Category Archives: Save The Aged

မေတ္တာအနန္တတစ်ဝေေ၀

Number of View: 9971…မေတ္တာအနန္တတစ်ဝေေ၀… ဒီတစ်ခေါက် ဇွန်လအလှူက မြသွေးနီတစ်ယောက် အဖွဲ့နဲ့ ကင်းကွာနေတဲ့ သုံးလအတွင်း ဒုတိယအကြိမ် လိုက်ဖြစ်တဲ့ အလှူပါ။ ပြီးခဲ့တဲ့ ဧပြီလ ရဟန်းခံပွဲတုန်းကလည်း လိုက်ဖြစ်သေးခဲ့တာမို့  အခုဇွန်လအလှူကို ဒုတိယအကြိမ် လိုက်ဖြစ်တာလို့ ဆိုရခြင်းပါ။ အလုပ်တာဝန် အပြောင်းအလဲကြောင့် အလှူရက်တွေမှာ ပြန်ပြီး လိုက်နိုင်တယ်ဆိုယုံသာ လိုက်နိုင်ပြီး အဖွဲ့ရဲ့ အစီအစဉ်တွေမှာ အရင်လို အင်တိုက်အားတိုက် မလုပ်ဆောင်ဖြစ်ပါဘူး။ ဒီတစ်ခေါက်လည်း လိုက်ယုံဆိုမျှသာ လိုက်နိုင်တာပါ။ ဒါပေမယ့် စိတ်ထဲမှာ အလှူတစ်ခုသွားပြီးတိုင်း ရင်ကို လှုပ်ခတ်စေခဲ့သမျှ … Continue reading

Share
Posted in Save The Aged | 11 Comments

မင်္ဂလာများနှင့်တစ်နှစ်ပြည့်ပွဲ (၂)

Number of View: 4559 အပိုင်း (၂) နေ့လည်၁၂နာရီမှာတော့ အားလုံးစုံစုံညီညီရှိနေကြပြီမို့ Save The Agedရဲ့ မင်္ဂလာရှိတဲ့ (၁)နှစ်ပြည့် အခမ်းအနားကို စတင်လိုက်ပါတော့တယ်။ အခမ်းအနားမှူးအဖြစ် အဖွဲ့ရဲ့ အမာခံမန်ဘာ ညီမ နန်းကလျာ က ဆောင်ရွက်ပေးပါတယ်။ အစီအစဉ် ၁။ အခမ်းအနားဖွင့်လှစ်ကြောင်း နန်းကလျာက ကြေညာပေးပါတယ်။ အစီအစဉ် ၂။ ကိုဗေဒါဇော်မှ Save The Aged အစပြုခဲ့ပုံနဲ့ တစ်နှစ်ပြည့်အထိ တက်ညီ လက်ညီချီတက် လာခဲ့နိုင်ရခြင်း အကြောင်းရင်းကို ပြောပြပါတယ်။ … Continue reading

Share
Posted in Save The Aged | 4 Comments

မင်္ဂလာများနှင့်တစ်နှစ်ပြည့်ပွဲ (၁)

Number of View: 5000 (၁)နှစ်ပြည့်အတွက်.. Save The Aged ရဲ့ တစ်နှစ်ပြည့်ပွဲကို အဖွဲ့ဝင်များအားလုံးက ရင်ခုန်စွာနဲ့ စောင့်မျှော်နေခဲ့ကြတာဟာဖြင့် ဒီဇင်ဘာလ သံလျင်သဘာဝရိပ်သာ အလှူပြီးခဲ့တဲ့နေ့ နောက်ပိုင်းထဲကပါဘဲ။ တစ်နှစ်ပြည့်ပွဲကို ဘယ်လိုများ စည်ကားသိုက်မြိုက်စွာနဲ့ ကျင်းပရင်ကောင်းမလဲလို့ ကျွန်မတို့အားလုံး စဉ်းစားခဲ့ကြပါတယ်။ ကြုံတောင့်ကြုံခဲ Save The Aged ရဲ့ တစ်နှစ်ပြည့်မွေးနေ့ပွဲလေးကို အနည်းဆုံး သေသေသပ်သပ်နဲ့ ကျင်းပချင်စိတ် အားလုံးမှာရှိနေကြပါတယ်။ တစ်ချိန်ထဲမှာပဲ အဖွဲ့ရဲ့ ရည်ရွယ်ချက်နဲ့ ထပ်တူ အဖွဲ့ရဲ့ အဖိုးအဖွားတွေ အတွက်လည်း … Continue reading

Share
Posted in Save The Aged | 6 Comments

STA တစ်နှစ်ပြည့်နှင့်အိပ်မက်အငြိမ့် (၂)

Number of View: 23692 ရွာစားကျော် “ ကိုရီး ” ရဲ့လက်သံပြောင်ပြောင် အဖွင့်တီးလုံး စီးစီးပိုင်ပိုင်နဲ့အတူ ကတ္တီပါကားလိပ် အပေါ်သို့ တရွေ့ရွေ့တက်အသွားမှာတော့ အများမျှော်လင့်တောင့်တနေတဲ့ ဇာတ်ဆရာ“ဗေဒါဇော်” စီစဉ်တဲ့ STAရဲ့ အငြိမ့် အစီအစဉ် စတင်ပါလေတော့တယ်။ အငြိမ့်စင်ရဲ့ ၀ဲယာနှစ်ဘက်ကနေ တောင်ရှည်၊ ခေါင်းပေါင်း၊ လက်ထဲမှာလည်း စက္ကူလိပ်ကိုယ်စီနဲ့ Save The Aged အဖွဲ့ရဲ့ လူရွှင်တော်များ တစ်ဖက်နှစ်ယောက်စီ ထွက်ပြီး ခွန်းတောက်နဲ့ အစပြု နှုတ်ခွန်းဆက်ပါတယ်။ ပွဲကြည့်ပရိသတ်ထဲမှ အဖွဲ့ဝင်များက သူတို့ … Continue reading

Share
Posted in Save The Aged | 32 Comments

STA တစ်နှစ်ပြည့်နှင့်အိပ်မက်အငြိမ့် (၁)

Number of View: 6860 နေရာ      :   မြကျွန်းညိုညိုပန်းခြံကြီး၏အလည်မှ ခမ်းနားလှပသော မီးရောင်စုံနှင့်အငြိမ့်စင်မြင့် နေ့ရက်   :  ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ (၃) ရက် စတင်ချိန်  :  ည ၇:၀၀ နာရီတိတိ ဖိုးလမင်းကြီးက ရွှန်းမြမြသာလို့နေတယ်..။ ကြယ်ပွင့်လေးများကလည်း ကောင်းကင် တခွင်လုံး ပျိုးပျိုးပြက်ပြက် လင်းလက်လို့။ သာယာလှပတဲ့ မြကျွန်းညိုညိုပန်းခြံကြီးရဲ့ အလည်မှာတော့ Save The Aged ရဲ့ Logo နှင့်အတူ ကတ္တီပါပိတ်ကား အိအိမွန်းမံလို့ မီးရောင်စုံထိန်ထိန်ညီးနေတဲ့ … Continue reading

Share
Posted in Save The Aged | 2 Comments

ပြက္ခဒိန်ပေါ်က လက်ကျန်ရက်စွဲများ

Number of View: 6412 ( အမာခံအဖွဲ့ဝင် ညီမ အိသိင်္ဂီ ပြုစုရေးသားထားသည်များအား ၃.၁.၂၀၁၀နေ့မှကျရောက်မယ့် STA  ၁ နှစ်ပြည့်အတွက် အိသိင်္ဂီကိုယ်စား ပြန်လည်ဖော်ပြပေးခြင်းပါ။) ၂၀၁၀ပြည့်နှစ်၊ ဇန်န၀ါရီလ (၃)ရက်နေ့သည် ကျွန်မတို့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေး ပရဟိတ လူငယ်များအဖွဲ့ (Save the Aged) ၏ တစ်နှစ်ပြည့်မြောက် သော အခါသမယပင် ဖြစ်ပေသည်။တစ်နှစ်ဆိုသောအတိုင်းအတာ ကာလတိုလေးအတွင်းမှာပင် အဖွဲ့၏ ပင်မပရပိာတ လုပ်ငန်းစဉ်ဖြစ်သော စောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေး အပိုင်းတွင်  ကျွန်မတို့အဖွဲ့မှ ရာသက်ပန် … Continue reading

Share
Posted in Save The Aged | 8 Comments

သဘာဝရိပ်သာ…သို့ STA အလှူခရီး

Number of View: 6955 Save The Aged ရဲ့ ၂၀၀၁ ခုနှစ်၊ ဒီဇင်ဘာလအလှူကိုတော့ ဒီတစ်ခါမှာ သန်လျင်မြို့၊ တာဝတက္ကသိုလ်အနီးမှာရှိတဲ့ သန်လျင်ဘုရားကုန်း သဘာဝတရားရိပ်သာကို ရွေးချယ်ခဲ့ပါတယ်။ ဒီတစ်ခေါက်ပါဆိုရင် သန်လျင်မြေကို ကျွန်မတို့ Save The Aged အဖွဲ့က အလှူခရီးအဖြစ် ခြေချခဲ့တာ တတိယအကြိမ်မြောက်ပါ။ ပထမအကြိမ်က Save The Aged ရဲ့ ဖေဖော်ဝါရီလအလှူအဖြစ် သန်လျင်မြို့ မြသီတာသီလရှင်ကျောင်းမှာ သွားရောက်လှူဒါန်းခဲ့ပြီး ဒုတိယအကြိမ်ကတော့ ပြီးခဲ့တဲ့ နွေရာသီမှာ သောက်သုံးရေပြတ်လပ်ကြစဉ်  … Continue reading

Share
Posted in Save The Aged | 10 Comments

ဂိမ်းကစားခြင်း

Number of View: 7000ဆရာက သင်တန်းချိန်ကို နေ့လည် (၃)နာရီမှာ ခဏရပ်လို့ ကော်ဖီသောက်ချိန်အဖြစ် မိနစ်(၂၀) သတ်မှတ်ပေးလေတယ်။ မိနစ် (၂၀)လည်း ပြည့်ရော မူလသင်တန်း အခန်းကို ပြန်မသွားစေသေးပဲ ကစားခန်းမထဲမှာ စုရုံးစေတယ်။ “ အားလုံးပဲ.. ကျွန်တော်တို့ စာသင်ခန်းထဲ ပြန်မသွားခင် ၁၀မိနစ်လောက် အညောင်းပြေ ဂိမ်းလေးတစ်ခု ကစားကြရအောင်နော်..။ ဘယ်လိုလဲ… ကစားချင်ကြရဲ့လားမသိဘူးနော် ” “ ဝေး…. ဟေး…..ဟေး.. ကစားချင်ကြပါတယ်.. ကစားပါမယ် ” သင်တန်းသား (၂၄) ယောက်မှာ … Continue reading

Share
Posted in Save The Aged, အသိသစ်တံခါးချပ်များ | 9 Comments