Category Archives: ပုံနှိပ်စာမျက်နှာပေါ်မှစာမူများ

အပိုဆုပါရခဲ့သည်

Number of View: 3848 သရုပ်ဖော်ပန်းချီ – မျိုးမြင့် ငယ်ရွယ်စဉ် ကလေးဘ၀ ကျောင်းသူအရွယ်က အတန်းတိုင်း၌ မဟုတ်သော်ငြား ပညာရည် ထူးချွန်ဆုများ ကြိုကြားကြိုကြား ကျွန်မ ရရှိခဲ့ဖူးသည်။ ထိုစဉ်ကာလကတည်းက ခေတ်မီနားလည်ခဲ့သော မိဘနှစ်ပါးက ပညာရေး တွင် အတင်းအကြပ် ဖိအားပေးခြင်းမရှိခဲ့။ မိမိကိုယ်တိုင် ပညာကို သင်ယူမှရမည်၊ မိမိလုပ်ရပ်၏အကျိုးကို မိမိသာ ခံစားရမည်၊ မိမိလုပ်ရပ်ကြောင့် မိမိကိုယ်တိုင်သာမက မိမိဝန်းကျင်၌ပါ အကျိုးမရှိမဖြစ်စေရဟူသည့် စိတ်ကိုသာ နှလုံးသားထဲတွင် စွဲထင်အောင် လေ့ကျင့်ပေးခဲ့သည်။ ထို့ထက်ပို၍ လူတိုင်းကို … Continue reading

Share
Posted in ပုံနှိပ်စာမျက်နှာပေါ်မှစာမူများ, အက်ဆေး/ ရသစာတမ်း | 6 Comments

ချစ်ခြင်းရဲ့အပိုင်းအစများ

Number of View: 3143၂၀၁၅ ခုနှစ်၊ စက်တင်ဘာလထုတ်၊ မြင်ကွင်းမဂ္ဂဇင်း (သရုပ်ဖော်ပန်းချီ – မမွှေး)  ကျွန်မဘ၀မှာ မေမေ့ဆီက အလိုချင်ဆုံး လက်ဆောင်လေးတစ်ခု ရရှိခဲ့ဘူးပါတယ်။ အဲ့ဒီ လက်ဆောင်လေးက အများအတွက်တော့ ဘာဆိုဘာမှ တန်ဖိုးမရှိပေမယ့် ကျွန်မအတွက်တော့ တကယ့် ကို သိမ်းဆည်းထားချင်မိတဲ့ အရာလေးတစ်ခုပါဘဲ။ အဲ့ဒီတုန်းက ကျွန်မက ကလေးမကျ လူကြီးမကျအရွယ်။ ၁၄နှစ်ဝန်းကျင်ပေါ့။ မေမေဆီမှာ မေမေကအမြဲ သူ့ဘီဒိုလေးထဲက အံဆွဲလေးတစ်ခုထဲမှာ သော့ခတ်ပြီး၊ အဲ့ဒီဘီဒိုလေးထဲမှာ တယုတယ သိမ်းဆည်းထားတတ်တဲ့ ရတနာပစ္စည်းတွေ ထည့်ထားတယ်လို့ … Continue reading

Share
Posted in ပုံနှိပ်စာမျက်နှာပေါ်မှစာမူများ, ၀တ္ထု | 9 Comments

နတ်ဆိုးကျိန်စာ

Number of View: 3971Photo Credit to – www.rappler.com ရွှံ့များ၊ နုန်းများ၊ အမှိုက်များဖြင့် ဗွက်ပြင်ကျယ်ကြီးသည် မျက်စိတစ်ဆုံး ရှိနေ၏။ မည်သည့်အရာဟု မဖော်ပြနိုင် လောက်တော့သည့် အပျက်အစီး၊ အကျိုးအပဲ့များက နေရာအနှံ့တွင်တွေ့နေရသည်။ ကောင်းကင်ပြင်ကြီးကတော့ ဘာမျှ မသိလိုက်သကဲ့သို့ တည်တည်ငြိမ်ငြိမ် ရှိနေ၏။ ဟိုးအဝေးပျပျတွင် လူသုံးယောက် ဆန့်ကျင်ရာဘက်သို့ တရွေ့ရွေ့ လျှောက်သွားနေသည် ကို တွေ့ရ၏။ လှမ်းအော်ခေါ်လိုက်ချင်သော်ငြား ပါးစပ်ဖွင့်ဟဖို့ပင် ခံစားချက်မရှိတော့။ ပတ်ဝန်းကျင်တွင် လူရုပ်မပေါ် ပွယောင်းနေသည့်အသွင်ဖြင့် ပျံ့ကျဲနေသည့် အသက်မဲ့ … Continue reading

Share
Posted in ပုံနှိပ်စာမျက်နှာပေါ်မှစာမူများ, ၀တ္ထု | 4 Comments

အစုန်မှာ အဆန်ဆင့်ပါလို့

Number of View: 5281         “ အဖေကတော့ တကယ်ပဲဗျာ.. ကျွန်တော်အခုမှ ပြန်ရောက်တာ အင်္ကျီတောင်မလဲရသေးဘူး၊ ချိန်ပြီးပြီဆိုရင်လဲ ဘာလို့ ထပ်ချိန်စရာလိုသေးလို့လဲ၊ အဖေကလေ ကျွန်တော့်ကိုမှ မခိုင်းရရင်   ကျေကို မကျေနပ်ဘူး၊ အဖေက တစ်ခါတစ်လေ တကယ့်ကိုပဲ…”            ငွေတိုးရဲ့ စကားလုံးတွေက ကျုပ်ရင်ထဲမှာ နင့်ခနဲကို ဖြစ်သွားရတယ်။ သူက ပြောပြောဆိုဆို အိပ်ခန်းထဲ ၀င်သွားပေမယ့် ကျုပ်မှာတော့ ၀ဲတက်လာချင်တဲ့ မျက်ရည်စတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ဖယ်ရှားရင်း ပရုပ်ဆီနံ့ … Continue reading

Share
Posted in ပုံနှိပ်စာမျက်နှာပေါ်မှစာမူများ, ၀တ္ထု | 11 Comments

အိပ်မက်တို့ မြစ်ဖျားခံရာ (၄)

Number of View: 1944 အိပ်မက်တို့ မြစ်ဖျားခံရာ(၄)အတွက် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ၊ Beauty Maxမဂ္ဂဇင်း မှာ ဖော်ပြခံခဲ့ရတဲ့ “ ပင်ရှင်နာ ” ဆိုတဲ့ ၀တ္တုတိုလေးကို ရွေးချယ်ပေးချင်ပါတယ်။ ပင်စင်စား သက်ကြီးရွယ်အိုများအတွက် ပင်စင်လစာတွေ တိုးမြှင့်လိုက်ပြီလို့ တရားဝင်   ကြေညာလိုက်ချိန်မှာ ပင်စင်စားတစ်ယောက်ရဲ့သမီးဖြစ်တဲ့ ကျွန်မကို အချိန်အခါနဲ့ ကိုက်ညီစွာ ဒီဝတ္တုလေး   ရေးဖြစ်စေဖို့အတွက် တွန်းအားပေးခဲ့ပါတယ်။ ကျွန်မ ဖခင်က ကျန်းမာရေးဝန်ကြီးဌာနအောက်မှာရှိနေတဲ့ ဌာနတစ်ခုက အရာထမ်းတစ်ဦး   … Continue reading

Share
Posted in ပုံနှိပ်စာမျက်နှာပေါ်မှစာမူများ, အိပ်မက်တို့ မြစ်ဖျားခံရာ | 1 Comment

အိပ်မက်တို့ မြစ်ဖျားခံရာ (၃)

Number of View: 4635  အိပ်မက်တို့ မြစ်ဖျားခံရာ (၃) အတွက် ဒီလထုတ် ဗြူတီမဂ္ဂဇင်းမှာ ဖော်ပြခံခဲ့ရတဲ့ “ကောက်ရိုးလေးတစ်မျှင် ” ဆိုတဲ့ ၀တ္တုလေးကိုပဲ ရွေးချယ်ဖြစ်ခဲ့ပါတယ်။ ဒီဝတ္တုလေးက   မေလ ဆန်းတုန်းက မဂ္ဂဇင်းတိုက်ကို ပို့ထားခဲ့ပြီး ၀က်ဘ်ဆိုက်မှာတော့ မေလကုန်မှာ တင်ခဲ့ဖြစ်တဲ့ ၀တ္တုလေးပါ။ ဒီဝတ္တုလေး ရေးဖြစ်ဖို့ စေ့ဆော်ခဲ့တဲ့ အကြောင်းအရာ နှစ်ခုရှိခဲ့တာကို ပြောပြချင်ပါတယ်။   ပထမအကြိမ်စေ့ဆော်မှု ကျွန်မ လမ်းသွားရင် အရမ်းကို စူးစမ်းတတ်ပါတယ်။ လမ်းမှာ လှုပ်ရှားသွားလာနေကြတဲ့ … Continue reading

Share
Posted in ပုံနှိပ်စာမျက်နှာပေါ်မှစာမူများ, အိပ်မက်တို့ မြစ်ဖျားခံရာ | 11 Comments

အိပ်မက်တို့ မြစ်ဖျားခံရာ (၂)

Number of View: 4187 Youth Magazine မှ သရုပ်ဖော်ပုံ အိပ်မက်တို့ မြစ်ဖျားခံရာ အမှတ်စဉ်(၂) အတွက် လတ်လတ်ဆတ်ဆတ် ထွက်ထားတဲ့ Youth Magazineက ကျွန်မရဲ့ Blog Postလေး တစ်ပုဒ်ကို  ကြားဖြတ် ဖော်ပြပေးချင်ပါတယ်။  ဒီပို့စ်လေးက ကျွန်မရဲ့ ပထမဆုံး ပုံနှိပ်စာအုပ်လေးဖြစ်တဲ့ “အိပ်မက်ကောက်ကြောင်း” ရသစာစုများ စုစည်းမှုမှာလည်း ပါဝင်ထားပြီး ဖြစ်ပါတယ်။ Youth Magazine အယ်ဒီတာမှ ဒီစာမူလေးကို   နှစ်သက်လို့ ပြန်လည် ဖော်ပြချင်ပါတယ်လို့ ပြောလာတဲ့အတွက် … Continue reading

Share
Posted in ပုံနှိပ်စာမျက်နှာပေါ်မှစာမူများ, အိပ်မက်တို့ မြစ်ဖျားခံရာ | 11 Comments

အိပ်မက်တို့ မြစ်ဖျားခံရာ (၁)

Number of View: 4503 ဒီကဏ္ဍလေးကို ခေါင်းစဉ်တစ်ခု သတ်မှတ်ပြီး ရေးမယ်ဆို စိတ်ကူးရှိနေခဲ့တာ အတော်ကြာခဲ့ပါပြီ။ ကျွန်မတို့လို အွန်လိုင်းမှာ စာကို ၀ါသနာအရရော၊ ချစ်မြတ်နိုးလို့ရော မိမိရဲ့ ကိုယ်ပိုင်အချိန်တွေကနေ ဖဲ့ဝေပြီးတော့ တစိုက်မတ်မတ် ရေးနေကြသူများ ရှိနေကြပါတယ်။ အွန်လိုင်းပေါ် ကျွန်မတို့ စာရေးကြတဲ့အခါ၊ လွတ်လပ်တယ်၊ လွယ်လွယ်ကူကူ ရေးတင်လို့ ရတယ် ဆိုပြီးတော့ ပြီးပြီးရော မရေးကြပါဘူး။ စာတစ်ပုဒ်မွေးဖွားဖို့ စာရေးသူတိုင်း အားထုတ်သလို အားလုံးက ရင်နဲ့ခံစား ရေးကြပါတယ်။ ကိုယ်မွေးထုတ်ထားတဲ့ စာမူတွေအပေါ် ကွန်မန့်တွေ … Continue reading

Share
Posted in ပုံနှိပ်စာမျက်နှာပေါ်မှစာမူများ, အိပ်မက်တို့ မြစ်ဖျားခံရာ | 14 Comments