ပြက္ခဒိန်ပေါ်က လက်ကျန်ရက်စွဲများ
Number of View: 6071
( အမာခံအဖွဲ့ဝင် ညီမ အိသိင်္ဂီ ပြုစုရေးသားထားသည်များအား ၃.၁.၂၀၁၀နေ့မှကျရောက်မယ့် STA  ၁ နှစ်ပြည့်အတွက် အိသိင်္ဂီကိုယ်စား ပြန်လည်ဖော်ပြပေးခြင်းပါ။)
၂၀၁၀ပြည့်နှစ်၊ ဇန်န၀ါရီလ (၃)ရက်နေ့သည် ကျွန်မတို့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေး ပရဟိတ လူငယ်များအဖွဲ့ (Save the Aged) ၏ တစ်နှစ်ပြည့်မြောက် သော အခါသမယပင် ဖြစ်ပေသည်။တစ်နှစ်ဆိုသောအတိုင်းအတာ ကာလတိုလေးအတွင်းမှာပင် အဖွဲ့၏ ပင်မပရပိာတ လုပ်ငန်းစဉ်ဖြစ်သော စောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေး အပိုင်းတွင်  ကျွန်မတို့အဖွဲ့မှ ရာသက်ပန် တာဝန်ယူ စောင့်ရှောက်၊ထောက်ပံ့မှုပေးနေသော အဖိုးအဖွား စုစုပေါင်း (၁၉) ဦး ရှိခဲ့ပြီဖြစ်သည်။ စောင့်ရှောက်ထောက်ပံ့မှု ပေးနေသော အဖိုးအဖွား (၁၉) ဦးအား အဖွဲ့ဝင်များ သိရှိ သာဓု ခေါ်ဆိုနိုင်ကြပါရန် စုစည်းတင်ပြရင်း စောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေးအပိုင်းတွင် စိတ်ဝင်တစား အချိန်ပိုင်းပရပိာတ လုပ်အားပေး ကူညီလုပ်ကိုင်ပေးလိုသူများကို လည်း နွေးထွေးစွာဖိတ်ခေါ်လိုက်ရပါသည်။
ပထမဆုံး အစောင့်အရှောက်ခံ အဖိုးမှာ STA မှတာဝန်ယူ စောင့်ရှောက်ထားသော အဖိုးအဖွားများအနက် အသက်အကြီး ဆုံးဖြစ်သူ အဖိုးဦးသိန်းဖြစ်သည်။ အဖိုးသည် ဗိုလ်စိန်မှန် ရပ်ကွက် ဗိုလ်လက်ျာလမ်းတွင် နေထိုင်ပြီး အသက်အားဖြင့် (၉၁)နှစ် ရှိပြီ ဖြစ်သည်။ ယခင်က အဝေးပြေးကားမောင်းခြင်း၊ ၀ပ်လျှော့အလုပ် လုပ်ကိုင်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုခဲ့ သော်လည်း ယခုမူ နေ့နှင့်ည အမှတ်မှားကာ နေ့ခင်းဘက်တွင် တစ်နေကုန် အိပ်၍ ညဘက်မှသာ နိုးနေတတ်သည်။ ထို့ပြင် လေဖြတ်ထားသည်မှာ(၂)နှစ်ခန့်ရှိ၍ အာရုံကြောများကောင်းစွာ အလုပ်မလုပ်တော့သောကြောင့် မည်သည့် အရာကိုမှ ကောင်းစွာ မမှတ်မိတော့ချေ။ လွန်ခဲ့သော သီတင်းကျွတ်လက မလေးရှား STA အဖွဲ့ဝင်များကိုယ်စား ဘိုးဘွားများအား လိုက်လံကန်တော့စဉ် (၂၀)ကျပ်တန်လေးများကို မုန့်ဖိုးအဖြစ် ပြန်ပေးခဲ့သော အဖိုး၏ ချစ်စရာကောင်းသည့် အပြုမူလေး ကြောင့် မျက်ရည်လည်လောက်အောင် ခံစားမှုပီတိလေးကို မိုးညချမ်းရေးသားခဲ့သော ပို့စ်လေးအား ဖတ်ဖူးသူတိုင်း အမှတ်ရ လိမ့်မည်ပာု ထင်ပါသည်။
အဖိုး၏ ဇနီးမှာ STA ၏ ဒုတိယမြောက် စောင့်ရှောက်ထောက်ပံ့ခံဖြစ်သော အဖွား ဒေါ်နွဲ့နွဲ့စန်း ဖြစ်သည်။ အဖွားသည် အသက် ၆၃ နှစ် ရှိပြီဖြစ်ပြီး အဖိုးနှင့် အဖွား ဇနီးမောင်နှံတွင် သားသမီး မထွန်းကားခဲ့ချေ။ ယခင်က တူမတစ်ယောက် မွေးစားခဲ့ဖူးသော်လည်း ဆုံးပါးသွားခဲ့ပြီဖြစ်သည်။ အဖိုးနှင့်အဖွားမှာ တောင်ဝှေးနှင့်ဖိုးသူတော် ပမာပင်။ လေဖြတ်ထားသောအဖိုးကို ဒိုင်ခံပြုစုစောင့်ရှောက်မှုပေးနေသော အဖွားမှာလည်း ဇရာ၏ ထုထောင်းမှု ဒဏ်တို့ကြောင့် ကျန်းမာရေးအကောင်းကြီးမပာုတ်ချေ။ ထို့ကြောင့်တောင်ဝှေးလဲလို့ ဖိုးသူတော် ထူနေနိုင်သော် လည်းဖိုးသူတော်ပါ လဲသွားရင်ကောဆိုပြီး စိုးတထိတ်ထိတ်ဖြင့် စောင့်ရှောက်ထောက်ပံ့မှု ပေးထားသော STA၏ ပထမဆုံးကန်တော့ခံ ကိုယ်စားမိဘ ဘိုးဘွား စုံတွဲပင်ဖြစ်ပါသည်။
အဖွဲ့မှ တတိယမြောက် အစောင့်အရှောက်ခံ အဖွားမှာ တာမွေ ဆီစက်ဝန်း၊ ကျူးကျော်ရပ်ကွက်တွင် နေထိုင်သော အဖွား ဒေါ်စန်းမြင့် ဖြစ်သည်။ အဖွားသည် အသက် ၇၄ နှစ် ရှိပြီ ဖြစ်သည်။ ခင်ပွန်းသည်မှာ လွန်ခဲ့သော (၁၄)နှစ်ခန့်က ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး ယခုတွင် ကန်စွန်းဥပြုတ်၊ ပြောင်းဖူးပြုတ် စသည်တို့ကို ရောင်းချ၍ အသက်မွေးဝမ်းကြောင်း နေရသူ ဖြစ်သည်။ ကျွန်မတို့ အဖွဲ့မှ အဖွားအား ၂၀၁၀ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး အဖွား၏ အမြဲတစေ ပြုံးရွှင်နေသော မျက်နှာထားကြောင့် ကျွန်မတို့အဖွဲ့လေး၏ ရှေ့ဆက်ရမည့် ခြေလှမ်းများအတွက် အားဆေးသဖွယ် အားတက်စေ သော အဖွားတစ်ဦးဖြစ်သည်။
STA ၏ (၄)ယောက်မြောက် အစောင့်အရှောက်ခံအဖွားမှာ ဗိုလ်စိန်မှန်ရပ်ကွက်၊ ပြည်လုံးချမ်းသာဘုရားတွင် နေထိုင်သော အဖွား ဒေါ်မြအေးဖြစ်သည်။ အဖွား၏ အသက်မှာ ၇၇ နှစ် ရှိပြီဖြစ်သည်။ အဖွားသည် အမျိုးသားရှိစဉ်ကတည်းက ချို့တဲ့စွာ နေခဲ့ရပြီး ကျောင်းတွင်ဈေးရောင်း၍ အသက်မွေးဝမ်းကျောင်းခဲ့ရသူဖြစ်သည်။ အဖိုးမကွယ်လွန်မီကပင် အဖွားနှင့် အဖိုးတို့၏ အားကိုးရာဖြစ်သော ဘုရားတရားအလုပ်ကိုသာ အားစိုက်ခဲ့ကြသည်။ ယခုတွင် အဖွားသည် နေ့ခင်းအချိန် ပြည်လုံး ချမ်းသာဘုရားတွင် ဘုရားဝတ်ပြုခြင်း၊ ဘုရားဝေယျာဝစ္စ လုပ်ကိုင်ခြင်းဖြင့် ဘုရားတွင်ပင် တစ်နေကုန်နေထိုင်ပြီး၊ ညအချိန်မှသာ အသိမိတ်ဆွေတစ်ဦး၏ အိမ်တွင် သွားရောက်အိပ်စက်ရလေသည်။ အဖွားသည် အမြဲတစေ တရားထိုင်နေလေ့ရှိသောကြောင့် အဖွား၏ မျက်နှာသည် အစဉ်သဖြင့် အေးချမ်းတည်ငြိမ်လှပေသည်။ ဓမ္မကိုနှလုံးသွင်းကာ အစဉ်ငြိမ်းချမ်းစွာဖြင့် ဘုရား ဝေယျာဝစ္စပြုလုပ်ရင်း နိစ္စဒူဝ ရပ်ဝေးရပ်နီးမှ STA အဖွဲ့သူအဖွဲ့သားများကို မေတ္တာပို့ ကုသိုလ်အဖို့ဘာဂများကိုလည်း အမျှပေးဝေနေတတ်သော အဖွားဖြစ်သည်။ သွားရောက် ကန်တော့စဉ်အခါတိုင်းလည်း ဆုများ အရှည်ကြီးပေးကာ အဖွဲ့ဝင်လူငယ် များ၏ မွန်မြတ်သောစိတ်ထား စုစည်အားကို သာဓုအကြိမ်ကြိမ်ခေါ်ဆိုနေသောအဖွားလည်းဖြစ်သည်။
တာမွေဆီစက်ဝန်း ကျူးကျော်ရပ်ကွက်တွင် နေထိုင်သော အဖိုး ဦးကြည်ဝင်းသည် STA ၏ (၅)ယောက်မြောက် အစောင့်အရှောက်ခံ အဖိုးဖြစ်သည်။ အဖိုးသည် ယခင်က စက်ရုံများတွင် လုံခြုံရေးအလုပ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး ၄င်းအလုပ် လုပ်ကိုင်ရင်းဖြင့် မိုးမိခြင်း၊ လေတိုက်ခံရခြင်းများကြောင့် လေဖြတ်၍ အိပ်ရာထဲ လဲခဲ့ရသည်။ အဖိုး၏ အသက်မှာ ၆၅ နှစ် ရှိပြီ ဖြစ်ပြီး အဖိုးလေဖြတ်၍ အိပ်ရာထဲ လဲခဲ့ရခြင်းကြောင့် မိမိကိုယ်ကို အားမကိုးနိုင်တော့။ အဖိုး၏ ဇနီးဖြစ်သူကိုသာ အားကိုး၍ အသက်ဆက်ခဲ့ရသည်။ အဖိုး၏ ဇနီးမှာ နေ့ခင်းအချိန်တွင် တစ်နေကုန်အပြင်ထွက်၍ အ၀တ်လျှော်ခြင်း၊ ရေခပ်ခြင်းအလုပ်ကို လုပ်ကိုင်နေရသောကြောင့် အဖိုးအား သေချာ မပြုစုနိုင်ပေ။ အဖိုးသည် ကိုယ်တိုင် ထမင်းခူးခပ်စားနိုင်ခြင်းမရှိသောကြောင့် ထမင်းကျွေးမည့်သူမရှိသည့်အချိန်တွင် ထမင်း ထ၍ မစားနိုင်ခဲ့။ ထိုသို့ဖြစ်ဖန်များလာသောအခါ အစာ အာဟာရမပြည့်ဝမှုဒဏ်ကို အဖိုး ခံစားခဲ့ရသည်။ အစာအာဟာရ မပြည့်ဝမှုကြောင့် အားနည်းလာသည်။ ထို့ကြောင့် (၇.၁၁.၂၀၁၀)ရက်နေ့တွင် ရုတ်တရက် အမောဖောက်ပြီး အသက်ရှုမ၀ ဖြစ်လာခြင်းကြောင့်  ကျွန်မတို့ STA မှတာဝန်ယူကာ ဆေးရုံတင်၍ ဆေးကုသမှု ခံယူစေခဲ့ရသည်။ ဆေးစစ်ချက်အရ TB ရောဂါအပြင်၊ အဆုတ်ပွနေပြီး ကျောက်ကပ်ပါ ထိခိုက်လျှက်ရှိကြောင်း သိရသည်။ ဆေးရုံတွင် စနစ်တကျဆေးကုသမှု ခံယူခဲ့စေသောကြောင့် အဖိုး ပြန်လည်ကျန်းမာလာပြီး (၁၀.၁၂.၂၀၁၀)တွင် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့လေသည်။ ယခုမူ အဖိုးနေထိုင်သော တာမွေဆီစက်ဝန်းအိမ်တွင် ကျန်းမာစွာ နေထိုင်လျှက်ရှိသည်။ ဓနိမိုး ၊ ဓနိကာ ဝါးကြမ်းခင်းလေးဖြင့် ယိုင်နဲ့နဲ့အိမ်ဂေပာာလေးအောက်မှ အဖိုးအတွက် တစ်နှစ်သားလေး STA ပာာ ခိုင်မာသော ဒေါက်တိုင်တစ်ခု ဖြစ်လို့နေခဲ့ပါပြီ။
အဖိုးဦးကျော်သိန်းနှင့် အဖွားဒေါ်တင်လှ ဇနီးမောင်နှံသည် STA ၏ (၆) ယောက်မြောက်နှင့် (၇)ယောက်မြောက် အစောင့်အရှောက်ခံ အဖိုးအဖွား ဖြစ်သည်။ အဖိုးနှင့် အဖွားသည် အင်းစိန်တွင် နေထိုင်သူများ ဖြစ်သည်။ ယခုလက်ရှိတွင် ဆိုင်ခန်းပြုလုပ်ရန် ဆောက်လုပ်ထားသော တဲအိမ်လေးကို ငှားရမ်းနေထိုင်လျှက်ရှိပြီး အဖိုးမှာ လေဖြတ်ထားသူတစ်ဦး ဖြစ်သည်။ အဖိုးသည် အသက် ၈၄နှစ် ရှိပြီဖြစ်ပြီး ယခင်က ရဲဝန်ထမ်းဟောင်းတစ်ဦးဖြစ်ကြောင်းသိရသည်။အဖွားမှာ အသက် ၈၂နှစ် ရှိပြီဖြစ်သော်လည်း အလုပ်လုပ်ကိုင်နိုင်ခြင်း မရှိတော့သော အဖိုးအား သူများအိမ်တွင် အငှားအ၀တ်လျှော်၍ လုပ်ကိုင် ကျွေးမွေး ပြုစုနေသူဖြစ်သည်။ အဖိုးနှင့် အဖွားတွင် သားသမီးထွန်းကားခဲ့ခြင်းမရှခဲ့ပေ။ကိုယ်စားမိဘ ဆိုသည့်အတိုင်း STA ၏နွေးထွေးမှုမေတ္တာ ပေးဝေမှုတို့ကြောင့် မလုံလောက်ခဲ့သည့်တိုင်အဖိုးနှင့် အဖွားအတွက် တစ်လတခါ အသက်ဝဝ ရူနိုင်ကောင်းသော နေ့ရက်လေးများကို STA လူငယ်များစုစည်းအားဖြင့် ဖန်တီးပေးထားနိုင်ခဲ့ပြီဖြစ်သည်။
(၈)ယောက်မြောက် အဖွားမှာ အဖွား ဒေါ်တင်နွဲ့ ၊ အသက် (၇၂)ဖြစ်သည်။ အဖွားသည် ရွှေတိဂုံဘုရား အရှေ့ ဘက်မုခ် စောင်းတန်းတွင် ဘုရားဖူးများအား ကျွတ်ကျွတ်အိတ် လိုက်လံရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေရသူ တစ်ဦး ဖြစ်သည်။ ငယ်စဉ် (၁၂) နှစ်သမီးအရွယ်ကတည်းကပင် မိခင်ဆုံးပါးသွားခဲ့ရပြီး ကျပန်းအလုပ်များ လုပ်ကိုင်ရင်း အသက်မွေး ၀မ်းကျောင်း ပြုခဲ့ရသူလည်း ဖြစ်သည်။ အရွယ်ရောက်သောအခါ ကုန်သွယ်ရေး ညစောင့် အလုပ်လုပ်သူ ဦးပုနှင့် အိမ်ထောင်ကျခဲ့ပြီး သား (၂)ဦး ထွန်းကားခဲ့ပြီး လွန်ခဲ့သော (၁၅)နှစ်ခန့်က ခင်ပွန်းနှင့်သားဖြစ်သူတို့ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားခဲ့သည်။ အဖွားသည် ရွှေတိဂုံ ဘုရားအရှေ့ဘက်မုခ်တွင် လာရောက်နေထိုင်ရင်း ကျွတ်ကျွတ်အိတ်ရောင်း၍ ကိုယ့်ဝမ်းကိုယ် ကျောင်းကာ  တစ်နေကုန် ဘုရားစောင်းတန်းတွင် နေထိုင်၍ ညဘက်ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်ရှိ ဈေးဆိုင်ခန်းများသိမ်းချိန်မှသာ ဗဟန်းဈေး ရှေ့ဆိုင်ခန်းများတွင် ကြုံသလို အိပ်စက်နေထိုင်ရသူဖြစ်သည်။ အဖွား၏ချစ်စရာကောင်းသော အပြုမူလေးမှာ အမြဲတစေ အားနာနေ တတ်ခြင်းပင်ဖြစ်သည်။ မည်သည့်အရာကိုမှ မတောင်းဆိုတတ်ပဲ “…. မလိုပါဘူး မလိုပါဘူး …” ပာူ၍သာ ငြင်းပယ်လေ့ရှိသည်။ သီတင်းပတ် ဥပုသ် နေ့တိုင်း သီလစောင့်တည်တတ်ပြီး အစဉ်ပျော်ပျော်နေတတ်သော အဖွားကို  ဘုရား ခြေရင်းရှိ ခေါင်းရွက်၊ဗျက်ထိုး ဈေးသည်များနှင့် ကျပန်းကလေးငယ်များက ချစ်ခင်စွာဖြင့် ဝိုင်းဝန်း စောင့်ရှောက်ထားကြသည်။ အကယ်၍ သင်သာ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်သို့ ရောက်ခဲ့၍ ကျွတ်ကျွတ်အိတ် ရောင်းသော ကလေးငယ်တစ်ဦးဦးအား “အဖွားနဲ့တွေ့ချင်လို့” ပာုပြောမိပါက ချက်ချင်းပင် လက်ဆွဲ၍ လိုက်လံပို့ဆောင်ပေးမည့် ကလေးငယ်များတစ်အုပ်ကြောင့် ပျော်စရာပင်ကောင်းနေသေးကြောင်း လက်တွေ့စမ်းသပ်ကြည့်နိုင်ပါသည်။
ကျွန်မတို့ စောင့်ရှောက်ထောက်ပံ့ထားသော အဖိုးအဖွားများထဲမှ အသွက်လက်ဆုံးနှင့် သဘောကောင်း လွန်းသော အဖွားကို ပြပါဆိုလျှင် အဖွား ဒေါ်ကြည်ခင်ကို ပြရမည်ဖြစ်သည်။ အဖွားသည် ကျွန်မတို့ အဖွဲ့လေးမှ (၉) ယောက်မြောက် အစောင့်အရှောက်ခံ အဖွားဖြစ်သည်။ အဖွား၏ အသက်မှာ (၇၈) နှစ် ရှိပြီ ဖြစ်သော်လည်း အရွယ်နှင့် မမျှအောင် သန်မာ ဖျတ်လတ်ဆဲ ဖြစ်သည်။ အဖွားသည် လှိုင်မြို့နယ်၊ သံလမ်းတွင် နေထိုင်လျှက်ရှိပြီး မယ်ဇီကုန်းဓမ္မာရုံတွင် နေ့စဉ် ဝေယျဝစ္စ လုပ်ကိုင်ပေး နေသူတစ်ဦး ဖြစ်သည်။ လွန်ခဲ့သော (၁၅) နှစ်ခန့်ကတည်းက အမျိုးသား ကွယ်လွန်သွားခဲ့ပြီး သားသမီး ထွန်းကားခြင်းမရှိခဲ့သူ ဖြစ်သည်။ အဖွားသည် အသိမိတ်ဆွေတစ်ယောက်၏ အိမ် ထပ်ခိုး အခန်းကျဉ်းလေးပေါ်တွင် နေထိုင် ရသူဖြစ်သည်။ အဖွားသည် အစဉ်အေးချမ်းစွာဖြင့် ပြုံးချိုနေတတ်ပြီး တစ်ရပ်ကွက်လုံး၏ ကြည်ညိုလေးစားမှုကို ခံထားရသူ လည်းဖြစ်သည်။ ရောင့်ရဲစွာနေထိုင်တတ်ပြီး သိမ့်မွေ့စွာ ပြောဆိုပာန်တို့ကြောင့် ဆုံဖူးသူတိုင်း၏ ရင်ကို အေးငြိမ်း၊ ကြည်နုး၊ ချမ်းသာမှု ပီတိများ စိမ့်ဝင်စီးဆင်းသွားစေသော အဖွားလည်းဖြစ်သည်။ ကျောတစ်ခင်းစာ ထပ်ခိုးကျဉ်းကျဉ်းလေးနှင့် မလိုက် ဖက်စွာ အိမ်ကျက်သရေဆောင်ဖြစ်သော အဖွား၏ ဘုရားစဉ်လေးမှာလည်း မြင်သူတိုင်း လက်အုပ်မချီပဲ မနေနိုင်ချင်စရာ ကြည်ညိုစရာကောင်းလွန်းလှသည်။ ပဉ္စဝဂ္ဂီ ငါးပါးအခြံအရံနှင့် ဓမ္မစကြာတရားဦးပောာနေပာန် ဘုရားကျောင်းဆောင်လေးသည် ရှင်တော်မြတ်ဗုဒ္စ၏ တရားဓမ္မများကို သက်တော်ထင်ရှားပောာကြားနေသည့်အလား အဖွားနာယူမှတ်ကြားနေမည်မှာ မလွဲပေ။ မကြာမီက ဖွဲ့စည်းထားသော STA ဝတ်ရွတ်လူငယ်များအတွက် ဦးဆောင်ပေးပါရန် ဖိတ်ကြားဖို့ရာ ရည်ရွယ်ထားသော အဖွား လည်း ဖြစ်သည်။
STA အဖွဲ့ဝင်များ ရောက်လာပြီ ဆိုသည်နှင့် အလွန်ဝမ်းသာအားရ ပျော်ရွှင်စွာဖြင့် ခွန်းချိုနှုတ်ဆက် တတ်လွန်းသော အဖွား ဒေါ်ခင်ရွှေ သည် နန္န၀န်ဈေးအနီးတွင် နေထိုင်သူဖြစ်ပြီး အသက်အားဖြင့် (၇၇) နှစ် ရှိပြီဖြစ်သည်။ အဖွားသည် STA အဖွဲ့ဝင်များ သွားရောက်တွေ့ဆုံသည့်အခါတိုင်း .. “ အဖွဲ့သားတွေ . လာပြီဟေ့.. ” ဟု အော်ဟစ်ကာ ပျော်ရွှင်နေတတ်သည်။ အဖွားသည် ကျွန်မတို့ STA ၏ (၁၀) ယောက်မြောက် အစောင့်အရှောက်ခံ အဖွားဖြစ်ပြီး အဖွဲ့ဝင်များအား အလွန်ခင်မင်သော အဖွားဖြစ်သည်။ အဖွား၏ မျက်စိနှစ်လုံးမှာ တိမ်ဖုံးနေ၍ အရာအားလုံးကို ခပ်ဝါးဝါးပင် မြင်ရလေတော့သည်။ ထို့ပြင် အဖွားသည် လမ်းမလျှောက်နိုင်ပေ။ တစ်နေရာမှ တစ်နေရာသို့ သွားရောက်လိုလျှင် ကုန်းပိုး၍ ပို့ဆောင်ပေးရလေသည်။ ယခုလက်ရှိ နေထိုင် လျှက်ရှိသောအိမ်မှ အိမ်သားများနှင့် ဆွေမျိုးတော်စပ်ခြင်း မရှိသော်လည်း အမျိုးသား မကွယ်လွန်မှီအချိန်ကတည်းက နေထိုင်ခဲ့ ခြင်းဖြစ်ပြီး ထိုအိမ်တွင် နေထိုင်သည်မှာ နှစ်ပေါင်း (၄၀)ခန့်ပင် ရှိပြီဖြစ်သည်။ ယခုတွင် ငှက်ပျောသီးနှင့် ကွမ်းသီးများကို ဗန်းထဲ ထည့်၍ ကြံ့ခိုင်ရေးရုံးဘေးလမ်းထဲရှိ ရေချမ်းစင်အလွတ်နေရာတွင် တစ်နေကုန်ထိုင်ရောင်း၍သာနေသည်။ ညအိပ်ချိန် ရောက် သောအခါ လာခေါ်သူရှိမှ အိမ်ပြန်ရလေသည်။ အဖွား၏သည် အပတ်စဉ် ဥပုသ်စောင့်၍ အလျဉ်းသင့်သလို ရပ်ကွက်ဓမ္မာရုံတွင် တရားရိပ်သာဝင်လေ့ရှိသည်။ အဖွားသည် မည်သည့်အခါမှ ဘာလိုအပ်သည်… ညာလိုအပ်သည် မပူစာ၊ အဖွဲ့ဝင်များ သွားရောက်ချိန်တွင် ဘာစားချင်လဲ မေးသည်ကိုပင် ဈေးကြီးသည်ကို မပူစာ၊ လမ်းထိပ်ကွမ်းရာဆိုင်တွင် ရောင်းသော ကြက်ဥ မြေပဲကိုသာ စားချင်ကြောင်း အားနာစွာဖြင့် ပြောတတ်လေသည်။ အဖွား၏ နေထိုင်ရာဘုံနန်းလေး (သို့မဟုတ်) အဖွား၏ ဈေးဆိုင်လေး (သို့မဟုတ်) လမ်းဘေး ရေချမ်းစင်ဟောင်းလေးတွင် အဖွားသည် ဥပုသ်စောင့်သောနေ့၊ ရိပ်သာဝင်သော နေ့တို့မှ လွဲ၍ မိုးရွာရွာ၊ နေပူပူ တစ်နေကုန် ရှိနေတတ်လေသည်။ သည်နေရာလေးတွင်ပင် သူများဝယ်ပေးသော ငှက်ပျောသီး လေးနှင့် ကလေးများ ကောက်၍ လာပေးသော ကွမ်းသီးစိမ်းလေးများကို ဆန်ကော ထဲထည့်၍ ရောင်းချနေမြဲပင်။ မည်သည့် အသီးကို ရောင်းရောင်း အဖွား အော်ဟစ်၍ ရောင်းချနေသည်မှာ .. “ ချိုချိုလေး တွေရမယ်  .. ချိုချိုလေး ..” ပါတဲ့။ စေတနာရှိသူတစ်ချို့က အဖွားရောင်းချရန်အတွက် သံပုရာသီးများ ၀ယ်လာပေးပြီး ရောင်းစေသည်တွင်လဲ အဖွား အော်ဟစ်၍ ရောင်းချနေသည်မှာလဲ “ ချိုချိုလေးတွေ ရမယ်..” တဲ့လေ။ ထို့ကြောင့် အဖွားနေထိုင်ပတ်ဝန်းကျင်တွင် အဖွား၏ အမည်ရင်းမှာ ပျောက်၍ နေပြီး ချိုချိုလေး ပာုသာ အမည်တွင် သိရှိခေါ်ဝေါ်နေလျက် ရှိသည်။
STA ၏ (၁၁) ယောက်မြောက်နှင့် (၁၂) ယောက်မြောက် အစောင့်အရှောက်ခံ အဖိုး၊ အဖွား ဇနီးမောင်နှံမှာ အဖိုး ဦးဟန်မောင် (ခ) ဦးသန်းမောင် နှင့် အဖွား ဒေါ်စန်းရီ (ခ) ဒေါ်ကုလားမ ဖြစ်သည်။ အဖိုးမှာ မြောင်းမြဇာတိဖြစ်ပြီး (၁၈) နှစ် သားတွင် ရန်ကုန်သို့ ရောက်ရှိ၍ ထီး/ ဖိနပ်ပြင်လုပ်ငန်း လုပ်ကိုင်ရင်း အသက်မွေးဝမ်းကျောင်းခဲ့ရသည်။ ယခုတွင် ခြေထောက် မသန်၍ အလုပ်မလုပ်နိုင်တော့ပေ။ အဖွားသည် ဧရာဝတီတိုင်း ဟင်္သတမြို့ အိုင်သပြု ကျေးရွာ ဇာတိဖြစ်ပြီး (၈)နှစ်သမီး အရွယ်တွင် မိဘ ကွယ်လွန်သွားခဲ့သဖြင့် ပညာမသင်ခဲ့ရပေ။ (၁၅)နှစ်အရွယ်တွင် ရန်ကုန်ရောက်ခဲ့ရပြီး မွေးစားအဒေါ်နှင့် အတူနေထိုင်ကာ ကြိမ်ပစ္စည်းလုပ်ငန်းလုပ်ကိုင်ရင်းဖြင့် အသက်မွေးခဲ့ရသည်။ ထို့နောက် အဖိုးနှင့် အဖွားတို့ တွေ့ဆုံ အိမ်ထောင် ကျခဲ့ပြီး သားတစ်ယောက် ထွန်းကားခဲ့သော်လည်း လွန်ခဲ့သော (၈) နှစ်က ကွယ်လွန်သွားခဲ့သည်။ ယခုလက်ရှိ အဖွားသည် ပဲကတ္တှီပါပြုတ် ရောင်းချ၍ ရရှိသော ၀င်ငွေလေးနှင့်သာ ဇနီးမောင်နှံ (၂)ဦး ရပ်တည်နေထိုင်စားသောက်နေရှာသော အဖိုးအဖွားများဖြစ်သည်။ ယခုလက်ရှိ မရမ်းကုန်းတွင် နေထိုင်လျှက်ရှိပြီး အဖိုး၏ အသက်မှာ (၆၈)နှစ်၊ အဖွားမှာ (၆၁)နှစ် ရှိပြီဖြစ်သည်။
ယခုလက်ရှိတွင် ၀န်ထမ်းအလုပ်ကို ဆက်လက်လုပ်ကိုင်လျှက်ရှိပြီး ၀န်ထမ်းဘ၀ကို အလွန်မက်မော တွယ်တာသော အဖိုး ဦးပြုံးချိုသည် STA ၏ (၁၃) ယောက်မြောက် အစောင့်အရှောက်ခံ အဖိုးဖြစ်သည်။ နာမည်နှင့်လိုက်အောင် ပြုံးချို နေတတ်သော အဖိုးသည် ရုံးစောင့်အလုပ်ကို ယခုထက်ထိ လုပ်ကိုင်လျှက်ရှိပြီး (၂၈)လမ်း သမ၀ါယမရုံးတွင် နေထိုင်လျှက် ရှိသည်။ အဖိုး၏ အသက်မှာ (၇၁) နှစ် ရှိပြီ ဖြစ်သည်။ မကွေး၊ ပွင့်ဖြူ ဇာတိ ဖြစ်ပြီး မဲဇလီတွင် ကရင်များဖြင့် မြစ်ကမ်းနားတွင် တဲထိုး၍ ကျပန်းအလုပ် လုပ်စားခဲ့ရာမှ (၁၅)နှစ်သားခန့်တွင် ရန်ကုန်တက်၍ လက်ဖက်ရည်ဆိုင်တွင် အလုပ်စတင် ၀င်ရောက် ခဲ့သည်။ (၆)နှစ်ခန့်ကြာပြီးနောက် သမ၀ါယမတွင် လုံခြုံရေးဝန်ထမ်း ၀င်ရောက်လုပ်ကိုင်ခဲ့သည်။ ယနေ့အထိ သမ၀ါယမရုံးတွင် ဆက်လက်လုပ်ကိုင်ဆဲဖြစ်သည်။ အိမ်ထောင်မရှိသူဖြစ်ပြီး အဖိုး အဘယ့်ကြောင့် အိမ်ထောင်မပြုကြောင်း ကျီစယ်နောက်ပြောင် မေးမြန်းစပ်စုကြသည့် အခါတိုင်း အဖိုး၏ လက်သုံးစကားမှာ “.. အို  .ကိုယ့်ကိုကိုယ်တောင် ကောင်းကောင်းမရပ်တည်နိုင်တာ . သူများသားသမီးကို ဒုက္ခ မပေးချင်ပါဘူးကွယ် .. ” တဲ့။ အဖိုးသည် ရေဖျဉ်းစွဲ၍ အသဲကြီး ရောဂါဖြစ်ပြီး ခြေလက်များ ယောင်ကိုင်းလျှက်ရှိသောကြောင့် (၂၇.၉.၂၀၁၀) မှ  စတင်၍ တစ်လနီးပါးခန့် အဖွဲ့မှတာဝန်ယူကာ ဆေးရုံ တင်၍ ဆေးကုသ စောင့်ရှောက်မှုပေးထားရသော အဖိုးလည်းဖြစ်သည်။
မြောက်ဥက္ကလာရှိ အိမ်ကြီးကြီးတစ်လုံးထဲတွင် တစ်ဦးတည်း နေထိုင်သူ အဖွား ဒေါ်တင်လှသည် ကျွန်မတို့၏ (၁၄) ယောက်မြောက် အဖွားဖြစ်သည်။ စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်နဲ့ မော်လိုက်ကြီး၊ မစိမ်ရွာ ဇာတိဖြစ်သည်။ အဖိုးဖြစ်သူမှာ ရတနာပုံခေတ်တွင် ရွှေခွန်တော်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ငယ်စဉ်က ပြည့်စုံစွာ နေထိုင်ခဲ့ရသော်လည်း၊ ဂျပန်ခေတ် (၁၃)နှစ် အရွယ်တွင် မိဘ(၂)ပါးလုံး ဆုံးပါးသွားခဲ့ရပြီး ဆွေမျိုးနီးစပ်များဖြင့် တမူးနှင့် မုံရွာမြို့များတွင် နေထိုင်ခဲ့ပြီး ရန်ကုန်သို့ အလည်လာရောက်ရင်း ကလေးဝဆရာတော်ကြီးထံတွင် (၁၉၆၀)ခုနှစ်မှ ဆရာတော်ကြီး ပျံလွန်တော်မူသည့်အထိ ဆရာတော် ကြီး ကျောင်းတွင် ဝေယျာဝစ္စယောဂီဖြင့် အနှစ် (၂၀)ခန့် နေထိုင်ခဲ့သည်။ ဆရာတော်ဘုရားကြီး ပျံလွန်တော်မူသွား၍ အညာသို့ ပြန်ရင် ပြင်ဆင်ချိန်တွင် ဆရာတော်၏ ဒကာမ တစ်ဦး၏ အိမ် (ယခုနေထိုင်ရာအိမ်)အား ခေတ္တနေထိုင်ခွင့် ပေးထားခဲ့ပါသည်။ ယခုနေထိုင်သော အိမ်ကြီးမှ အိမ်ရှင်များမှာ နိုင်ငံခြားတွင် နေထိုင်သူများဖြစ်ပြီး အဖွားအား အစောင့်သဘောမျိုးထား၍ နေထိုင် စေခဲ့သည်။ ကြီးမားသော အိမ်ကြီးထဲတွင် တစ်ဦးထဲ အထီးကျန်စွာ နေထိုင်ရင်း ရောဂါပေါင်းစုံတို့၏ ဖိစီးမှုကြောင့် စိတ်ကျ ရောဂါခံစားနေရသော အဖွားဖြစ်သည်။ အဖွားသည် အသက် (၈၃) နှစ် ရှိပြီဖြစ်သည်။ အလျဉ်းသင့်၍ ဤနေရာတွင် အဖွား ဒေါ်တင်လှနှင့် STA ရေစက်ဆုံပုံလေးကို ပြောပြချင်ပါသေးသည်။ အဖွားသည် ခက်ခဲပေါင်းများစွာဖြင့် တစ်ဦးတည်း အထီးကျန် စွာ ရုန်းကန်နေထိုင်ရာမှ ဘိုးဘွားရိပ်သာတစ်ခုသို့ သွားရောက်အကူညီတောင်းပြီး နေထိုင်ရန် စီစဉ်ခဲ့ပါသည်။ စီစဉ်ပြီး မကြာခင်မှာပင် အဖွားခြေထောက်အား သံစူးမိသွားသည်။ ခြေထောက်သံစူး ဒဏ်ရာအား ဆေးမြီးတိုဖြင့် ကုသပြီး ကြိတ်မှိတ်ခံစားကာ ရိပ်သာမှ လာခေါ်မည့်နေ့ကို စောင့်နေသောအဖွားမှာ သွေးတိုးရောဂါအခံကြောင့် ဒဏ်ရာအခြေနေ ပိုဆိုးလာပြီး ဆေးရုံတင် လိုက်ရသော အခြေနေထိ ဆိုက်ရောက်သွားခဲ့ရရှာသည်။ ရက် (၂၀)ခန့် ဆေးကုသမှုခံယူပြီး ဆေးကုသစရိတ် ဆက်လက် မတတ်နိုင်ပါတော့ သောကြောင့် ဆေးရုံမှ ဆင်းပြေးလာခဲ့ရသည်။ အဖွားနှင့်အတူ ဆေးရုံတွင်ကုတင်ဘေးချင်းကပ် သိကျွမ်း ခင်မင်ရင်နှီးခဲ့သော အဖွားတစ်ဦးမှာ အဖွားဒေါ်တင်လှအဖြစ်ကို မကြည့်ရက်ပါသောကြောင့် ရိုင်းပင်ကူညီရန် နည်းလမ်း ရှာဖွေရာမှ STA အဖွဲ့လေးအကြောင်းကို ဂျာနယ်တစ်စောင်တွင်ဖတ်မိပြီး အားကိုးတကြီးဖြင့် ဆက်သွယ်အကူညီတောင်းခံရာမှ တဆင့် အဖွဲ့နှင့် ရေစက်ဆုံဖြစ်ခဲ့ခြင်းဖြစ်သည်။ STA ၏ ကိုယ်စားမိဘအဖြစ် အသိမှတ်ပြုပြီး စတင်စောင့်ရှောက် ထောက်ပံ့ နေပြီဖြစ်ကြောင်း သတင်းကြားကြားချင်း ဝမ်းနည်းဝမ်းသာ ဆို့နင့်စွာ ကျေးဇူးတင်စကားလှမ်းပြောသော ကူညီသူအဖွား၏ ဆုတောင်းမေတ္တာ စကားများကြောင့် သိလိုက်၊ ကြားလိုက်ရသော အဖွဲ့ဝင်များအဖို့ပီတိအင်အားတစ်ခု ရိုက်ခတ်ခံရကာ ကူညီ ဖေးမ သက်ကြီးတို့ ဘဝအတွက် STA ရဲ့ခြေလှမ်းများစွာ ကျန်နေသေးကြောင်း သတိပေးခေါင်းလောင်းသံလည်း ဖြစ်ခဲ့သည်။ မဆုတ်မနစ်ရန် တွန်းအားနှင့် စိတ်အကြံလည်း ဖြစ်ခဲ့ရသည်။ သင်လည်း တစ်နေ့ အိုရမည်ပာူသော ဇရာဒုက္ခရဲ့ တင်ကြို ခေါ်ဖိတ်သံ သရုပ်သဏ္ဍန်လည်း ဖြစ်ခဲ့ရပေသည်။
STA ၏ (၁၅)ယောက်မြောက် နှင့် (၁၆)ယောက်မြောက် အစောင့်အရှောက်ခံ အဖိုးအဖွား ဇနီးမောင်နှံမှာ အဖိုး ဦးအောင်သိန်းနှင့် အဖွား ဒေါ်တင်အေးဖြစ်သည်။ အဖိုးသည် စစ်မှုထမ်းဟောင်း(အငြိမ်းစား)တစ်ဦးဖြစ်ပြီး  ကရင်ပြည်နယ်၊ ကျိုက်ပေါင်တိုက်ပွဲတွင် သူရဲကောင်းဘွဲ့ ရရှိခဲ့သူဖြစ်သည်။ တပ်မတော်တွင် တပ်ကြပ်ရာထူးဖြင့် (၁၃) နှစ်ကြာ တာဝန်ထမ်း ဆောင်ခဲ့သည်။ အဖိုးသည် တပ်မတော်တွင် သူရဲကောင်းဘွဲ့ ရရှိခဲ့သည့် အကြောင်းကို STA မှ အဖွဲ့ဝင်များ သွားရောက် သည့်အခါတိုင်း မမောနိုင်မပမ်းနိုင်ဖြင့် ဂုဏ်ယူစွာ ပြောပြလေ့ရှိသည်။ အဖိုး၏ အသက်မှာ (၈၂) နှစ်ရှိပြီဖြစ်ပြီး ယခု လက်ရှိတွင် ဘာသာရေးဖြင့် ပယောဂ ရောဂါများကို ကုသပေးလျှက်ရှိသည်။ အဖွားသည် ရခိုင်လူမျိုးဖြစ်ပြီး ယခင်က မျက်လုံးအောင့်သော ရောဂါကြောင့် မျက်ရည်ကျောဖောက်ထားရ၍ မျက်ရည်များ အစဉ်သဖြင့် ကျနေလျှက်ရှိသည်။ အဖွား၏ အသက်မှာ (၇၁) နှစ် ရှိပြီဖြစ်သည်။ အဖိုးနှင့် အဖွားတွင် သားသမီး မထွန်းကားသောကြောင့် STA မှ အဖွဲ့ဝင်များအား သားသမီးများသဖွယ် ချစ်ခင်ရှာသူများဖြစ်သည်။ STA မှသားသမီးများအား အစဉ်အမြဲစောင့်မျှော်နေတတ်ပြီး သားသမီးများရောက်လာတိုင်းလည်း အဖိုးငယ်စဉ်က အကြောင်းအရာများကို  ထပ်ခါတလဲလဲ ပြောပြနေတတ်သည်။ စကားပြောလျှင် အစဉ်ပြုံးရွှင်နေတတ်ပြီး ဆံထုံး ထုံးထားသောအဖိုး၏ပာန်မှာ ရှေးမြန်မာစစ်စစ်ကြီးများ၏ ရိုးရာဓလေ့ ပာန်ပန်တို့ မပြယ်လွှင့်သေးချေ။ သတိမေ့တတ်သော အဖိုးမှာ အဖြစ်ပျက်များကို အစမှ အဆုံး ဘယ်နှစ်ခေါက်မှန်းမသိ မပြန်မချင်း မမောနိုင်မပန်းနိုင် ကြည်နူးပြုံးရွှင်စွာဖြင့် ပြောပြ နေတတ်သည်။ “ဘဝမှာ အဖွားတစ်ယောက်က လွဲပြီး ကျန်မိန်းကလေးတွေနဲ့ ကင်းကင်းရှင်းရှင်းနေခဲ့ပါတယ်ကွယ် …….”ပာု အားကျ အတုယူဖွယ် ဂုဏ်ယူဝင့်ကြွားစွာ အဖိုးပြောလိုက်သော အချိန်တိုင်း အဖွား၏မျက်နှာမှာလည်း ကြည်နုးပီတိ အပြုံးတို့ ယှက်ဖြာ … လို့ ။
တောင်ဥက္ကလာ အင်းဝလမ်းတွင် နေထိုင်သော အဖွားဒေါ်တင်စိန်သည် ကျွန်မတို့အဖွဲ့၏ (၁၇) ယောက်မြောက် အဖွား ဖြစ်သည်။ အဖွားသည် အသက် (၈၀) ရှိပြီဖြစ်သည်။ သားတစ်ယောက်ရှိခဲ့သော်လည်း လွန်ခဲ့သော (၂၅) နှစ်ခန့်က ပုသိမ် သင်္ဘော (ဗညားနွဲ့)ပေါ်မှ ပြုတ်ကျ၍ သေဆုံးခဲ့ကြောင်း သိရသည်။ အဖွား၏ ထူးခြားသော စရိုက်လေးတစ်ခုမှာ ဖိတ်စာ အပောာင်းလေးများ စာရွက်စာတမ်းအပောာင်းလေးများအား တရိုသသေ သိမ်းဆည်းထားတတ်သည်။ လွန်ခဲ့သော (၂၅)နှစ်က အဖွား၏ သားဖြစ်သူ၏ နာရေးဖိတ်စာလေးမှာ ယခုထက်ထိတိုင် သစ်လွင်နေဆဲပင်။ အဖွားသည် ငယ်စဉ်ကတည်းက စာ ကောင်းစွာ မသင်ခဲ့ရရှာပေ။ တောင်ဥက္ကလာမြို့သစ် စတင်တည်ထောင်စဉ်ကတည်းက အခြေချနေထိုင်ခဲ့သူတစ်ဦးဖြစ်ပြီး ချစ်သူခင်သူ ပေါများလှသည်။
ကျွန်မတို့အဖွဲ့လေး၏ (၁၈) ယောက်မြောက် အဖိုးဖြစ်သူမှာ သန်လျင် ဘုရားကုန်း သဘာဝရိပ်သာတွင် နေထိုင်သော အဖိုး ဦးအေးမောင် ဖြစ်သည်။ အဖိုးသည် အသက် (၈၁) ပြည့်ပြီ ဖြစ်သည်။ အဖိုးသည် ယခင်က ရွှေသံလွင် ဘိုးဘွား ရိပ်သာ တွင် ဇနီးသည်နှင့်အတူ နေထိုင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ဘိုးဘွားရိပ်သာမှ ထွက်လာကာအပြင် အသိအိမ်တွင် ကပ်၍ နေထိုင်နေသည်မှာ (၂) နှစ်ကျော် ရှိပြီဖြစ်သည်။ ကြာသောအခါ မိတ်ဆွေအိမ်မှလဲ မကြည်ဖြူပဲ နှင်ချခြင်းကို ခံရပြီး ဒုက္ခရောက် နေကြောင်းကို ကျွန်မတို့ STA အဖွဲ့လေးမှ ရွှေသံလွင်ဘိုးဘွားရိပ်သာသို့ လစဉ်အလှူသွားလုပ်စဉ်က အဖိုး၏ ဇနီးဖြစ်သူ အဖွားမှ ငိုယို၍ အကူအညီတောင်းသောကြောင့် ကျွန်မတို့အဖွဲ့လေးမှ အဖိုးအား လိုက်လံရှာဖွေကာ သန်လျင်တွင်ရှိသော ဘုရားကုန်း သဘာဝ တရားရိပ်သာသို့ ပို့ဆောင်ထားပေးခြင်းဖြစ်သည်။ အဖိုးသည် မြိတ်ဇာတိဖြစ်သည်။
ကျွန်မတို့ ယခုလက်ရှိ နောက်ဆုံး (၁၉) ယောက်မြောက် စောင့်ရှောက်ထောက်ပံ့ထားသော အဖွားမှာ မြောက်ဒဂုံမှ အဖွား ဒေါ်တင်တင် ဖြစ်သည်။  အဖွားသည် အိမ်ထောင်မရှိ။ အပျိုကြီးဖြစ်ပြီး တစ်ဦးတည်းသော သမီးဖြစ်သည်။ ယခင်က ဆိုရှယ်လစ်လမ်းစဉ် ပါတီတွင် အလုပ်လုပ်ဖူးသူဖြစ်ပြီး ကျောင်းဆရာမ ဟောင်းတစ်ဦးဖြစ်သည်။ ဒေါ်တင်တင်သော်ဆိုသော ကလောင်နာမည်ဖြင့် စာပေများ ရေးသားခဲ့ပြီး (၁၉၇၀) ခုနှစ်တွင် (မင်္ဂလာဒုံ)မှ စာပေဆုရရှိခဲ့သည်။ ယခုလက်ရှိ နေထိုင်လျှက်ရှိသော အိမ်မှာ သူငယ်ချင်း တစ်ယောက်၏ အိမ်ဖြစ်ပြီး လက်ရှိတွင် တိရိစ္ဆာန်များကို ဆေးကုခြင်းများ ပြုလုပ်လျှက် အသက်မွေးလျှက်ရှိသည်။ အဖွား၏ အသက်မှာ (၆၈) နှစ်ရှိပြီဖြစ်သည်။
ကုတ်ချောင်းချောင်း အိမ်မှောင်မှောင်လေးထဲမှ စကားပြောဖော်မရှိသော အထီးကျန် ဇရာအို (၁၉)ယောက်တို့၏ လက်ကျန် ပြက္ခဒိန်ပေါ်က ရက်စွဲတွေထဲများမှ STA အဖွဲ့လေး၏ နွေးထွေး ဖေးမမှုလေးမှာ တစ်လမှာ တစ်ကြိမ်သာဖြစ်သောကြောင့် အလုံးစုံပြည့်ဝ မထိရောက်နိုင်ခဲ့သော်လည်း တစ်နှစ်ဆိုသော ခရီးတစ်ခုတော့ ပေါက်မြောက်ခဲ့လေပြီ ဖြစ်ပါကြောင်း စုစည်းတင်ပြအပ်ပါသည်။
အိသိင်္ဂီ
STA Logistic (အမာခံမန်ဘာ)
( အမာခံအဖွဲ့ဝင် ညီမ အိသိင်္ဂီ ပြုစုရေးသားထားသည်များအား ၃.၁.၂၀၁၀နေ့မှကျရောက်မယ့် STA  ၁ နှစ်ပြည့်အတွက် အိသိင်္ဂီကိုယ်စား ပြန်လည်ဖော်ပြပေးခြင်းပါ။ အိုမင်းမစွမ်းတော့တဲ့ အဘိုးအဘွားများရဲ့ဘ၀ကို ပြက္ခဒိန်ပေါ်က လက်ကျန်ရက်စွဲများ..နဲ့ ခိုင်းနှိုင်းတင်စား ဖော်ပြပေးတဲ့ ညီမလေးကို ကျေးဇူးအထူးတင်မိပါတယ်။ )
Share
This entry was posted in Save The Aged. Bookmark the permalink.
8 Responses to ပြက္ခဒိန်ပေါ်က လက်ကျန်ရက်စွဲများ
  1. မြသွေးနီ says:
    ညီမအိသိဂီ င်္ရဲ့အားထုတ်မှုကို ကျေးဇူးတင် အသိအမှတ်ပြုမိပါတယ်။
    Save The Aged (၁) နှစ်ပြည့်ကျရောက်တဲ့ ၃.၁.၂၀၁၁ နေ့မှာ ပြည်တွင်း+ပြည်ပအဖွဲ့ဝင်များ၊ စေတနာ့အလှူရှင်များလည်း မိမိတို့တာဝန်ယူစောင့်ရှောက်နေရတဲ့ အဖိုးအဖွားများအကြောင်းကို
    ဂဃနဏ သိသွားနိုင်တာမို့ ဒီပို့စ်လေးအတွက် ကျေးဇူးတင်မိပါတယ်။
  2. လေးစားမိပါတယ် ဝမ်းမြောက်ကြည်နှုးမိပါတယ်
    ဆက်လက်ချီတက်နိုင်ပါစေ…..
    အပယ်ခံအိုပယ်အဖိုးဖွားတွေကို စောက်ရှောက်ဖေးမနိုင်ပါစေ…
  3. ဒီလိုကုသိုလ်ထူးကို ကြည်နူးဝမ်းမြောက်မိပါ၏။ နောင်တချိန် မိမိတို့ရော သူတို့လို သက်ကြီးရွယ်အိုတွေ ဘဝတွေ ရောက်လာခဲ့ရင်ကော ဆိုတဲ့အတွေး။ မြန်မာပြည်မှာက ငယ်ရွယ်သူတွေတောင် အဆမတန် ရုံးကန်နေချိန်မှာ ဤကဲသို့ အဘိုးတွေ အဘွားတွေ အများကြီး အိုကြီးအိုမ လုပ်ကိုင်စားသောက်နေရတာ မြင်တွေနေရတယ်ဗျာ။ အားလုံးမဟုတ်တောင် အနဲအများ အကျိုးပြုနိုင်တာကိုတော့ သာဓုခေါ်ပါတယ်ဗျာ။
  4. ကိုယ်တွေလဲ တစ်နေ့မှာ ခုလို လက်ကျန်ရက်စွဲနည်းနည်းလေးသာ ရှိတော့တဲ့အဖြစ်ကို ရောက်ရဦးမှာပါ
    အဲဒီချိန်ကျရင် စေတနာပြည့်ဝတဲ့ STA လို အသင်းကြီးနဲ့ တွေ့ဆုံခွင့်ရချင်မိပါတယ်..
    ဒီပိုစ့်လေး ရေးသားတဲ့ ညီမ အိသိဂီင်္ကို ကျေးဇူးတင်မိပါတယ်..
  5. tayokema says:
    အမ ရေ
    ဖတ်နေရင်းနဲ့ ကြက်သီးတောင်ထမိပါတယ်
    တကယ်တကယ်ကို ဒီအဖွဲ့ကို ရောက်ဖြစ်ခဲ့တာကို အရမ်းဝမ်းသာတယ်
    သမိးက လေ ပရဟိတ လုပ်ငန်းကိုအရမ်းစိတ်ဝင်စားတယ်
    အကုညီလိုနေတဲ့သူတွေကို ကူညီရတဲ့အလုပ်လောက် ပျော်စရာ
    စိတ်ချမ်းမြေ့စရာ ကောင်းတဲ့အလုပ် ရှိမယ်မထင်ဘူး လေ
    အမတို့လို ပို့စ်တွေမရေးတတ်ပေမယ့် ကိုယ်ဖတ်မိသမျှကောင်းတာလေးတွေ
    တွေ့ရင် အရမ်းကို ဝေမျှချင်တာပါ
    ဒီအဖွဲ့ကြီး ထာဝရ တည်မြဲပြီး ဒီထက်ဒီထက် ပိုပိုပြီး လိုအပ်နေတဲ့ဘိုးဘွားတွေကို
    ကူညီစောင့်ရှောက်နိုင်ပါစေလို့ လည်း ဆန္ဒပြုပါတယ်
  6. တကယ့်ကို ပြည့်စုံပါတယ် …. STA ဆိုတာ ဘာလဲဆိုတာ ဒီပို့စ်ကို ဖိတ်မိသူတိုင်း သိနိုင်ပါလိမ့်မယ်။ နီးစပ်ရာ သူငယ်ချင်းတွေကို ဖြန့်ဝေပေးနိုင်ဖို့အတွက် ကူးယူခွင့်ပြုပါ။ ကျေးဇူးတင်ပါတယ် …
    :)
  7. May says:
    Please let me know Save The Aged contact no. or address…
    Thank u so much..
  8. ထီးကြည်နုအောင် says:
    စာဖတ်ပြီးတော့ အရမ်းလည်း ၀မ်းသာပီတိဖြစ်ရပါတယ်…..
    STA အဖွဲ့သားအားလုံးကိုလည်း လေးစားမိပါတယ်…….
    အဘိုးအဘွားများကိုလည်း… ဒီထက်မက …..
    စောင့်ရှောက်နိုင်ပါစေ…..
    ဆန္ဒပြုလျက်…….
    ခင်မင်လေးစားစွာဖြင့်…..
Leave a Reply
Your email address will not be published. Required fields are marked *
You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>