိသေး။ အိပ်တမ်းထ ငှက်ကလေးတွေ ကျလွိကျလွိ အော်မြည်နေသံကို နားထောင်လို့ ကောင်းကောင်းနဲ့ နားထောင်နေရင်း ဒီနေ့ ဧပြီလ(၁)ရက်နေ့ ဆိုတဲ့အသိက အိပ်ချင်မူးတူးစိတ်တွေကို ချက်ချင်း ပျောက်သွား စေတယ်။ စောင့်နေခဲ့ရတဲ့ အချိန်တွေ၊ မျှော်လင့်နေခဲ့ရတဲ့ ကာလတွေ၊ ဒီအချိန် ဒီကာလတွေကို ရုပ်လုံးပေါ် သက်ဝင်လာအောင် ဒီနေ့က အဖြေထုတ်ပေးမှာ။  ဒီနေ့က ကျွန်မအတွက် … Continue reading

Share
Posted in အတွေ့လေးရယ်တဲ့မှ အို..အကြုံ | 29 Comments

ရေခဲကမ္ဘာသို့ မမြင်ဖူး မူးမြစ်တို့ရဲ့ တစ်သောင်းသုံးထောင်

Number of View: 21990 “ မေမေ… သားကို ချစ်လား ” ရုံးက ပြန်ရောက်ပြီး အိမ်နေရင်းအ၀တ်အစားလေးလဲ၊ ဒီနေ့အတွက် ဖတ်စရာဂျာနယ်များ စုစည်းပြီး အမောဖြေ စာဖတ်မယ်ဆို ဧည့်ခန်းက ခုံမှာ ထိုင်ယုံရှိသေး၊ ဆိုင်းမဆင့် ဗုံမဆင့် ရင်ခွင်ထဲ တိုးဝင်ပြောလိုက်တဲ့ သားပြည့်ရဲ့ အချွဲသံက  တစ်ခုခုတော့ တစ်ခုခုပဲဆိုတာ မြသွေးနီ သိလိုက်ပြီ။ နွေရာသီ ကျောင်းပိတ်ရက်မို့ မနက်ပိုင်း အချိန်နှစ်နာရီလောက် Summer School မှာ အင်္ဂလိပ်စာတက်၊ လာမယ့် ကျောင်းဖွင့်ရာသီ … Continue reading

Share
Posted in သား, အတွေ့လေးရယ်တဲ့မှ အို..အကြုံ | 42 Comments