Category Archives: နှစ်သက်စရာသူတို့စာ

စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ်နှင့်ဆရာမ မသီတာ(စမ်းချောင်း)

Number of View: 9593 မည်သည့်မိတ်ဆက်ပွဲ၊ ဧည့်ခံပွဲများ၊ အခမ်းအနားများကိုမဆို အလုပ်နှင့် ပတ်သက်လျှင်ဖြစ်စေ၊ မိသားစုနှင့် ပတ်သက်လျှင်ဖြစ်စေ များသောအားဖြင့် ကျွန်မရှောင်ရှားလေ့ ရှိသည့်အတွက် လူမှုရေးတာဝန်မကျေသူ တစ်ဦးဟုပင် သတ်မှတ်ကြမည် ထင်သည်။  သို့သော် စာတွေ   ပြန်ရေးပြီး နောက်ပိုင်း စာအုပ် မိတ်ဆက်ပွဲများ အတန်အသင့် တက်ရောက်တတ်လာသည်။ စာအုပ်မိတ်ဆက်ပွဲများတွင် ကျွန်မလေးစားနှစ်သက်ရသည့် စာရေးဆရာများကို အရှင်လတ်လတ်   မြင်တွေ့ခွင့် ရသည့် ကျေနပ်စိတ်ကလေးဖြင့် ကျွန်မ တက်ရောက်ဖြစ်ခဲ့သည်က များသည်။ အထူးသဖြင့် ယခုနောက်ပိုင်း … Continue reading

Share
Posted in အတွေ့လေးရယ်တဲ့မှ အို..အကြုံ, နှစ်သက်စရာသူတို့စာ | 12 Comments

အလင်းဆုံးကြယ်ကို လူငယ်လို့ ရေးလိုက်

Number of View: 9664 ၂၀၁၂ ခုနှစ်၊ မတ်လ teen Magazineတွင် ဖော်ပြခဲ့သည့် ဆရာမြေလတ်မောင်မြင့်သူ၏ ကဗျာရှည်အား နှစ်သက်စွာ ပြန်လည် မျှဝေလိုက်ပါတယ်။ ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

Share
Posted in နှစ်သက်စရာသူတို့စာ | 16 Comments

ဒီမိုးကရေစီးတယ်

Number of View: 19402 ( ဒါရိုက်တာ မင်းထင်ကိုကိုကြီးရဲ့ နှစ်သက်စရာ ကဗျာလေးတစ်ပုဒ်မို့ ကာယကံရှင်ကို ခွင့်တောင်းပြီး မျှဝေပေးလိုက်ပါတယ်။ teen Magazine၊ အမှတ် ၁၀၈၊ နိုဝင်ဘာလမှာ ဖော်ပြခဲ့တဲ့ကဗျာလေးပါ။ မူရင်းအရသာ မထိခိုက်စေဖို့ ပန်းချီလင်းဝဏ္ဏရဲ့ သရုပ်ဖော်ပုံနဲ့အတူ မဂ္ဂဇင်းထဲကအတိုင်း ဖော်ပြလိုက်ပါတယ်။ teen Magazineမှာ ကဗျာရှည်များကို ဖော်ပြလျှက် ရှိရာမှာ၊ ထူးခြားတဲ့ တင်ပြမှုနဲ့ ရသတစ်ခုခု ပေးနိုင်တဲ့ ကဗျာများကိုသာ ဖော်ပြပေးနေတာ တွေ့ရပါတယ်။ ဒါကြောင့် teen Magazine ရပြီဆိုတာနဲ့ … Continue reading

Share
Posted in ကဗျာ, နှစ်သက်စရာသူတို့စာ | 31 Comments

ဘလော့ဂ်ရေးသူများသို့စာလေးတစ်စောင် – နုနုရည်(အင်းဝ)

Number of View: 5821ဒီနေ့မနက်မှာ ရုံးရောက်ရောက်ချင်း မေးလ်စစ်လိုက်တော့ မိတ်ဆွေကြီး မြစ်ကျိုးအင်းဆီက စာဝင်နေတာ ဖတ်ရပါတယ်။ သူက ကျွန်မလေးစားနှစ်သက်ရတဲ့ ဆရာမနုနုရည်(အင်းဝ)ရဲ့ ဘလော့ဂါများကို ရည်ညွှန်းရေးထားတဲ့ ဆရာမရဲ့လက်ရေးနဲ့ JPEG ခုတ်ပြီးပို့လိုက်တဲ့ စာမျက်နှာ ၄မျက်နှာ Attached တွဲပြီး ပို့လိုက်တာပါ။ ဒီစာလေးဟာ ကျွန်မတို့လို အွန်လိုင်းမှာ စာရေးနေသူများအတွက် ခွန်အားဖြစ်စေသလို   ဆရာမရဲ့ ဘလော့ဂါများအပေါ် ထားရှိတဲ့ စေတနာကိုလည်း တွေ့မြင်လိုက်ရပါတယ်။ အလားတူ “ရသစာပေဆိုတာ လူ့ယဉ်ကျေးမှုကြီးတစ်ခုလုံး ပျောက်ကွယ်မသွားသရွေ့ အမြဲ  ရှိနေမှာပါ” ဆိုတဲ့ … Continue reading

Share
Posted in နှစ်သက်စရာသူတို့စာ | 7 Comments

ရှင်ကွဲ

Number of View: 6891 ၀တ္တုခေါင်းစဉ် – ရှင်ကွဲ ရေးသားသူ – နုနုရည် (အင်းဝ) တမာပင်လေးတွေ စီတန်းပေါက်နေတဲ့ လမ်းကလေးထဲကို မြင်းလှည်းချိုးကွေ့ဝင်လိုက်တာနဲ့ အိမ်ရဲ့ အနံ့ကို ကျွန်မရတယ်။ ဟိုး….. လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကျော်က ကျစ်ဆံမြီး နှစ်ဖက်ချထားတဲ့ ကောလိပ်ကျောင်းသူဘ၀နဲ့ ပြန်လာတုန်းကလည်း သည်အနံ့ပါပဲ။ လုံခြုံနွေးထွေးတဲ့ အိမ်ရဲ့အနံ့ဟာ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူးထင်ပါရဲ့။ ပြောင်းလဲသွားတာကတော့ ကျွန်မပဲပေါ့။ မျက်နှာချင်းဆိုင် မြင်းလှည်းက မှန်ချပ်လေးထဲမှာ နဖူးဆံစတွေ ဖြူဖွေးစ ပြုနေတဲ့ အသက်ငါးဆယ်ကျော် … Continue reading

Share
Posted in နှစ်သက်စရာသူတို့စာ | 5 Comments

အချစ်ဆိုတာ ကြိုးနဲ့သီဖို့မလိုတဲ့ ပန်းကလေးတွေ

Number of View: 8486 ဂျူး – သက်တံရောင်စဉ်ဂျာနယ်၊ အမှတ်(၁)၊ အတွဲ(၁) ဇာတ်လမ်းအဓိကမဟုတ်သော ၀တ္ထုတစ်ပုဒ်လို သူနှင့်ကျွန်မ ချစ်ခဲ့ကြပါသည်။ ကျွန်မတို့မှာ အဖြစ်အပျက်တွေ ကြုံကြိုက်မှုတွေရှိသည်။ သို့သော် ဘာပြီးရင် ဘာလာရမယ်ဟူသော ဖြစ်စဉ်တွေ မရှိပါ။ ကျွန်မတို့မှာ ဆန္ဒတွေရှိသည်။ သို့သော် မျှော်လင့်ချက်မရှိပါ။ ကျွန်မတို့မှာ မှန်းဆကြည်နူးမှုတွေရှိသည်။ သို့သော် အနာဂတ်မရှိပါ။ ကျွန်မနှင့်သူ၏အချစ်သည် မွှေးပျံ့သော၊ လှပသော စံပယ်ပန်းများဖြစ်သည်ဆိုလျှင် လက်ထဲမှာ ထွေးဆုပ်ထားသော ပန်းများပဲ ဖြစ်မည်။ စံပယ်ကုံးတစ်ကုံး မဟုတ်ခဲ့။ ကျွန်မတို့၏ … Continue reading

Share
Posted in နှစ်သက်စရာသူတို့စာ | 11 Comments

ပင်လယ်

Number of View: 2574

Share
Posted in ကဗျာ, နှစ်သက်စရာသူတို့စာ | Leave a comment

ထိုနေ့

Number of View: 1599{ကဗျာဆရာ ဆက်ဝေမိုး ရဲ့ ကဗျာလေးတစ်ပုဒ်ပါ။ သဘောကျလို့ ဘလော့ဂ်တစ်ခုမှကူးယူမျှဝေလိုက်ပါတယ်.} (သရုပ်ဖေါ် ပန်းချီ သန်းဌေးမောင်) *“ ထိုနေ့ ” အစကတည်းက ကြိုရောက်နှင့်နေပြီ… ခွဲခွာခြင်းက လက်တကမ်းမှာ…… မတွေ့ဆုံခဲ့ရတာလည်း မဟုတ် မခွဲခွာခဲ့ရတာလည်း မဟုတ် အရာအားလုံး ဖြစ်ခဲ့တယ်…… မျှော်လင့်ထားသလို…… ဒီလိုနဲ့ … ကြိုလွမ်းနှင့်ပြီ…..။ <ဆက်ဝေမိုး > ၁၀၀၅၂၀၀၉

Share
Posted in ကဗျာ, နှစ်သက်စရာသူတို့စာ | Leave a comment