Category Archives: အသိသစ်တံခါးချပ်များ

အချစ်.. ပြီးတော့…

Number of View: 12998                 နေရာလေးတစ်ခု။ ဒီနေရာလေးမှာ မတူညီတဲ့ခံစားချက်တွေ အတူတကွ စုဝေးနေထိုင်ကြတယ်လို့ပဲ ပြောရမလား မသိ။ ခံစားချက်တစ်ခုချင်းစီရဲ့ သက်ရောက်မှုတွေက အချစ်ကို ပျော်ရွှင်၊ အံ့သြ၊ တက်ကြွ၊ သနား၊ ၀မ်းနည်းမှုတွေ ကိုယ်စီကိုယ်ငှ ပေးစွမ်းခဲ့ကြတာ။ မတူညီတဲ့ခံစားချက်တစ်မျိုးစီတိုင်း အချစ်ကို လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့တာကတော့ သေချာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချစ်ကတော့ ကျေနပ်နေမိတယ်။ ပျော်ရွှင်နေမိတယ်။ ကြည်နူးနေမိတယ်။ ဟုတ်တယ်လေ။ ဒီလို ချစ်ခင်မြတ်နိုးနေမယ့်သူတွေ ၀ိုင်းဝိုင်းလည်နေတာကို ဘယ်သူက မနှစ်သက်ပဲရှိပါ့မလဲ။ တကယ်တော့ အချစ်ရဲ့အနားမှာ အခုလို ချစ်ခင်မြတ်နိုးတဲ့သူတွေ  … Continue reading

Share
Posted in ရာသီစာ, အသိသစ်တံခါးချပ်များ | 14 Comments

ဤခရီး ဝေးလွန်းပါသလား

Number of View: 10204 ညနေစောင်း ရုံးဆင်းချိန်မို့ ရန်ကုန်မြို့လယ်လမ်းမတစ်လျှောက် လူစည်ကားနေပါတယ်။ မနက်ဖြန် ရုံးထမင်းဘူး ကျောင်းထမင်းဘူးအတွက် ညဈေးဝင်ပြီး ဟင်းလျာဝယ်ခြမ်းရဦးမှာမို့ ကျွန်မရဲ့ခြေလှမ်းတွေကို အရှိန်မြှင့်လိုက်ပါတယ်။ လမ်းမကြီးရဲ့ ထောင့်ချိုးအကွေ့ကိုရောက်ချိန် ညာဘက်က မာလကာသီးရောင်းသူရဲ့ ဈေးဆိုင်းထမ်းကို အရှောင်မှာ ကျွန်မရဲ့ဘယ်ဘက်က တစ်စုံတစ်ခုနဲ့ အမှတ်မထင် ၀င်တိုက်မိပါတယ်။ “အိုး” လို့ ကျွန်မနှုတ်က ထွက်သွားတဲ့ မရှေးမနှောင်းမှာပဲ “ဒေါ်ကြီး…ကန်တော့…ကန်တော့” ဆိုတဲ့ ကလေးတစ်ယောက်ရဲ့ အသံကို ကြားလိုက်ရတယ်။ ပီနံအိတ်ကို ပခုံးမှာတင်ပြီး ခါးကိုင်းညွတ်မတတ် ဆွဲလာတဲ့ ၁၀နှစ်အရွယ် … Continue reading

Share
Posted in အသိသစ်တံခါးချပ်များ, လေးစားထိုက်သူများ | 13 Comments

ရပ်တန့်မနေကြပါနဲ့

Number of View: 5212 ရွှေမြန်မာဥယျာဉ်ဆိုရှယ်ဆိုက်အတွက် ရေးပေးဖြစ်ခဲ့တဲ့ ပို့စ်လေး အမှတ်တရ ပြန်သိမ်းရင်း တင်ပေးလိုက်ပါတယ်။ ( စကားချပ် – ဒီအစီအစဉ်လေးမှာ တကယ်တမ်းပါဝင်ရေးသားခဲ့သူ ၅ဦးပါ။ ကျွန်မ ပုံလေးကို screen shot မယူတတ်ယူတတ်နဲ့ ယူထားတာမို့ ၂ယောက်ထဲပါနေပါတယ်။ ကျန်(၃)ယောက်ဖြစ်တဲ့ ကွန်ဆူးမား၊ ညီလင်းနိုင်၊ ခိုင်လေး(ရွှေတောင်)တို့ မပါဝင်ဖြစ်နေတာ နားလည်ပေးကြပါရှင်။  ) တစ်နေ့မှာ ကျွန်မ မေးလ်တစ်စောင် လက်ခံရရှိပါတယ်။ စာထဲမှာ လာမယ့် ဒီဇင်ဘာလမှာ စီစဉ်တင်ဆက်မယ့် လူငယ်များအတွက် စိတ်ခွန်အားဖြစ်စေမယ့် … Continue reading

Share
Posted in အသိသစ်တံခါးချပ်များ | 9 Comments

သူကြွယ်သူဌေးအစစ်

Number of View: 9179 အဘိုးအိုတစ်ယောက် မြစ်ကမ်းနဘေးမှာ အညောင်းပြေ လမ်းလျှောက်နေတဲ့ တစ်နေ့မှာပေါ့။ အဘိုးအိုဟာ မြစ်ကမ်းနဖူးပေါ်မှာ စိတ်ပျက်လက်ပျက်ထိုင်နေတဲ့ လူငယ်တစ်ယောက်နဲ့ သွားဆုံမိတယ်။ လူငယ်က သက်ပြင်းတွေချ ညည်းတွားလို့။ မျက်နှာပြင် တစ်ခုလုံးလည်း ရွာတော့မယ့်မိုးလို အုံ့မှိုင်းလို့။ အဘိုးအိုက မေးလိုက်တယ်။ “ ကလေး.. မင်းဘာဖြစ်နေတာလည်းကွ.. ဟေ… မျက်နှာကြီးက သုန်မှုန်လို့ပါလား ” လို့ အဘိုးအိုက လူငယ်ကို ဂရုတစိုက်နဲ့ မေးလိုက်တယ်။ လူငယ်က အဘိုးအိုကို ကြည့်ပြီး သက်ပြင်းချကာ ပြောလိုက်တယ်။ … Continue reading

Share
Posted in အသိသစ်တံခါးချပ်များ | 17 Comments

အံဝင်ခွင်ကျတဲ့ဘဝ

Number of View: 9261 နေ့စဉ်မနက် (၁၁)နာရီလောက်ဆို တောက်ပတဲ့ နောက်ဆုံးပေါ် တံခါးခြောက်ပေါက်နဲ့ မာစီးဒီး ကားကြီးတစ်စီးဟာ မြို့လည်က ပန်းခြံနားကနေ ဖြတ်သန်း သွားလေ့ရှိတယ်။ အဲ့ဒီ ကားရဲ့နောက်ခန်းမှာ ထိုင်နေသူကတော့ လူတိုင်းသိတဲ့ ကုဋေများစွာ ချမ်းသာတဲ့ အကောင်းဆုံးသော ဟိုတယ်ကြီး တစ်ခုကိုပိုင်ဆိုင်ထားသူ သူဌေးကြီးဘဲပေါ့။ ဒီသူဌေးကြီးဟာ သူပိုင်တဲ့ ဟိုတယ်ကို နေ့စဉ်သွားတိုင်း သူ့ဟိုတယ်ရဲ့ အနားက ပန်းခြံလေးကို သူစီးတဲ့ ကားက ဖြတ်မောင်းပြီး သွားရလေ့ရှိတယ်။ အဲ့ဒီလို နေ့စဉ် ဖြတ်မောင်းသွားတုန်း သူတစ်ခု … Continue reading

Share
Posted in အသိသစ်တံခါးချပ်များ | 14 Comments

သဲနဲ့တူတဲ့အချစ်

Number of View: 11408 သားအမိ နှစ်ယောက် ပင်လယ်ကမ်းခြေ တစ်နေရာမှာ အတူတူရှိနေကြတယ်။ သမီးဖြစ်သူက လက်ထပ်ခါနီး သတို့သမီးလေးပေါ့။ သမီးက မေမေ့ကို အခုလို မေးလိုက်တယ်။ “မေမေ..သမီးလက်ထပ်ပြီးရင် သမီးချစ်သူရဲ့ ချစ်ခြင်းမေထ္ထာကို သမီးလက်ထဲမှာ အမြဲထာဝရ ပိုင်ဆိုင်နိုင်အောင်၊ သမီးကို သူ ခွဲခွာမသွားနိုင်အောင် ဘယ်လိုပုံစံမျိုးနဲ့  နေသင့်သလဲ..ဟင် ..မေမေ ” လို့ မေးလိုက်တယ်။ သမီးရဲ့ မေးခွန်းကို ကြားတော့ မေမေက နူးညံ့သိမ်မွေ့စွာ ပြုံးလိုက်တယ်။ ပြီးတော့ သဲပြင်ပေါ် ဒူးထောက်ထိုင်ချလိုက်ပြီး … Continue reading

Share
Posted in အသိသစ်တံခါးချပ်များ | 20 Comments

အပြောကျယ်တဲ့စိတ်

Number of View: 8898 မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ လူတစ်ယောက်ဟာ ထောင်ထဲမှာ အပြစ်ကျခံနေရတယ်။ သူအကျဉ်းကျခံနေရတဲ့ အခန်းလေးက သိပ်ကို       ကျဉ်းရှာတယ်။ သူ့စိတ်ထဲမှာ အခန်းက ကျဉ်းလွန်းတော့ စိတ်မသက်မသာနဲ့ ကျဉ်းကျပ်သလို ခံစားနေရတာပေါ့။ တစိမ့်စိမ့် ဒေါသတွေလည်း ထွက်နေမိတယ်။ သူ ကျုးလွန်ခဲ့တဲ့ ပြစ်မှုကိုမေ့ပြီး မတရားညှင်းဆဲခံရတယ်လို့ ထင်နေမိတယ်။ ဒီလို အခန်းကျဉ်းလေးထဲ နေ့တစ်ဓူဝ နေနေရတာ   လောကီငရဲတွင်းထဲ အရှင်လတ်လတ် ကျနေသလို ထင်နေပြီး နေ့စဉ်နဲ့အမျှ လူတွေသာမက ရှိရှိသမျှ နတ်တွေကိုပါ … Continue reading

Share
Posted in အသိသစ်တံခါးချပ်များ | 18 Comments

အိမ်ရှင်မများအောင်မြင်စေချင်

Number of View: 8639 အိမ်တစ်အိမ်လုံးရဲ့ အိမ်မှုကိစ္စအ၀၀ကို ထောင့်စေ့အောင် ထိမ်းသိမ်းဆောင်ရွက်၊ စီးတဲ့ရေ ဆည်တဲ့ ကန်သင်းဆိုသလို လင်ယောကျာ်း တစ်လအပ်သမျှ မျှတအောင် စီမံခန့်ခွဲ၊ မလေလွင့်သင့်တာ မလေလွင့်ရလေအောင် သိမ်းထုတ်သေချာ စုဆောင်း၊ သားသမီးများကို လိမ်မာရေးခြားရှိအောင် ပဲ့ပြင်ထိမ်းကြောင်းသူကို အိမ်ရှင်မရယ်လို့ သတ်မှတ်ခဲ့ကြမယ် ထင်ပါတယ်။ အိမ်ရှင်မဆိုတဲ့ စကားက စာလုံးလေး သုံးလုံးမျှသာပေမယ့် အဲ့ဒီ ဂုဏ်ပုဒ်လေးနဲ့ ညီညွတ်အောင် ဆောင်ရွက်ကြရတဲ့ ကျွန်မတို့ မိန်းမသားများရဲ့ တာဝန်ဝတ္တရားတွေက တကယ်တမ်းကြတော့ မသေးလှပါဘူး။ မိုးလင်းလို့ မျက်လုံးနှစ်လုံး … Continue reading

Share
Posted in အသိသစ်တံခါးချပ်များ | 14 Comments