ကမ္ဘာကြီးပေါ်မှာ ကျွန်မတို့ လူသားတွေ မှီတင်းနေထိုင်ခဲ့တာ နှစ်သန်းပေါင်းများစွာ ကြာခဲ့ပါပြီ။ ကမ္ဘာကြီးက ကျွန်မတို့ လူသားတွေကို သန့်ရှင်းတဲ့လေ၊ ကြည်လင်အေးမြတဲ့ရေ၊ စိမ်းစိုသာယာနေတဲ့ သစ်တော၊ ပေါများကြွယ်ဝလှတဲ့ သယံဇာတများကိုလည်း ပေးခဲ့ပြီ။ ဒါပေမယ့် ကမ္ဘာကြီးမှာတော့ သနားစဖွယ်ရာ။ တဖြည်းဖြည်းနှင့် ညစ်ညမ်း နွမ်းလျှလာချေပြီ။ အခုအချိန်မှာ ကမ္ဘာကြီးက ကျွန်မတို့ အားလုံးရဲ့ အကူအညီကို စောင့်နေရရှာပြီ။ မိခင်ကမ္ဘာကြီးကို ကယ်တင်ချင်တယ်ဆိုရင်ဖြင့် ကျွန်မတို့အားလုံး မကောင်းတဲ့ အကျင့်ဓလေ့တွေ ဖျောက်ပစ်ပြီး ကောင်းမွန်တဲ့ ဓလေ့စရိုက်တွေကို လေ့ကျင့်ပျိုးထောင်ဖို့သင့်ပြီ။
ကမ္ဘာကြီးကို ကယ်တင်ဖို့၊ ကမ္ဘာကြီးစိမ်းလန်းစိုပြေ အေးမြလာစေဖို့ ဆိုတာဟာ ကမ္ဘာကြီးမှာ မှီတင်းနေထိုင်တဲ့ ကျွန်မတို့ လူသားအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်မှ ရမှာပါ။ အဲ့ဒီလိုဆောင်ရွက်ဖို့ဆိုတာ ခက်ခဲလှတာ မဟုတ်ပေမယ့်၊ ကျွန်မတို့ကိုယ်တိုင်က သိသိကြီးနဲ့ ဘာသိဘာသာ မသိကျိုးကျွံ ပြုမိနေခဲ့ကြပါတယ်။ ကျွန်မတို့ လုပ်ဆောင်သင့်တဲ့ ကောင်းမွန်တဲ့ အကျင့်ကောင်းလေးတွေကို ကျွန်မပြောပြချင်ပါတယ်။
၁။ ရေကိုချွေတာပါ။
၂။ လောင်စာဆီကိုချွေတာပါ။ အများသုံး ပို့ဆောင်ရေးဖြစ်တဲ့ မြို့ပတ်ရထား၊ ဘတ်စ်ကားများကို ဦးစားပေး သုံးစွဲပါ။
၃။ လျှပ်စစ်ဓာတ်အားကို ချွေတာပါ။
၎။ နေအိမ်၊ စက်ရုံ၊ အလုပ်ရုံတို့ကနေ ထွက်လာတဲ့ အမှိုက်များကို စနစ်တကျ စွန့်ပစ်ပါ။
၅။ တတ်နိုင်သမျှ ပစ္စည်းများကို ပြန်လည်သုံးခြင်းနဲ့ အမှိုက်ပမာဏကို နည်းပါစေ။
၆။ ပြန်လည်ပြုလုပ်တဲ့ ပစ္စည်းများ Recycle ကိုအားပေးပါ။ ဥပမာ – ပလပ်စတစ်များကို ပြန်လည်ကျိုတာမျိုး၊ စက္ကူနဲ့ပြုလုပ်တဲ့ ပစ္စည်းများ ပြန်လည် ထုတ်လုပ် အသုံးပြုတာမျိုးကို အားပေးပါ။
၇။ စက်များ၊ မော်တော်ယာဉ်များကို ပုံမှန်စစ်ဆေးပါ။ မီးခိုးများများ မထွက်ပါစေနဲ့။
၈။ မြစ်၊ချောင်း၊အင်း၊အိုင်များ အတွင်းကို အမှိုက်မပစ်ပါနဲ့။ ဓာတုပစ္စည်းများ မစွန့်ပါနဲ့။
၉။ ဆေးလိပ်သောက်ခြင်းမှ ရှောင်ရှားပါ။ ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ကို ညစ်ညမ်း ပျက်စီးစေတယ်။
၁၀။ တောင်ယာမီးရှို့တာ၊ စပါးခင်းရိုးပြတ်များ မီးရှို့တာ မပြုပါနဲ့။
၁၁။ အမှိုက်များလေထဲမှာ မီးမရှို့ပါနဲ့။
၁၂။ CFC လို့ခေါ်တဲ့ ကလိုရိုဖရိုလိုကာဗွန်ပါတဲ့ ပစ္စည်းတွေမသုံးပါနဲ့။ CFC ဆိုတာ ရေခဲသေထ္ထာနဲ့ ရေမွှေးစတဲ့ လူ့အသုံးအဆောင် ပစ္စည်းများမှာ ထည့်သွင်း အသုံးပြုကြတယ်လို့ သိရပါတယ်။
၁၃။ မိမိနေအိမ် ပတ်ဝန်းကျင် သန့်ရှင်းမှုကို မိမိတာဝန်ယူပါ။
၁၄။ မွေးမြူရေး ၀က်၊ကြက်၊ဘဲ၊နွား အစရှိတဲ့ သထ္ထ၀ါများကို တတ်နိုင်သမျှ လွှတ်ထားပေးပါ။
၁၅။ စက်ရုံ၊ ဓာတ်အားပေးစက်တို့က ထွက်တဲ့ ဓာတ်ငွေ့ အညစ်အကြေးတွေကို သန့်စင်ပြီးမှ စွန့်ပစ်ပါ။
၁၆။ မိသားစု စီမံကိန်း အပေါ်မှာ စိတ်ဝင်စားပါ။
၁၇။ သစ်ပင်၊ ၀ါးပင်တို့ကို ခုတ်သလောက် ပြန်စိုက်ပါ။ အရိပ်ရ သစ်ပင်များ စိုက်ပျိုးပါ။
ရာသီဥတုတွေ ပူနွေးလာတာ၊ ပင်လယ်ရေမျက်နှာပြင်တွေ မြင့်တက်လာတာ၊ ရေခဲတောင်တွေ ရေခဲမြစ်တွေ အရည်ပျော် ပျောက်ဆုံးကုန်တာ၊ သစ်တောတွေနည်းပါးလာတာ၊ သဲကန္တာရတွေ ပိုမိုကျယ်ဝန်းလာတာ၊ အိုဇုန်းလွှာ ပျက်ဆီးပြီး ကမ္ဘာကြီးပူနွေးလာတာ၊ မိုးကြိုးနဲ့ မုန်တိုင်းဖြစ်ပေါ်တဲ့ အကြိမ်အရေအတွက်တွေ များပြားလာတာ၊ အက်ဆစ်မိုးတွေ ရွာစေတာ… ဒါတွေအားလုံးဟာ သဘာဝပတ်ဝန်းကျင် ဖောက်ပြန်မှုတွေဖြစ်ပြီးတော့ အဲ့ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းရင်းကတော့ ကျွန်မတို့ လူသားအားလုံး မသိလို့ဖြစ်စေ၊ အမှတ်တမဲ့ နမော်နမဲ့နိုင်လို့ ဖြစ်စေ၊ သိလျက်နဲ့ မသိကျိုးကျွံဟန်ဆောင်နေလို့ ဖြစ်စေ၊ ဒီလုပ်ရပ်တွေ အားလုံးရဲ့ ရိုက်ခတ်မှုကြောင့်ပဲဆိုတာ ငြင်းပယ်လို့ မရနိုင်ပါဘူး။
ကဲ…ကျွန်မတို့ အားလုံး အတူတကွ ပူးပေါင်းပြီး ကမ္ဘာကြီးကို ကယ်တင်ကြပါစို့ လားရှင်။
Images Source : Google
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
ဟုတ်ပါတယ် အမမြသွေးနီရေ..၊ ကမ္ဘာကြီးကို ကယ်တင်ဖို့ ကျနော်တို့ တယောက်စီမှာ လုပ်နိုင်တာတွေ အများကြီးပါပဲ၊ Think globally, act locally ဆိုတဲ့ စကားလေး အမှတ်ရမိတယ်၊ တဦးတယောက်ချင်းရဲ့ တာဝန်ယူမှုကနေ တကမ္ဘာလုံးရဲ့ အောင်မြင်မှုဆီကို သွားရမှာပါပဲ…။
ကမ္ဘာကြီး.အမြန်နေကောင်း.ကျန်းမာပါစေ..။
သူ့အတွက်..တတ်နိုင်သမျှ.ခြွေတာ.စုဆောင်းသွားကြပါစို့ရှင်
လေးစားလျှက်
ကောင်းလိုက်တဲ့ ပို့စ်လေး အစ်မမြသွေး။ တိုတိုလေးနဲ့ ထိမိတယ်။ ကိုယ်တတ်နိုင်တာလေးတွေ လုပ်ရင်း စိမ်းလန်းတဲ့ ကမ္ဘာမြေကြီးဆီသို့….။
အမမြသွေးရေးသားဖော်ပြတာအရမ်းကို
ကောင်းပါတယ်ရှင် လူတိုင်းမှာလဲ တာဝန်အပြည့်ရှိကြပါတယ်
ကိုယ်တိုင်လဲတတ်နိုင်သလောက်စိမ်းလန်းတဲ့ကမ္ဘာမြေကြီး
အမြဲဖြစ်အောင်ကာကွယ်ကြစို့-
ချစ်ချစ်ခင်ခင် jasmine
ကယ်တင်နိုင်ဖို့ လူသားအားလုံး စိတ်ဓာတ်နဲ့ စနစ်ကောင်းလိုတယ်နော် အစ်မး)
တန်ဖိုးရှိတဲ့ ပို့စ်ပါပဲဗျာ
ကျေးဇူးပါ
မောင်ဘကြိုင်
ကောင်းတယ် ညီမ မြသွေး ရေ
သူ ရှင်သန်နေဖို့ ဒို့ကြိုးစားကြမယ်…။
မှတ်သား ကျင့်ကြံဖွယ်များပါ မမြသွေး ။ မျှဝေပေးတာ ကျေးဇူးပါ။ FB မှာ ပြန်ရှယ်ရမယ်။ လူများများ သိဖို့လိုတယ် မဟုတ်လား။ ကမ္ဘာကြီး ကျန်းမာမှ လူသားတွေလည်း အသက်ရှည်မှာ……။
အင်း ဒါတွေကြည့်မိပြန်တော့လည်း ဒါလေးတွေကို ပြန်သွားပြီး သတိရမိပါတယ် ခင်ဗျာ……
http://en.wikipedia.org/wiki/List_of_countries_by_carbon_dioxide_emissions
http://en.wikipedia.org/wiki/Greenhouse_gas
ခင်မင်စွာဖြင့်
AH
ဆေးလိပ်ဖြတ်တာနဲ့ ပက်သက်ပြီး ကျနော်တို့ဖက်မှာ သင်တန်းပုံစံမျိုးရှိတယ်၊ ကျနော်ကိုယ်တိုင် ၁၇ နှစ်သားမှာ ဆေးလိပ်သောက်လာတာ လွန်ခဲ့တဲ့ ၇ လလောက်ကမှ လုံးဝ ပြတ်သွားတယ်၊ ကြုံရင် ကျနော် အတွေ့အကြုံရေးပါ့မယ် အမရေ …
ကိုအောင်ရေ…
စိတ်ဝင်စားစရာ…
ရေးပါရှင်…ဆေးလိပ်တယ်ဖြတ်ချင်ပြီး ဖြတ်မရတဲ့သူတွေအများကြီးရှိနေပါတယ်။ ကိုယ်တွေ့ဆိုတဲ့အတွက် ပိုကောင်းပါတယ်။
ဟုတ်တယ်အမရေ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတာ လူတိုင်းမှာ တာဝန်ရှိတယ်……။
ဟုတ်တယ် အမရေ
ကမ္ဘာကြီး စိမ်းလန်းဖို့ စုပေါင်းလုပ်ဆောင်သင့်ပြီလေ။
အရမ်းကောင်းတဲ့ ပို့စ်လေးပါ အမ။ ကျေးဇူးပါဗျာ။
ခင်လျက်
ဂျွန်မိုး
အဲဒီထဲမှာ လူတိုင်းလုပ်နိုင်တာ လျှပ်စစ်စွမ်းအင်ခြွေတာခြင်းပါပဲ… ဘာမှမသုံးတဲ့ လျှပ်စစ်ပစ္စည်းတစ်ခုကို ပလပ်ကြိုးမဖြုတ်ရင်တောင် လျှပ်စစ်စီးဆင်းမှုရှိပြီး မီတာတက်တတ်တဲ့အချိန်မှ.. အသုံးမ၀င်ပဲ… တစ်ညလုံး ကွန်ပျူတာတွေ အလဟဿဖွင့်ထားတာတွေ ဒုနဲ့ဒေးမြင်နေရတယ်… မြင်ရတာ စိတ်မချမ်းသာဘူးဗျ.. `ကမ္ဘာမြေကြီးကို ကယ်တင်ကြစို့`
ခင်မင်လျက်
နေ၀သန်
ကျေးဇူး အစ်မ၊
အစ်မရဲ့ ကမ္ဘာကြီးကို ကယ်တင်ပါ ပိုစ့်လေးအတိုင်း တတ်နိုင်သလောက် ကြိုးစားပါမယ်။
ကမ္ဘာကြီးကို တစ်ဦးတစ်ယောက်တည်းနဲ့လည်း မကယ်နိုင်
တစ်စုတစ်ဖွဲ့နဲ့လည်း မကယ်နိုင်
အားလုံး တက်ညီလက်ညီကယ်တင်မှသာ ရမှာမို့ လူတိုင်းစေ့ နားလည်သဘောပေါက်ပြီး ပါဝင်ကြဖို့လိုပါတယ်နော်.
အဲဒီအတွက် အစ်မရဲ့ စာလေးက တစ်တပ်တစ်အားအဖြစ် ပါဝင်ပြီး စာဖတ်မိသူတွေ နားလည်သဘောပေါက်စေမှာပါ.. အကျိုးရှိတဲ့ ပိုစ့်လေးမို့ သဘောကျမိတယ်..
အစ်မမြသွေးရေ…ကမ္ဘာမြေကြီးကို ကိုယ်တတ်နိုင်သမျှ ကယ်တင်နိုင်ဖို့ အချက်တွေကို….သေသေချာချာဖတ်မှတ်သွားတယ်….လူတိုင်းလိုက်နာနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲနော်….
ချစ်ခင်စွာ
ဂျင်း
နှစ်သက်စရာ ဗဟုသုတရဖွယ် ပို့စ်ကောင်းလေးတစ်ပုဒ်ပါ။
ဆင်ခြင်ဂရုစိုက်သင့်ပါတယ် မမြသွေးနီရေ..။
ပြန်လည်မျှဝေခွင့်ပြုပါနော်။
ကောင်းတယ် အစ်မရေ ဒီပို့စ်လေးက တစ်ခါတရံ မေ့နေတတ်တဲ့ကျနော်တို့ရဲ့ ဖျက်စီးခြင်းတွေကို လှမ်းပုတ်လိုက်သလိုပဲ ။ သတိထားရမယ်ပြီးတော့ ကိုယ်တိုင် လုပ်ရမယ်လို့ စိတ်ကူးရလိုက်တယ်။
လူတိုင်း လိုက်နာ ကျင့်သုံးသင့်ပါတယ် ညီမ မြသွေးရေ….ငယ်ငယ်တုန်းက ဆိုကြရတဲ့ မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်…ကနေ မိမိတိုင်းပြည်အတွက် ကောင်းအောင် ကြိုးစားမည်..ဆိုတဲ့အထိ။ အဲဒီကနေ တိုင်းပြည်တိုင်း ဖြစ်သွားမှ ကမ္ဘာကြီး ကျန်းမာနိုင်မယ်လေ….
စုစည်းတင်ပြထားတာကောင်းပါသည်၊ ပုံတွေလည်း ပါတော့၊
အားလုံး အတ္တတွေ ကင်းနိုင်တဲ့တစ်နေ့ပေါ့…..
ခုတော့ ဆေးမြီးတိုနဲ့ ကုနေရပြီ၊ ဒီထက်ပိုမဆိုးသွားအောင်……
မမမြသွေးရေ..
ပုံကလေးတွေနဲ့ စာနဲ့တွဲပြီး ပညာပေးထားတာ အင်မတန်ထိမိပြီး တန်ဖိုးရှိလိုက်တာ။ အစ်မနဲ့ အတူ ကမ္ဘာကြီးကို ကယ်တင်ဖို့ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ပါရစေ….
ဟုတ်တယ် ကမ္ဘာကြီးကို တတ်နိုင်သလောက် ကယ်တင်သင့်တယ်…
သတိပေးတာ ကျေးဇူး အစ်မ မြသွေး…
ဟုတ်ပါရဲ့ မမရယ်… အပြုမူတွေရော အလေ့အကျင့်တွေရော ပြင်စရာတွေက အများကြီးနော်။ သွားရင်းလာရင်း လမ်းဘေးမှာ ရေပိုက်တွေ ပေါက်ပြီး စီးနေတာမြင်ရင် အရမ်းနှမြောတာပဲ… အမှိုက်မီးရှို့တာကလည်း နေရာတိုင်းပါဘဲ….. သင့်တော်တဲ့ အမှိုက်သိမ်းစံနစ်မရှိသေးသရွေ့တော့ ရှို့နေကြဦးမှာ…. စတိုးဆိုင်မှာ ကြွပ်ကြွပ်အိတ်အပျော့တွေ နဲ့ထည့်ပေးတာ မယူချင်ဘူး ဆိုတော့ ” မရဘူး” တဲ့လေ…။
ဒါတွေက ဖဘတွေမှာရော မေးတွေနဲ့ရောဖြန့်ဝေသင့်တယ်မမရေ
တကယ်ကိုသိသင့်သိထိုက်တဲ့အချက်တွေပါ
အကုန်လုံး သိသင့်၊ သိထိုက်တာလေးမို့ ပြန်ရှယ်ဖို့ သယ်သွားပါတယ် မရေ။
လိုင်းပြောင်းလိုက်လို့ ကျွန်တော်တောင်မျက်စိလည်သွားတယ်အစ်မ။ ကောင်းပါတယ်ဗျာ။ အားပေးပါတယ်။ ကျွန်တော်တို့တစ်တွေစာတွေရေးရင်းအားလုံးအတွက်လုပ်ပေးနိုင်တာလေးတွေလုပ်ပေးနေတာ စိတ်ချမ်းသာရသလို အများအတွက် အကျိုးလည်းရှိပါတယ်။
ခရီးထွက်နေလို့ မြသွေးရေ ပို့စ်ကြွေးတွေလိုက်ဖတ်နေတယ်း)
ပို့စ်ကောင်းလေးတစ်ပုဒ် ဖတ်ခွင့်ရလို့ ကျေးဇူးပါနော်။
အသိစိတ်ဓာတ်ကိုယ်စီအခြေခံပြီး ဝိုင်းဝန်းနိုင်တဲ့ အားအင်နဲ့ ကမ္ဘာကြီးကိုကယ်သင့်တာ အမှန်ပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကိုယ်တတ်နိုင်သလောက်လေး လုပ်ပြီး ကမ္ဘာကြီးကို ကယ်တင်ရအောင်…
I would like to invite you all to come and listen to Myanmar Music at my site. I have many Myanmar Songs and Myanmar Mp3 collected on my site.
Myanmar Online Music: http://www.myanmaronlinemusic.com/
Thanks a lot!
ကမ္ဘာကြီးကိုကယ်တင်ဖို့ အားလုံးဝိုင်းဝန်းဆောင်ရွက်ကြပါစို့ ။
I would like to invite you all to come and listen to Myanmar Music at my site. I have many Myanmar Songs and Myanmar Mp3 collected on my site.
Myanmar Online Music: http://www.sunthit.com/
Thanks a lot!