အီတာလျှံခေါက်ဆွဲ

Number of View: 15637

အမေရိကားမှာ နေနေတဲ့ အိမ်ထောင်ရှိ လူကုံထံတစ်ယောက်ဟာ အီတလီ အမျိုးသမီးငယ် တစ်ယောက်နဲ့ တိတ်တိတ်ပုန်း ချစ်ကြိုက်နေကြတာ   နှစ်အနည်းငယ် ကြာသွားပြီ ဖြစ်တယ်။

တစ်ညမှာတော့ သူတို့ ချိန်းတွေ့နေကြ နေရာမှာ ဆုံကြတဲ့အခိုက် အမျိုးသမီးက

“ကျွန်မမှာ ရှင်နဲ့ရတဲ့ ကိုယ်ဝန်တော့ရှိနေပြီ၊ ဒီကလေးကို ရှင်ဘယ်လို တာဝန်ယူပေးမလဲ”

လို့ အမျိုးသားကို ဖွင့်ပြောပြရင်း မေးလိုက်တယ်။ အမျိုးသားဖြစ်သူက သူ့ရဲ့ ဂုဏ်သိက္ခာကျမှာကိုရော၊ သူ့ရဲ့ အိမ်ထောင်ရေး ပျက်စီးမှာကိုရော စိုးရိမ်ပြီး..

“ အကယ်၍ မင်းသာ ဒီကလေးကို အီတလီမှာ သွားမွေးပေးမယ်ဆိုရင် ကိုယ် မင်းကို  ငွေတွေ တစ်ပုံကြီးပေးမယ်၊  အီတလီမှာပဲ ဆက်ပြီး နေသွားဦးမယ် ဆိုရင်တော့ မွေးလာတဲ့ ကလေးနဲ့ မင်းကို လိုလေးသေးမရှိအောင်   ထောက်ပံ့ သွားမယ်”

… လို့ အမျိုးသားက ပြောတယ်။ အဲ့ဒီတော့ အမျိုးသမီးကလည်း သဘောတူတယ်။

“ ဒါဆို ကျွန်မ ဒီကလေးကို အီတလီပြန်မွေးမယ်၊ ကလေးမွေးပြီးရင် ရှင် သိရအောင် ကျွန်မက ဘယ်လို အကြောင်းကြားရမလဲ”

…လို့ မေးကြည့်မိတယ်။ အဲ့ဒီအခါ အမျိုးသားက -

“ ဒီကိစ္စဟာ သိုသိုသိပ်သိပ်ရှိရမယ်၊ ကိုယ့်ကို စာတိုက်ကနေ  ပို့စ်ကဒ်တစ်ခု ပို့လိုက်ပြီး ကဒ်ရဲ့ နောက်ကျောဘက်မှာ “ အီတာလျှံခေါက်ဆွဲ ” လို့သာ စကားဝှက် ရေးပေးလိုက်၊ ဒါဆို မင်း ကလေးမွေးပြီးပြီဆိုတာ ကိုယ်သိပြီး ကလေးအတွက် လိုအပ်တဲ့ စရိတ်စကတွေ တစ်သက်စာ ထောက်ပံ့ဖို့ပေး  စီစဉ်ပေးသွားမယ် ”

…လို့  ပြောတယ်။

—–@@@—–

ဒီလိုနဲ့ ကိုးလခန့် ကြာပြီး တစ်နေ့မှာတော့ အဲ့ဒီအမျိုးသား အိမ်ပြန်လာတဲ့အခါ စိတ်ရှုပ်နေတဲ့ ပုံစံပေါက်နေတဲ့ သူ့ရဲ့ မိန်းမကို တွေ့လိုက်ရတယ်။

“ အစ်ကိုရေ… ဒီမှာ အစ်ကို့ နာမည်နဲ့ အရမ်းကို ထူးဆန်းတဲ့ ပို့စ်ကဒ် တစ်စောင် ရောက်လာတယ် ”

အမျိုးသားလည်း အီတလီအမျိုးသမီး ပို့လိုက်ပြီဆိုတာ သိလို့…

“ ဟေ… ဟုတ်လား၊ ဒီကိုပေး…၊ နောက်မှ ကိုယ်.. မင်းကို ရှင်းပြတော့မယ် ”

လို့ အမျိုးသားလုပ်သူက အလောသုံးဆယ် ပြောလိုက်တယ်။ မိန်းမလုပ်သူက ပို့စ်ကဒ်ကို လှမ်းပေးလိုက်တယ်။ ပြီးတော့ သူ့ယောကျာ်း ဖတ်နေတာကို   စောင့်ကြည့်နေတော့တာပေါ့။ ပို့စ်ကဒ်ကို ဖတ်ပြီးတာနဲ့ အမျိုးသားခမျာ ““ ဟိုက်”” ခနဲ အော်မိလျှက်က မျက်စေ့မျက်နှာပျက်လာပြီး ခေါင်းထဲမူးဝေကာ ယိုင်လဲမလိုဖြစ်သွားရတယ်။ ပို့စ်ကဒ်ထဲမှာ   ရေးထားတာကတော့…

“ အီတာလျှံခေါက်ဆွဲ ” “အီတာလျှံခေါက်ဆွဲ ”  “အီတာလျှံခေါက်ဆွဲ ”

“ အသားလုံးနဲ့နှစ်ပွဲ၊ အသားလုံး မပါတာက တစ်ပွဲ ”


( Crime Journal အမှတ်စဉ် ၁၃၁ ဘာသာပြိုင်ပွဲမှ Spaghetti ကို  နှစ်သက် တာမို့  ဆီလျော်အောင် ပြန်ဆိုထားတာပါ။ ပို့စ်အဟောင်းလေး ဆားပြန်ချက်တာဆိုလည်း မမှားပါဘူးရှင် :)  )

ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။

Share
This entry was posted in ပြုံးထေ့ထေ့. Bookmark the permalink.

23 Responses to အီတာလျှံခေါက်ဆွဲ

  1. ချစ်ကြည်အေး says:

    ဟဟဟ ရယ်လိုက်ရတာဟယ်….:)))

  2. သိပါဘူး အမ တကယ် အီတာလျံခေါက်ဆွဲချက်စားတယ်ထင်လို့ လာတာ…။ ခုတော့ အသားလုံးနဲ့နှစ်ပွဲ အသားလုံးမပါတာတစ်ပွဲနဲ့ လာတိုးနေတယ်…ဟိ..။

  3. ရွှေရုပ်လွှာ says:

    ဟိ… ဖတ်ဖူးတယ် မမရဲ့ …. ခုပြန်ဖတ်လဲ ရယ်နေရရောပဲ..

  4. angelhlaing says:

    ဆားပြန်ချက်ထားတာလေး ပြန်ဖတ်ရင်း ပြုံးသွားတယ်မမ :):)
    ကောင်းသောနေ့လေး ဖြစ်ပါစေလို့….ဆန္ဒပြုရင်း…

  5. မြသွေးနီ says:

    ခေါက်ဆွဲလာစားကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်…။
    စိတ်တွေ ရှုပ်ထွေးနေလို့ ဒီရက်ပိုင်း ရယ်စရာတွေပဲ ရှာဖွေဖတ်နေမိပါတယ်…။
    စာဖတ်သူများကိုလည်း စိတ်ပျော်ရွှင်စေရန် အလို့ငှါ တတ်သလောက် မှတ်သလောက်လေး သိမ်းထားတဲ့ ခေါက်ဆွဲကြော်လေး ထုတ်ကျွေးရကြောင်းပါ..။ :)

  6. မမမြသွေး
    တကယ်ပဲအီတာလျံခေါက်ဆွဲဆိုလို့ ပြေးလာတား)

    ချစ်တဲ့
    ညီမသဒ္ဓါ

  7. ဆားချက်တာလေးကို လာဖတ်သွားတယ်နော်

  8. jasmine says:

    အီတလီခေါက်ဆွဲဆိုင်မြင်တိုင်းအမမြသွေးနီကိုသေချာ
    ပေါက်သတိရနေမှာပါ၊
    အသားလုံးနဲ့ ၂ပွဲ အသားလုံးမပါတာ၁ပွဲတဲ့
    ရယ်သွားပါတယ်ရှင်။
    ချမ်းမြေ့စွာနဲ့စာတွေရေးနိုင်ပါစေရှင်။
    ချစ်ခင်တဲ့ jasmine

  9. ချော(အစိမ်းရောင်လွင်ပြင်) says:

    အီတလီခေါက်ဆွဲများလုပ်လို့ တင်ထားတယ် အောက်မေ့တာ
    လက်စသပ်တော့ ဆားချက်ပြီးတင်ထားတာကိုး ဟိဟိ
    ငံတယ် စားချင်ဘူး
    တကယ် အီတလီခေါက်ဆွဲကျွေး
    အသားလုံးနဲ့တော့ စားချင်ဘူးနော်း)

  10. ညီရဲ says:

    အားပါး…
    သုံးပွဲ ကြီးများတောင်…
    စာလေး ဖတ်ပြီး အားရပါးရ ရီသွားတယ် အစ်မ…

  11. ကျားနှစ်ယောက် မတစ်ယောက်ဆိုတော့ သုံးမွှာပူးကြီး။း)))

    ခင်မင်လျှက်

  12. ဟိဟိ။ ပွတာပဲ။ ၃ ပွဲတောင်။း)

    ခင်တဲ့
    မေသိမ့်

  13. ဟန်လင်းထွန်း says:

    “ အီတာလျှံခေါက်ဆွဲ ” “အီတာလျှံခေါက်ဆွဲ ” “အီတာလျှံခေါက်ဆွဲ ”

    “ အသားလုံးနဲ့နှစ်ပွဲ၊ အသားလုံး မပါတာက တစ်ပွဲ ”

    ဆိုပါလား…… မွေးမလေ့…

  14. ko2 says:

    သတ်သတ်လွတ် တစ်ပွဲ လောက် စားချင်တယ် အီတာလျှံ ခေါက်ဆွဲကို :D

  15. ဝေ says:

    အီတာလျှံခေါက်ဆွဲတော့ နောက်တစ်ခါ ၀ယ်မစားတော့ဘူး…
    သုံးပွဲကြီးတောင်ဆိုတော့ ဗိုက်အင့်ပြီ…

  16. ဒီကောင်မလေး* says:

    မမ ရေ
    ခေါက်ဆွဲဆိုလို့ လာစားတာ .. ရယ်ပြီးပဲ ပြန်သွားနိုင်တယ် ဟီး

  17. ဟားဟား..မဖတ်ဖူးသေးဘူးဗျ၊ ရယ်ရတယ်..၊ ဟိုလူတော့ အတော်လေး ခေါင်းနပန်း ကြီးသွားမှာ သေချာတယ်…။

  18. barnay says:

    ;) ဖတ်ဖူးပေမဲ့ ထပ်ပြီး တစ်တစ်ခွခွ ရယ်မိပြန်သေးတယ် ..း)

  19. ဟား..။
    ဂယ် ခေါက်ဆွဲမှတ်လို့..စားချင်သွားတာ..ဟီး..။
    ၃ ပွဲတောင်မှပါလား… အမရေ အပြင်မှာ တကယ်ကျွေးဗျာ..။ :D

    ခင်မင်စွာဖြင့်
    အဖြူလေး

  20. ဟဟဟဟဟဟဟ………….
    ကိုရင့်ကိုပြောရဦးမယ် အီတာလျှံခေါက်ဆွဲ စားမလားလို့း)

    ချစ်တဲ့
    မဒိုးကန်

  21. thiha says:

    “ အသားလုံးနဲ့နှစ်ပွဲ၊ အသားလုံး မပါတာက တစ်ပွဲ ”
    ဆိုတာလေးကိုတော့ …သဘောကြသွားတယ်ဗျာ။

  22. senza nome says:

    အမရယ် …ရယ်လိုက်ရတာ အရမ်းပဲ … ခေါက်ဆွဲချက်နည်း ထင်လို့ … အရမ်း ရယ် ရတယ်…ကျေးဇူး မ

  23. nyo maung says:

    ရယ်ရတယ်..ရှယ်သွားခွင့်ပြု့ပါ..။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>