Category Archives: တွေးမိတွေးရာ ရေးမိရေးရာ

ကြောက်တယ်ဆိုတာ ချိုနဲ့လား

Number of View: 8285 ကြိုတင်သိမြင်နိုင်တဲ့ အကြောက်တရား ( Known fear) နဲ့ကြိုတင်မမြင်နိုင်တဲ့ အကြောက်တရား (Unknown fear)မှာ ဘယ်အရာက သင့်ကိုပိုပြီး ကြောက်လန့်စေပါသလဲ….တဲ့။ အမယ်မင်း… ဘလော့ပြန်ရေးကြဖို့ နှိုးဆော်တဲ့ အနှီခေါင်းစဉ်ကြီးက မြင့်မားလေးနက်လွန်း လှပါတကား။ မြေကြီးလက်နဲ့ပုတ် လွဲချင်လွဲဦးမယ်၊ အခုတလော ဆံပင်ဖြူတွေ ပိုတိုးပွားလာရတဲ့အထဲ ဒီTag Postက မြသွေးနီကို ဆံပင်ဖြူနှုန်းတိုးစေမှာတော့ မလွဲ။ သို့သော်ငြား ဘလော့ရွာကြီး ပြန်လည်စည်ကားလာအောင် တီတင့်နဲ့ ဘလော့ဂါမောင်နှမတွေ စီစဉ်တဲ့ ဒီTag ပို့စ်လေးမှာတစ်တပ်တစ်အားပါဝင်ချင်စိတ်နဲ့အတူ၊ချစ်ခင်လေးစားစိတ်များနဲ့ရေးဖို့အတွက် … Continue reading

Share
Posted in Tag Post, တွေးမိတွေးရာ ရေးမိရေးရာ | 12 Comments

ခဲဖျက်တုံးကလေးများ

Number of View: 8891 တစ်နေ့က စူပါမားကက်ကြီးတစ်ခုရဲ့ စာရေးကိရိယာအရောင်းကောင်တာမှာ ရုံးအတွက် လိုအပ်တဲ့ နုတ်ပက်လေး သွားဝယ်ရင်း ကျွန်မရဲ့မျက်စိက စာရေးကရိယာတွေ ကြားထဲမှာ လှပတဲ့ အရုပ်လေးတွေ အရောင်စုံ၊ ဒီဇိုင်းစုံနဲ့ တွေ့လိုက်မိတယ်။ ကလေးတွေ၊ လူငယ်လေးတွေ အလုအယက်နဲ့ ရွေးယူနေကြလို့။ ဒါနဲ့ မနေနိုင်လို့ ကောက်ယူကြည့်မိလိုက်တော့ ဘုရားရေ.. ခဲဖျက်လေးတွေပါလား။ လှမှလှ။ ကားပုံ၊ ရေခဲမုန့်ပုံ၊ အသည်းနှလုံးပုံ၊ တွစ်တီပုံ၊ စနိုးဝှိုက်ပုံ၊ တိရစ္ဆာန်အကောင်လှလှလေးတွေပုံ၊ အို… စုံလို့။ ကလေးတွေအကြိုက်ပေါ့။ ကျွန်မလည်း မကြီးမငယ်နဲ့ … Continue reading

Share
Posted in တွေးမိတွေးရာ ရေးမိရေးရာ | 17 Comments

စိုးရိမ်တတ်သူ

Number of View: 9206 လူရယ်လို့ဖြစ်လာရင် စိုးရိမ်စိတ် မရှိတဲ့သူဆိုတာ မရှိသလောက်ပါဘဲ။ စိုးရိမ်သောက မဖြစ်ဘူးတဲ့သူဆိုလို့ ကျွန်မ တစ်ခါမှ မတွေ့ဖူးသေးဘူး။ ကျွန်မတို့ မိန်းကလေးတွေဟာလဲ တော်တော်များများ ကိစ္စတွေမှာ စိုးရိမ်စိတ်နဲ့ စိတ်ပူတတ်ကြတယ်။ မိန်းကလေးတွေမှ မဟုတ်ပါဘူး။ မိန်းကလေးတွေထက်  စိုးရိမ်တတ်၊ စိတ်ပူတတ်လွန်းတဲ့ ယောကျာ်းလေးတွေလဲ ကျွန်မရဲ့ ပတ်ဝန်းကျင်မှာ   တွေ့ဘူးတယ်။ ယောကျာ်းလေးတွေ စိုးရိမ်ပူပန်လွန်းရင်တော့ ဘေးက ကြည့်ရသူက စိတ်မသက်မသာ ပိုဖြစ်ရတယ်နော်။ အလုပ်ကိစ္စ၊   ငွေကြေးကိစ္စ၊ မိသားစုကိစ္စ၊ ကျောင်းကိစ္စ၊ … Continue reading

Share
Posted in တွေးမိတွေးရာ ရေးမိရေးရာ | 19 Comments

အဆင့်

Number of View: 10289 အဆင့်ဆိုတာက သတ်မှတ်ချက်တစ်ခု။ အဆင့်ဆိုတာ နေရာတစ်နေရာ။ သက်ရှိတွေအတွက်ရော၊ သက်မဲ့တွေအတွက်မှာပါ အဆင့်တွေ ခွဲခြား သတ်မှတ်ထားတယ်။ အဆင့်တွေနဲ့ ကင်းလွတ်တဲ့ သူဆိုတာ မရှိသလောက်ပါဘဲ။ အလုပ်တွေမှာ ရာထူးတွေ၊ ဌာနတွေနဲ့ အဆင့်တွေ ခွဲခြားထားတယ်။ မီးရထား၊ လေယာဉ် ၊ ဘတ်(စ်)ကား၊ ရုပ်ရှင်ရုံတွေမှာ အဆင့်တွေ ခွဲခြားထားတယ်။ ရိုးရိုးတန်း၊ အထက်တန်း၊ စပယ်ရှယ်၊ အထူးစပယ်ရှယ်၊ စီးပွားရေးသမားများသာ၊ ဗွီအိုင်ပီ၊ လက်ဖက်ရည်တောင် ရိုးရိုးနဲ့ ရှယ်ဆို အဆင့် ခွဲထားလိုက်သေး။ … Continue reading

Share
Posted in တွေးမိတွေးရာ ရေးမိရေးရာ | 21 Comments

ဗြောင်တောင်တောင် ဗေ..ဗေ့..ဂျိ

Number of View: 7030 ည..ည.. အိပ်မပျော်လို့ အတွေးတွေ ပျံ့လွင့်ပြန်တော့ ကဘောက်တိ ကဘောက်ချာနိုင်တဲ့ ကျွန်မရဲ့အတွေးတွေက ငယ်ငယ်တုန်းက ကစားတဲ့ဆီကို ပြန်ရောက်သွားပါတယ်။ ကျွန်မတို့ အားလုံးဟာ အပြစ်ကင်းစင်တဲ့ ငယ်စဉ်ကလေးဘ၀ကို မလွဲမသွေ ကျော်ဖြတ်ခဲ့ပြီး ကစားနည်း ပေါင်းစုံကို သူငယ်ချင်းများနဲ့၊ မောင်နှမများနဲ့အတူ ပျော်ရွှင်စွာ  ရိုးသားစွာ ဆော့ကစားဖူးခဲ့ကြမှာပါ။ ကစားနည်းတွေကလည်း တစ်မျိုးနဲ့တစ်မျိုး မထပ်စေရသလို ရိုးနိုင်တယ်ကို မရှိပါဘူး။ ကျွန်မတို့ ငယ်ငယ်က ကစားနည်းတွေက လူအများနဲ့ တစ်စုတစ်ဝေးကြီး ညီညီညွတ်ညွတ် ကစားရတဲ့ ကစားနည်းတွေ … Continue reading

Share
Posted in တွေးမိတွေးရာ ရေးမိရေးရာ | 12 Comments

စိုက်ထူထားသော

Number of View: 9576 ကျွန်မ လမ်းသွားရင် မျက်စိက အငြိမ်မနေတတ်ပါဘူး။ စပ်စုတယ်လို့ အဆိုးမြင်ဘက်ကပဲ ပြောရမလား..၊ ပါတ်ဝန်းကျင်လေ့လာမှု အားကောင်းတယ်လို့ အကောင်းမြင်ဘက်ကပဲ ပြောရမလား..၊ ကျွန်မကတော့ လမ်းသွားရင် ဘေးဘီဝဲယာ ကြည့်ပြီး သွားတတ်တယ်။ အမေ ပြောဖူးတာ မှတ်မိနေသေးတယ်။ ငယ်ငယ်ကလေးတုန်းက ကျွန်မနဲ့ လမ်းများသွားရင် ဘယ်တော့မှ လိုရာခရီးကို တော်တော်နဲ့ မရောက်တော့ဘူးတဲ့။ လမ်းတစ်လျှောက်က တွေ့သမျှ ဆိုင်းဘုတ်၊ ပိုစတာကြီးငယ် မှန်သမျှကို ရပ်ကြည့်လို့၊ နာမည်တွေကို အသံထွက် စာလုံးပေါင်းလို့ ဖတ်နေလိုက်တာ။ … Continue reading

Share
Posted in အတွေ့လေးရယ်တဲ့မှ အို..အကြုံ, တွေးမိတွေးရာ ရေးမိရေးရာ | 18 Comments

ဘတ်(စ)ဖွဲ့

Number of View: 9618 လူအများနဲ့ စည်ကားနေတတ်တဲ့ နေရာတစ်ခုကို ပြပါဆိုရင်၊ ပစ်မလွဲ လက်ညှိုး ထိုးပြမိမှာက ဘတ်(စ)ကား မှတ်တိုင်များ။ အထူးသဖြင့် ရုံးဆင်းရုံးတက်ချိန် ဆိုရင်ဖြင့် ကားမှတ်တိုင်တိုင်းမှာ ခရီးသည်တွေက စည်စည်ကားကားနဲ့ ကြိတ်ကြိတ်တိုးဝှေ့နေကြပြီ။ မှတ်တိုင်တွေမှာ တာဝန်ရှိသူတွေက ဘတ်(စ)ကားတွေကို စံနစ်တကျ ရပ်ဖို့ ၀ီစီကို တတွီတွီနဲ့ မှုတ်လို့ ညွှန်ကြားနေပြီ။ ဘတ်(စ)ကားတွေကလဲ တစ်စီးပြီး တစ်စီး မှတ်တိုင်မှာ ရောက်ရှိနေပြီ။ လူသံ၊ ကားသံ၊ ၀ီစီသံ၊ စပယ်ယာသံတွေ သောသောညံ စည်ကားနေတတ်တဲ့ … Continue reading

Share
Posted in တွေးမိတွေးရာ ရေးမိရေးရာ | 22 Comments

ခေါင်းညိတ်ကြသူများ

Number of View: 12055  ခေါင်းညိတ်၊ ခေါင်းခါဆိုတာ ငယ်စဉ် ချိုမိုင်မိုင် စလုပ်တတ်တဲ့ နို့နံ့မစင်သေးတဲ့ ကလေး ဘ၀ထဲက တတ်ခဲ့ကြတာမျိုးပါ။ စစချင်း ကလေးဘ၀မှာတုန်းကတော့ ခေါင်းတွေ ညိတ်တာကို ဟုတ်တယ်၊ မှန်တယ်၊ သိတယ်။ ခေါင်းခါတာဆိုတာ မဟုတ်ဘူး၊ မမှန်ဘူး၊ မသိဘူးရယ်ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်မှန်း သိလို့  ပြုမူခဲ့တာမဟုတ်ဘူး။ သဘာဝက ပေးတဲ့ အလိုအလျှောက် တုန့်ပြန်တတ်တဲ့ သဘောအရ မိမိစိတ်သဏ္ဍာန်မှာ ထင်ဟပ်လာတဲ့အတိုင်း ခေါင်းညိတ်၊ ခေါင်းခါ ပြုမူမိလိုက်မိတာပါ။ အဲ့ဒီ အရွယ်တုန်းက … Continue reading

Share
Posted in တွေးမိတွေးရာ ရေးမိရေးရာ | 25 Comments