မြသွေးနီနှင့် အွန်လိုင်းစာပေဆွေးနွေးဝိုင်း

Number of View: 3030

တစ်ရက်မှာ စာရေးဆရာမ နန်းအသင်္ခယာက “ ဖေ့ဘုတ်မှာ အွန်လိုင်းစာပေဆွေးနွေးပွဲလေးတစ်ခု လုပ်ချင်လို့ အစ်မပါဝင်ပေးပါ” ဆို ပြောလာပါတယ်။ လူငယ်တွေ အခုလို တက်တက်ကြွကြွ လုပ်ကိုင်နေတာ
မြင်ရရင် ကျွန်မ အင်မတန်မှ သဘောကျပါတယ်။ နောက်ပြီး ဒီလို စာပေစကားဝိုင်းတွေဟာ စာရေးသူတွေအတွက် စာဖတ်သူနဲ့ တိုက်ရိုက်ထိတွေ့ခွင့်ရသလို၊ ပါဝင်ဆွေးနွေးမယ့် စာဖတ်သူတွေက မိမိရဲ့စာတွေအပေါ်  ဘယ်လောက်များ အလေးအနက်ထားကြမလဲဆိုတာကလဲ အင်မတန်မှ စိတ်ဝင်စားဖို့   ကောင်းလှပါတယ်။

ပြင်ပမှာ စာဖတ်သူများနဲ့ စာရေးသူကြား တွေ့ဆုံကြဖို့ဆိုတာ အင်မတန် ခဲယဉ်းလှပါတယ်။ စာပေ အင်တာဗျူးတွေ ကြုံဘူးပေမယ့် အခုတစ်ခါက အွန်လိုင်းပေါ်က အပြန်အလှန် စကားဝိုင်းပုံစံဆိုတော့ ပိုစိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ဒါနဲ့ပဲ အွန်လိုင်းကနေ စာဖတ်သူများနဲ့ ၁နာရီခန့်   ဆွေးနွေးခွင့် ရမယ်ဆိုတော့ ဒီအစီအစဉ်ကို ကျွန်မ ၀မ်းမြောက်ဝမ်းသာစွာ လက်ခံဖြစ်ခဲ့ပါတယ်။ ပေးရတဲ့အချိန်နဲ့  ထိုက်တန်အောင်   နှစ်ဦးနှစ်ဘက် အကျိုးရှိစေမယ့် ဆွေးနွေးမှုများ ဖြစ်ပါစေလို့လဲ ကျွန်မ ကြိုတင် ဆုတောင်းမိခဲ့ပါတယ်။

ကျွန်မ ဆုတောင်းပြည့်ခဲ့ရပါတယ်။   ဆွေးနွေးပွဲနေ့ ဇန်န၀ါရီလ(၁၄)ရက်နေ့မှာ စိတ်ဝင်တစား   မေးလာကြတဲ့ စာဖတ်သူများရဲ့  မေးခွန်းများကြားမှာ ကျွန်မ စိတ်လှုပ်ရှား   ပျော်ရွှင်ခဲ့ရပါတယ်။ အွန်လိုင်းက စာပေ၀ါသနာရှင်များကို ဖိတ်ခေါ်ပြီး သီးသန့် Group Pageတစ်ခုဖွင့်လို့ ဖေ့ဘုတ်ပေါ်မှာ   ပြုလုပ်ခဲ့တဲ့ အွန်လိုင်း စာပေဆွေးနွေးပွဲလေးက အောင်မြင်စွာနဲ့  အထမြောက်ခဲ့ပါတယ်။   ဆွေးနွေးပွဲပုံစံ စစ်စစ်ထက် တရင်းတနှီး သိလိုတာများ ၀ိုင်းမေးတာကို   ဖြေကြားပေးခဲ့ရတာ ကျွန်မအတွက် အမှတ်တရပါဘဲ။

ဆွေးနွေးပွဲခေါင်းစဉ် – “ မြသွေးနီနှင့် သူရေးသောစာများ” ပါဝင်ဆွေးနွေးသူ – မြသွေးနီ
စီစဉ်သူ – နန်းအသင်္ခယာ

 

Nan Athinkhayar မင်္ဂလာပါ မမမြသွေးရေ …။ ဆွေးနွေးဝိုင်းအချိန်လေးတော့ ရောက်လာပါပြီ။
January 14 at 1:00pm
· like · 9

Mya Thway Ni မင်္ဂလာပါညီမရေ.. အစ်မ အသင့်ရှိနေပါပြီ..
January 14 at 1:00pm
· Like · 6

Min Kyi Nyo ဆရာမ မမြသွေးနီ မင်္ဂလာပါခင်ဗျ။
January 14 at 1:01pm
. Like · 7

Mya Thway Ni အားလုံးပဲ မင်္ဂလာပါ…
January 14 at 1:01pm
· Like · 8

Mya Thway Ni ဆွေးနွေးပွဲလေးမစတင်ခင် ကျွန်မ မေတ္တာရပ်ခံချင်တာတစ်ခုရှိပါတယ်ရှင်။ ဒီနေ့   ဆွေးနွေးပွဲလေးကို ဆွေးနွေးပွဲပုံစံမျိုးထက် စာပေချစ်မြတ်နိုးတဲ့ မောင်နှမတွေ အချင်းချင်း စုပေါင်း စကားဝိုင်းဖွဲ့ ပြောကြတယ်လို့ သတ်မှတ်စေချင်ပါတယ်။ ဒါကြောင့် ဆရာမဆိုတဲ့ အသုံးအနှုန်းထက် အစ်မ၊ မမြသွေးနီဆိုပြီး သုံးနှုန်းပြီး စကားဝိုင်းဖွဲ့ကြမယ်ဆိုရင် ပိုပြီး ရင်းနှီးနွေးထွေးမှုရမယ်လို့ ထင်တာမို့ ဆရာမဆိုတဲ့ အခေါ်အဝေါ်ကို ခဏလောက် ကျွန်မတို့ မေ့ထားကြအောင်နော်…
January 14 at 1:01pm
· Like · 15

Nan Athinkhayar ဟုတ်ပါတယ် အစ်မရေ .. ပေါ့ပေါ့ပါးပါးလေး ဖြတ်သန်းကြတာပေါ့။
January 14 at 1:03pm
· Like· 7

Mya Thway Ni ဟုတ်တယ် ညီမရေ… အစ်မတို့တွေ လက်ရည်တပြင်ထဲ တ၀ိုင်းထဲ အတူတူထိုင် စကားပြောကြတဲ့ သဘောပေါ့.. အွန်လိုင်းစာပေစကားဝိုင်းလေးပေါ့နော်.
January 14 at 1:04pm · Like · 9

Nan Athinkhayar ကဲ.. ဒီတော့ အစ်မ မြသွေးနီကို သိပြီးတဲ့ ပရိသတ်တွေရော မသိသေးတဲ့သူတွေ အတွက်ပါ .. အစ်မကို မိတ်ဆက်ပေးချင်ပါတယ်။ အစ်မရေ… အစ်မရဲ့ အနုပညာလှုပ်ရှားမှုလေးတွေ အားလုံးသိအောင် ပြောပြပေးပါဦးနော်။
January 14 at 1:04pm
· Like · 8

Mya Thway Ni အစ်မက www.myathwayni.com မှာ စာတွေရေးနေသူပါ။ teen Magazineမှာ အွန်လိုင်းက blogger တွေရဲ့လက်ရာမွန်တွေကို Blog Digest ကဏ္ဍကနေ စာမျက်နှာပေါ် ချပြပေး   နေပါတယ်။ တချိန်ထဲမှာပဲ ပုံနှိပ်မဂ္ဂဇင်းတွေမှာလဲ စာတွေ ကြိုးစားရေးနေပါတယ်။
January 14 at 1:08pm
· Like · 12

Nan Athinkhayar ဟုတ်ကဲ့ပါ အစ်မ။ အစ်မရဲ့ အနုပညာလှုပ်ရှားမှုလေးတွေကိုတော့ အွန်လိုင်းမှာရော အပြင်စာပေလောကမှာပါ တွေ့နေရပါတယ်။ တွေ့မိသလောက်လည်း မှတ်မှတ်ထင်ထင် ဖြစ်ရလောက်တဲ့ ဖတ်မိရင်ရင်ထဲမှာ ရသများစွာကျန်ခဲ့စေတဲ့ စာကောင်းပေမွန်လေးတွေဆိုတာ တွေ့ရပါတယ်။
January 14 at 1:08pm
· Like · 7

Mya Thway Ni ဟုတ်ကဲ့.. စာတွေဖတ်ပေးတာ ကျေးဇူးတင်ပါတယ် ညီမရေ…
January 14 at 1:10pm
· Like · 7

Nan Athinkhayar ဒီနေ့လည်း အစ်မရွေးချယ်ထားတဲ့ ခေါင်းစဉ်လေးက..“ မြသွေးနီနှင့် သူရေးသော စာများ” .. နော်။ အရမ်းပဲ စိတ်ဝင်စားဖို့ကောင်းပါတယ်အစ်မ။ အစ်မရဲ့ ရေးဖြစ်ခဲ့တဲ့ စာလေးတွေနဲ့ ပတ်သက်ပြီးတော့လည်း အားလုံးက သိချင်နေလိမ့်မယ်လို့ ယူဆပါတယ်။
January 14 at 1:10pm
· Like · 6

Mya Thway Ni ဟုတ်ကဲ့.. အစ်မ ရေးတဲ့စာတွေအပေါ်မှာ စာဖတ်သူတွေရဲ့ သုံးသပ်ချက်လေးတွေ အကြံဥာဏ်တွေကိုပါ ရချင်တဲ့အတွက် ဒီခေါင်းစဉ်လေးကို အစ်မရွေးဖြစ်ခဲ့တာပါ။ ကျွန်မရဲ့ စာတွေ အပေါ် မြင်မိသလောက် သုံးသပ်ပေးဖို့ ဒီGroupမှာ ပါဝင်သူများကို ဖိတ်ခေါ်ပါတယ်။   ဆွေးနွေးတဲ့   ခေါင်းစဉ်နဲ့ မဆိုင်ခဲ့ရင်လည်း စာပေနဲ့သက်ဆိုင်ခဲ့ရင် ဖြေပေးသွား ချင်ပါတယ်ရှင်..
January 14 at 1:12pm
· Like · 7

Nan Athinkhayar ကောင်းပါတယ် အစ်မ။ ပရိသတ်တွေနဲ့အတူ နန်းလည်း သိချင်ပါတယ်။
January 14 at 1:13pm
· Like · 4

Nan Athinkhayar ဒီနေရာမှာထူးဆန်းတာလေးတစ်ခုက အစ်မကို နန်း စသိခဲ့တာ “အိပ်မက်ကောက်   ကြောင်း”… ဆိုတဲ့ စာအုပ်လေးက စပြီးသိခဲ့တာပါ။ ဘလော့ဂါတစ်ယောက်အဖြစ် သိခဲ့တာမဟုတ်ဘဲ အလွန်စာရေးကောင်းတဲ့ အားကျမိတဲ့ စာရေးဆရာမတစ်ယောက်အနေနဲ့ သိခဲ့ရတာပါ။ အဲဒီ့ စာအုပ်လေးကနေ တဆင့်မှ စိတ်ဝင်စားသွားပြီး အစ်မစာတွေကို လိုက်ဖတ်ရင်း လေးစားအားကျ မိခဲ့တာ အခုထိပဲဆိုပါတော့အစ်မရယ်
January 14 at 1:14pm
· Like · 7

ကိုကိုးအိမ် အစ်မမြသွေးရဲ့စာတွေမှာ ကိုယ်တွေ့ဖြစ်ရပ်လေးတွေကို ပြန်ပြီး ဖွဲ့ထားတာလေးတွေ့တယ် ခင်ဗျ….။ အဲဒါလေးတွေဖတ်မိပြီး ကျနော်သိချင်တာက အစ်မမြသွေးကို ဘယ်လိုအရာမျိုးက စာရေးသူ တစ်ယောက်ဖြစ်လာစေဖို့ နှိုးဆော်ခဲ့တာပါလဲဗျ….
January 14 at 1:13pm
· Like · 7

Mya Thway Ni ကိုကိုးအိမ် >> စာတစ်ပုဒ်ချရေးဖြစ်ဖို့ အစ်မရဲ့ ပတ်ဝန်းကျင်က လူတွေထဲက အဖြစ်အပျက်တွေကနေပဲ နှိုးဆွပေးပါတယ်။ လူ့လောက ၀န်းကျင်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာ များကို အခြေခံ ရေးရတာထက် စိတ်ကူးပြီးရေးရတဲ့ ဇာတ်လမ်းတွေက အစ်မအတွက်တော့ ပိုခက်ခဲ ပါတယ်။ January 14 at 1:17pm · Like · 8

Snow Snow Lay ဟုတ်ပါတယ်မမ။ စာရေးသူဆိုတာ လက်တွေ့ဘဝတွေကို မျက်ခြေမပြတ်   လေ့လာနေမှ   လက်တွေ့ဘဝနဲ့ နီးစပ်တဲ့ ဘဝတွေကို သရုပ်ဖော်နိုင်မှာပါ။ ဒီစကားဝိုင်းလေးမှာ မမရဲ့ စာဖတ်ပရိတ်သတ် စစ်စစ်တွေ ဝင်ပြီးဆွေးနွေးနိုင်ရင် ပိုကောင်းမယ်နော်။ ဒီစကားဝိုင်းလေးအကြောင်း ဖိတ်ထားတာကိုတော့
တွေ့မိပါတယ်။ တကယ်တော့ ဝါသနာတူ စာရေးသူတွေရော ပြင်ပက တကယ့် စာဖတ်သူတွေကိုပါ
မေးမြန်းခွင့် ရစေချင်မိပါတယ် မမရေ။
January 14 at 1:19pm
via mobile · Like · 6

Mya Thway Ni  ဟုတ်ပါတယ် နှင်းရေ… စာချစ်သူတွေနဲ့ ထိတွေ့ခွင့်မရချင်တဲ့ စာရေးသူဆိုတာ မရှိလောက်ဘူး ထင်ပါတယ်။ ပိုပြီး ရင်းနှီးမှုရနိုင်သလို အမြင်တွေ ဖလှယ်ခွင့်ပါ ရစေပါတယ်နော်..။
January 14 at 3:13pm
· Like · 8

Nan Athinkhayar ဟုတ်ကဲ့ ..။ အစ်မရဲ့ အိပ်မက်ကောက်ကြောင်းစာအုပ်မှာ အဲဒီ့ပတ်ဝန်းကျင်က
နှိုးဆွပေးတဲ့ အဖြစ်အပျက်လေးတွေ တော်တော်များများရဲ့ အရိပ်အငွေ့လေးတွေ တွေ့ရပါတယ်။
January 14 at 1:19pm
· Like · 7

Mya Thway Ni  ညီမရေ.. အိမ်မက်ကောက်ကြောင်းက ရသစာစုတိုင်းကို လူတိုင်းက အစ်မရဲ့ တကယ့် အဖြစ်အပျက်တွေလားလို့ တွေ့တိုင်းမေးတာခံရပါတယ်။  အမှန်ကတော့ ပတ်ဝန်းကျင်က စေ့ဆော်တဲ့ အကြောင်းများက အဓိကအရင်းခံပါတယ် ညီမရေ…။ “ ရေးစရာ စာတွေ ဝေးဝေးလိုက်မရှာနဲ့၊ ကုန်ကြမ်းတွေ  လူတွေ ကြားထဲမှာပဲ ရှိနေတယ်” တဲ့.. ။ အဲ့ဒါ အစ်မဆရာကြီး လူထုဦးစိန်ဝင်းက အစ်မကို
ပြောခဲ့တာပါ။
January 14 at 1:21pm
· Like · 11

Nan Athinkhayar ဟုတ်ကဲ့ပါ အစ်မ။ ပတ်ဝန်းကျင်စေ့ဆော်မှုကို အနုပညာအဖြစ် အသွင်ပြောင်း
နိုင်တာလဲ စာရေးသူတွေ့ရဲ့ နူးညံ့တဲ့ပဉ္စလက်အတတ်တစ်ခုပါပဲ အစ်မရေ ..။
January 14 at 1:24pm
· Like · 9

ကိုကိုးအိမ် အမမြသွေးရဲ့စာပေအသိုင်းအဝိုင်းကို စပြီးခြေချဖြစ်တာ Print မှာလား၊ ဘလော့ဂ်မှာလား ဆိုတာလေး သိချင်ပါတယ်ဗျ…..။ နောက်ပြီး အမအနေနဲ့ ပရင့်မီဒီယာနဲ့အွန်လိုင်းမီဒီယာရဲ့ အားသာချက်၊ အားနည်းချက်အတွေအပေါ်မှာ ကိုယ့်ရဲ့စာပေတွေကို နှလုံးသားရဲ့အာဟာရတစ်ခု အနေနဲ့ လိုအပ်နေတဲ့ စာဖတ်သူတွေဆီ တန်းတန်းမတ်မတ်ရောက်အောင် ဘယ်မီဒီယာကများ ပိုပြီး ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်မယ်လို့ထင်ပါသလဲခင်ဗျ….
January 14 at 1:25pm
· Like· 8

Mya Thway Ni ကိုကိုးအိမ်ရေ >>> အစ်မစာစရေးဖြစ်တာက ၁၉၉၀ ခုနှစ် အစ်မအသက် ၁၉နှစ်အရွယ် စက်တင်ဘာလထုတ် ပေဖူးလွှာမဂ္ဂဇင်းမှာ “ ကဗျာသည်မ၏သက်ပြင်း” ဆိုတဲ့ ကဗျာလေးနဲ့စတင်ခြေချဖြစ်
ခဲ့တယ် ပြောရမှာပေါ့.. အဲ့ဒီနောက်ပိုင်း ပေဖူးလွှာမှာပဲ ၀တ္တုတို ၂ပုဒ်လောက် ပါခဲ့ပါသေးတယ်။
January 15 at 12:33pm
· Like · 11

Mya Thway Ni နောက်ပိုင်းမှာ စာပေစီစစ်ရေးရဲ့တင်းကြတ်မှုကြောင့် အနုပညာချပြခွင့်ကို သော့ခတ်
ခံရတယ်လို့ ခံစားမိတာကြောင့် စာလုံးဝ မရေးဖြစ်တော့ပဲ နှစ်နဲ့ချီကြာခဲ့ပါတယ်။
January 14 at 1:30pm
· Like · 7

ကိုကိုးအိမ် တကယ့်အနုပညာသမားတစ်ယောက်ရဲ့ ရှိသင့်တဲ့မာနတစ်ခုပါပဲအစ်မရေ….. အစ်မ အနုပညာ ခရီးကို ခြေလှမ်းတဲ့အချိန်တုန်းကဆိုရင် ကျနော် လူ့လောကကိုတောင် မရောက်သေးပါဘူး….။ အစ်မရဲ့ဖြတ်သန်းခဲ့တဲ့အနုပညာခရီးနဲ့ ဝါနဲ့ကို တကယ်လေးစားမိပါတယ်ဗျ..
January 14 at 1:32pm
 Like· 10

Mya Thway Ni ၂၀၁၀ခုနှစ်မှာ အွန်လိုင်းမှာ စာရေးဖို့ အခွင့်အရေးပြန်ရလာပါတယ်.. ဒါနဲ့အခုထိ ဆက်ရေုးဖြစ်ခဲ့ပါတယ်။ အွန်လိုင်းမှာ ရေးဖြစ်တာက ပုံနှိပ်မှာ ပြန်ရေးဖြစ်ဖို့ အချိုးအကွေ့ ဖြစ်လာပါတယ်။ အဲ့ဒီကနေ ပုံနှိပ်ရော အွန်လိုင်းမှာပါ စာတွေ ဆက်ရေုးဖြစ်နေတာ အခုထိပါဘဲ..
January 15 at 12:29pm
· Like · 8

Mya Thway Ni ကိုကိုးအိမ်မေးတဲ့ ပရင့်မီဒီယာနဲ့အွန်လိုင်းမီဒီယာရဲ့ အားသာချက်၊ အားနည်းချက်တွေ အပေါ်မှာ ကိုယ့်ရဲ့စာပေတွေကို နှလုံးသားရဲ့အာဟာရတစ်ခုအနေနဲ့လိုအပ်နေတဲ့ စာဖတ်သူ တွေဆီ တန်းတန်းမတ်မတ်ရောက်အောင် ဘယ်မီဒီယာကများ ပိုပြီး ထိထိရောက်ရောက် ပံ့ပိုးပေး နိုင်မယ်လို့ ထင်ပါသလဲဆိုတာကို ဖြေရရင်…
January 14 at 1:33pm
· Like · 7

Mya Thway Ni နှစ်ခုလုံးက ပို့ပေးနိုင်တယ်လို့ မြင်ပါတယ်။ အွန်လိုင်းက မြန်တယ် အချက်အလက် ကဲတယ် သတင်းတွေအတွက် အွန်လိုင်းက ထိရောက်တယ်။ ဒါပေမယ့် မှန်ကန်တဲ့တိကျတဲ့ သတင်းတော့
ဖြစ်ရမယ်။ ပုံနှိပ်မှာ ခြေချခွင့်မရသူတွေအတွက် သင့်တော်တယ်။ ပုံနှိပ်က ခံစားမှုရသကိုပေးတယ်။
ကျယ်ပြန့်မှုနှုန်းကျတော့ နှေးတယ်။ ဒါကြောင့် နှစ်ခုလုံးက သူ့နေရာနဲ့သူ သင့်တော်တယ်လို့ အစ်မ မြင်တယ်။
January 14 at 1:36pm · Like · 10

ကိုကိုးအိမ် အခုနောက်ပိုင်းမှာ အနုပညာသမားစစ်စစ်ဆိုတာကို အမျိုးမျိုးအဓိပ္ပါယ်တွေ ဖွင့်လာကြ တာ တွေ့ရပါတယ်….. အစ်မခံယူထားတဲ့၊ လက်ခံထားတဲ့ အနုပညာသမားစစ်စစ်ရဲ့ အဓိပ္ပါယ်လေးကို သိပါရစေခင်ဗျ….
January 14 at 1:35pm · Like· 7

Mya Thway Ni ကိုကိုးအိမ် >> အနုပညာသမားဆိုတာ သူ့ပရိသတ်အပေါ် စေတနာ၊ စာနာ၊ ၀ါသနာ အရင်းခံလို့ အရိုးသားဆုံး ပေးဆပ်နိုင်သူ ဖြစ်ရမယ်လို့ အစ်မထင်ပါတယ်။
January 14 at 1:48pm
· Like · 12

Naychi Thit Nwe မှန်လိုက်တာမမရေ
January 14 at 1:48pm · Like · 2

Mya Thway Ni အစ်မက Typing နှေးလို့ စာရေးနောက်ကျနေတာ နားလည်ပေးကြပါနော်…
January 14 at 3:54pm
· Like · 7

Nan Athinkhayar အစ်မက စာပေမျိုးရိုးလည်းရှိတယ်နော်။ ဆရာကြီး ရန်ကုန်ဘဆွေရဲ့ မြေးလို့ သိရပါတယ်။ နန်းဆိုလည်း စာပေမျိုးရိုးမဟုတ်ပေမယ့် ဖိုးဖိုး ဂီတလုလင်မောင်ကိုကိုရဲ့ မြေး တစ်ယောက်ဖြစ်တဲ့အတွက် အနုပညာဗီဇဓာတ်က အလိုလိုပါနေတယ်လို့ထင်မိပါတယ်။ ဂီတဘက် မဟုတ်ပေမယ့် စာပေအနုပညာဘက်ကို ၀ါသနာကြီးမိပါတယ်။ အစ်မလည်း အခုလို စာရေးသူ တစ်ယောက်ဖြစ်လာတာ အဖိုးဖြစ်သူရဲ့ ဗီဇသွေးကြောင့်လို့ ဆိုနိုင်မလားအစ်မ။ အဲဒီ့အပေါ်မှာဖြစ်မိတဲ့ အစ်မခံစားချက်လေး သိချင်ပါတယ်။
January 14 at 1:27pm
· Like · 9

Mya Thway Ni အစ်မအဘိုးက စာရေးဆရာ ပန်းချီဆရာကြီး ရန်ကုန်ဘဆွေပါ..
January 14 at 3:54pm
· Like · 8

Mya Thway Ni အဘိုးရှိစဉ်က အစ်မ ၇နှစ်တန်းလောက်ပဲရှိပါဦးမယ်.. အဘိုးရဲ့သွေးက ဘယ်သူမှာမှ မပါပဲ အစ်မဆီမှာ ပါလာတာပါ။ အဘိုး ဒါကို သိခွင့်မရသွားပါဘူး။ အဘွားကတော့ အစ်မစာတွေ   ရေးဖြစ်တာ၊ သူ့နာမည်မြသွေးဆိုတာကို ခွင့်တောင်းယူခဲ့တာမို့ သိသွားရှာပါတယ်။
January 14 at 3:54pm
· Like · 8

Nan Athinkhayar ဟုတ်ကဲ့ အစ်မ အဘိုးသာရှိဦးမယ်ဆို အစ်မအတွက် ဂုဏ်ယူနေမှာသေချာပါတယ် အစ်မ။
January 14 at 1:43pm · Like · 9

Snow Snow Lay မမရေးခဲ့တဲ့ “သမီးရဲ့မျက်လုံးလေး”ဆိုတဲ့ ဇာတ်လမ်းလေးကို ရေးဖြစ်တဲ့ အကြောင်း   လေးကို သိချင်မိပါတယ်။ တကယ့်ကို အသက်ဝင်တဲ့ ဇာတ်လမ်းလေးပါပဲ။ မမရဲ့ ဇာတ်ကောင်တွေကလဲ အရမ်းကို ပီပြင်ပါတယ်။
January 14 at 1:29pm
via mobile · Like · 6

Mya Thway Ni အွန်လိုင်းစာပေဆွေးနွေးပွဲမှာ ပထမဆုရခဲ့တဲ့ “သမီးရဲ့မျက်လုံးလေး” က တကယ့် အဖြစ်အပျက်ကို အခြေခံထားတာပါ ညီမရေ..၊ ပြင်ပမှာ ပြန်အစားမရနိုင်တော့တဲ့ ဇာတ်ကောင် မိန်းကလေးရဲ့ မျက်လုံးလေးကို အစ်မရဲ့ဝတ္တုထဲမှာတော့ ထွက်ပေါက်အနေနဲ့   ပြန်ရခွင့်ပေးခဲ့မိပါတယ်။
January 14 at 3:56pm
· Like · 9 · Remove Preview

Ĺã Ĺãÿ လလေးကတော့ ဖြစ်ပျက်နေတဲ့ သဘာဝ ကဗျာတွေကို အရမ်းကြိုက်တယ်မမ..။  ဥပမာ “ဤကဗျာရှည်ကို ဖယောင်းတိုင်မီးဖြင့် ကျွန်ုပ်ရေးသည်” ဆိုတာမျိုး အရမ်းထိထိမိမိရှိတာပဲ၊ သိမ်းကို ထားတာ..။
January 14 at 1:42pm · Like · 4

Mya Thway Ni Ĺã Ĺãÿ မေးတဲ့ ဖယောင်းတိုင်ကဗျာကတော့ “မီးတွေပိတ်ပြီး ဖယောင်းတိုင်ထွန်းနေပါ” ဆို မဆင်မခြင်ပြောတဲ့ လူကြီးအတွက် ပေါက်ကွဲပြီး ရေးမိတာလေးပါ။ ညီမလေး နှစ်သက်တယ်ဆိုလို့   ကျေးဇူးတင်မိပါတယ်နော်..။
January 14 at 3:18pm
. Like · 10

Nan Athinkhayar အစ်မရဲ့ “အသိသစ်တံခါးချပ်များ” အကြောင်းလည်း ပြောပြပေးပါဦး အစ်မ။ အတွေးအခေါ်ဆန်တဲ့ ထူးခြားတဲ့ဟန်လေးတွေနဲ့ ရေးထားတဲ့ ဒီစာစုလေးတွေကို စိတ်ဝင်စားမိပါတယ်။
January 14 at 1:46pm · Like · 6

Mya Thway Ni နန်းမေးတဲ့ “အသိသစ်တံခါးချပ်များ” ခေါင်းစဉ်အောက်က စာတွေက စိတ်ခွန်ဖြည့် စာတွေထက် လူတွေ.. အစ်မကိုယ်တိုင် သတိမပြုလိုက်မိတဲ့၊ သတိပြုလိုက်မိတဲ့ အမြင်အပေါ် ခပ်ဆတ်ဆတ်လေး တို့ထိပြီး တွေး၊ ရေးထားတဲ့ စာစုတွေပါ။ ဒီစာစုတွေ စုစည်းပြီး စာအုပ်ထွက်ဖို့ ရှိပါတယ်။ January 14 at 1:51pm · Like · 9 · Remove Preview

ကိုကိုးအိမ် အစ်မ စာရေးပြီဆိုရင် ဘယ်လိုအချိန်၊ ဘယ်လိုနေရာမျိုးမှာစာရေးရတာ နှစ်သက်သလဲ ဆိုတာလေး သိပါရစေဗျ..
January 14 at 1:50pm
· Like · 6

Mya Thway Ni အစ်မ စာရေးရင် ညဘက် လူခြေတိတ်ချိန်တွေမှာ တစ်ယောက်ထဲ တစ်ထိုင်ထဲ လက်တန်း စာရေးလေ့ရှိပါတယ်။ တိတ်ဆိတ်နေမှုက အတွေးနဲ့စကားလုံးတွေ ပိုမို အားကောင်းအောင် ဖန်တီးပေးသလို ခံစားရလို့ပါ။
January 14 at 1:53pm
· Like · 8

Naychi Thit Nwe စာရေးသူဆိုတာ..သူ့ရဲ့စိတ်ကူးရလာချိန်..ဒါမှမဟုတ် ဇာတ်လမ်းတစ်ပုဒ် ရလာချိန်.. စာရေးချင်လာစိတ်တွေပေါ်လာချိန်မှာ..ကျန်တဲ့အလုပ်တွေကို ဖယ်ထားပြီး.. ချက်ချင်း ရေးပစ်လိုက်မိ တာမျိုးတွေ လုပ်မိဘူးလားမမ….။ ပြီးတော့..အဲ့ဒီလိုရေးခဲ့မယ်ဆိုရင်ရော.. မမအနေနဲ့ ဘယ်လိုယူဆမိလဲ.. စာကောင်းတစ်ပုဒ်ထွက်လာနိုင်သလား..၊ မထွက်လာနိုင်ဘူးလားဆိုတာကိုလဲ မမအမြင်အရ
ပြောပေးပါအုံးနော်။
January 14 at 1:54pm
· Like · 5

Mya Thway Ni နေခြည်မေးတာကို ဖြေရရင်… အစ်မစိတ်ကူးထဲမှာတော့ ဇာတ်လမ်းတွေ အမြဲစီကာ စဉ်ကာရှိပါတယ်။ အွန်လိုင်းမှာရေးမယ်ဆို စိတ်ကူးမိရင် စာတွေက ရှောခနဲရေးနိုင်ပြီး၊ ပုံနှိပ်အတွက်
ရေးမယ်ဆိုရင် အစ်မအတွက် အမြဲနှောင့်နှေးနေမိပါတယ်။ အွန်လိုင်းမှာက စိတ်ကို လွတ်လွတ် လပ်လပ် ရေးနိုင်တဲ့ ခံစားမှုရှိပြီး၊ ပုံနှိပ်အတွက်ဆိုရင်တော့ သက်ဆိုင်ရာစာမျက်နှာတွေနဲ့ ဘောင်ဝင်ပါ့ မလားဆိုတဲ့ စံနဲ့ ဂရုပြုရေးဖြစ်ပါတယ်။ ဈာန်ဝင်စားရင် ၃နာရီလောက်နဲ့ တစ်ပုဒ်ရေးနိုင်ပေမယ့်၊ မုဒ်အောက်နေရင်တော့ ဘယ်လိုမှ ဆက်ရေးမရတော့တဲ့ စာတွေလဲ ရှိဘူးပါတယ်။
January 14 at 3:21pm
· Like · 12

Naychi Thit Nwe မမရဲ့အဖြေလေးကို နေခြည်လက်ခံလို့ရပါတယ်..ဘာဖြစ်လို့လဲဆိုတော့ ပုံနှိပ်မှာ
ခေါ်လာတဲ့ စာမူတွေမှာ ကန့်သတ်ချက်စာမျက်နှာတွေရှိခဲ့လို့..တခါတရံ အွန်လိုင်းမှာ စိတ်ရှိလက်ရှိ
ရေးထားသမျှစာတွေက အခက်အခဲဖြစ်စေခဲ့ပါတယ်..ကျေးဇူးတင်ပါတယ်မမရေ
January 14 at 2:05pm
· Like · 6

Mars Sixteenth ရသချည်းပေးတဲ့ ၀တ္ထုကို အပျော်ဖတ်လို့ သတ်မှတ်တဲ့အပေါ် အစ်မရဲ့အမြင်လေး သိပါရစေ။
January 14 at 1:36pm
via mobile · Like · 4

Mya Thway Ni ရသပေးတဲ့ ၀တ္တုထက် အပျော်ဖတ်ဝတ္တုတွေ နေရာပိုရလာတော့ စာဖတ်သူတွေ ကိုယ်တိုင်က အပျော်ဖတ်စာပေကို ရသစာပေလို့ ထင်ယောင်ထင်မှား ဖြစ်လာတတ်ပါတယ်။ အစ်မ ခံယူထားတဲ့ ရသစာပေဆိုတာက စာတစ်ပုဒ်ဖတ်လိုက်ရင် စာဖတ်သူရင်ထဲ တစ်ခုခု ကျန်ခဲ့မယ်ဆို ရသမြောက်ပါတယ်။ ဘယ်အချိန်ပြန်ဖတ်ဖတ် အသက်အရွယ်မရွေး စိတ်နှလုံးကို သိမ်းကျုံးယူငင်နိုင်တယ် ဆိုရင် စာဖတ်သူအတွက် ရသစာပေပါပဲ။
January 14 at 4:12pm
· Like · 8

Ĺã Ĺãÿ ဟုတ်ကဲ့မမ လူငယ်တွေအတွက်ပေါ့နော် မိဘအပေါ် မိသားစုအပေါ် သိတတ်နားလည်စေဖို့လဲ “တာဝန်ယူချင်စိတ်” ဆိုတဲ့ စာသားမျိုးလေးတွေလဲ လိုအပ်ပါတယ် မမ နောက်ထပ်လဲ ဖတ်ရဖို့ မျှော်လင့်မိ ပါတယ်။ တကယ့်ဖြစ်ရပ်တွေကျတော့ စိတ်ကူးနဲ့ မတူတဲ့အခါ စာဖတ်သူက ပိုခံစားရသလိုပဲ မမ ၊
January 14 at 1:57pm · Like · 4

Nan Athinkhayar “သူကြွယ်သူဌေးအစစ်” ဆိုတဲ့ စာလေးကို ဖတ်မိပါသေးတယ်။ နန်း  တော်တော် သဘောကျမိတယ် အစ်မ။ အခုလို ဖောက်ထွက်တဲ့ ရသလည်းပေးနိုင်တဲ့ စာလေးတွေကို ရေးဖြစ်ခဲ့တဲ့ အကြောင်းလေးလည်း ပြောပြပေးပါဦး အစ်မ။
January 14 at 1:56pm
· Like · 6

Mya Thway Ni နန်းမေးတဲ့ “သူကြွယ်သူဌေးအစစ်” ဆိုတဲ့ စာစုမျိုး၊ Ĺã Ĺãÿ ပြောတဲ့ “တာဝန်ယူချင်စိတ်” ဆိုတဲ့ စာစုမျိုးကတော့ လူငယ်တွေအတွက် အဓိကရည်ရွယ်ချင်တာပါ။၊
January 14 at 1:59pm
· Like · 7

Snow Snow Lay စာရေးသူဘဝ အိမ်ထောင်သည်ဘဝ၊ မိခင်တစ်ယောက်ဘဝ၊ ကိုယ်တိုင် အလုပ်လုပ်နေ တဲ့ ပညာတတ် မိန်းမတစ်ယောက်ဘဝမှာ ဘယ်ဘဝကို အားအရဆုံးလဲဆိုတာ သိချင်ပါတယ်။ အကုန်လုံးကို အညီအမျှ ဟန်ချက်ညီအောင် ထိန်းထားဖို့ အချိန်ကို ဘယ်လို manageလုပ်ခဲ့တယ် ဆိုတာလေးပါ သိချင်ပါတယ်မမ။
January 14 at 2:00pm
via mobile · Like · 10

Naychi Thit Nwe snow snow layရေ…မေးသင့်တဲ့ မေးခွန်းလေးတစ်ခုပါပဲ..
January 14 at 2:01pm · Like · 4

အိပ်မက် ရှင် ကောင်းမွန်တဲ့ မေးခွန်းလေးပါပဲ ခင်ဗျာ။
January 14 at 2:02pm
· Like · 6

ကိုကိုးအိမ် မနှင်း မေးခွန်းလေးက အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့မေးခွန်းလေးဗျ။ အဲဒါလေးကိုလည်း သိပါရစေ။
January 14 at 2:03pm
· Like · 7

Mya Thway Ni ပညာတတ်မိန်းမတစ်ယောက်ဘ၀ရယ်၊ စာရေးဆရာတစ်ယောက်ဘ၀ရယ်၊ အိမ်ထောင် ရှင်မဘ၀ရယ်မှာ… အစ်မအနှစ်သက်ဆုံးဘ၀က မိသားစုတွေနဲ့ ပျော်ရွှင်စွာနေထိုင်ရတဲ့ ချမ်းမြေ့တဲ့ အိမ်ထောင်ရှင်မဘ၀ပါ။ အသက်အရွယ် အိုမင်းလာတဲ့အထိ စာရေးခွင့်ရသွားနိုင်တဲ့ အိမ်ထောင်ရှင်မ   ဖြစ်ဖို့လဲ ဘုရားမှာ နေ့စဉ်ဆုတောင်းမိပါတယ်။ အခုလောလောဆည်တော့ ဟန်ချက်ညီဖို့ မျှခြေတစ်ခုထားပြီး ဘယ်အရာမှ မပိုမလျော့ဖို့ အားထုတ်နေထိုင်နေပါတယ်။ ပါရမီဖြည့်ပေးတဲ့ မိသားစုဝင်တွေကြောင့် လက်ရှိ အခြေအနေတွေမှာ စိတ်ဖိစီးမှု ရှိပေမယ့် ကျေနပ်နှစ်သိမ့်နိုင်ပါတယ်။
January 14 at 3:58pm
· Like · 14

Naychi Thit Nwe မမရဲ့အဖြေလေးက တကယ့်ကိုကျေနပ်စရာကောင်းလှပါတယ်..မိန်းမသားတွေရဲ့ အဖြစ်ချင်ဆုံးဆန္ဒနှင့်ထပ်တူ…ပါရမီဖြည့်ပေးတဲ့ မိသားစုကိုပါ ကျေးဇူးတင်ထိုက်ပါတယ်
January 14 at 2:09pm
·Like · 7

Snow Snow Lay ကျေးဇူးပါမမ တောင်းတဲ့ဆုတွေပြည့်ပါစေနော်။
January 14 at 2:09pm
via mobile · Like · 5

ကိုကိုးအိမ် အစ်မက ကဗျာတွေလည်းရေးတယ်ဆိုတော့ ကဗျာနဲ့ဝတ္တုရဲ့ ပရိတ်သတ်အပေါ် ပေးနိုင်တဲ့ ရသကွာခြားချက်အပေါ် အစ်မရဲ့ အမြင်လေးကိုလည်း သိပါရစေဗျ….
January 14 at 2:00pm
· Like · 6

Mya Thway Ni ကိုကိုးအိမ်မေးတဲ့ ကဗျာနဲ့ဝတ္တုရဲ့ ပရိတ်သတ်အပေါ် ပေးနိုင်တဲ့ ရသကွာခြားချက် ကတော့ အစ်မအနေနဲ့ ကွာခြားမှုမရှိဘူးလို့ပဲ ဖြေချင်ပါတယ်။ တင်ပြပုံ၊ ရည်ရွယ်ချက်၊ အရေးအဖွဲ့   ကောင်းရင် ကဗျာဖြစ်စေ ၀တ္တုဖြစ်စေ နှစ်သက်စွာ ခံစားဖတ်ရှုပါတယ်။ ကိုယ်တိုင်လဲ ကဗျာချရေးချင် စိတ် ပေါ်လာရင် ချရေးလိုက်တာပဲ၊ ၀တ္တုလေးရေးချင်လာမိရင်လဲ ချရေးလိုက်မိတာပဲ၊ ကဗျာရယ် ၀တ္တုရယ်လို့ ကန့်သတ်ထားမှု အစ်မမှာ မရှိပါဘူး.။ ၀တ္တုကတော့ အစ်မအတွက် ပိုရေးဖြစ်ပါတယ်။
January 14 at 3:22pm
· Like · 9

Real Love ဘယ်အချိန်လောက်တုန်းက စာကိုစာရေးတာလည်း။ ပြီးတော့ ၀ါသနာပါလို့လား ။ စာရေးဖို့ အတွက် ဘယ်လိုအရာတွေကို အထောက်အကူပြုပေးနိုင်မလည်း။ စာရေးတာက အရမ်းကို ခက်ခဲတဲ့ အလုပ်လို့ သိရပါတယ်။ တစ်ကယ်ကို လေးလည်းလေးစားပါတယ်။ လမင်းသိချင် တာလေးတွေ   ပြောပေးနော်။
January 14 at 2:09pm · Like · 9

Real Love စာကောင်းလေးတွေရေးနိုင်ဖို့ ဘယ်လိုစာအုပ်မျိုးကို ရွေးချယ်ဖတ်ရလည်းဆရာမ။
January 14 at 1:58pm
· Like · 5

Mya Thway Ni Real Love –ညီမလမင်းရေ.. ဘယ်အချိန်လောက်တုန်းက စာကို စာရေးတာလည်း ဆိုတာကို အစပိုင်းမှာ အစ်မပြောပြပြထားခဲ့ပါတယ်။ ညီမမေးတဲ့ နောက်တစ်ခုဖြစ်တဲ့…
January 15 at 12:32pm
· Like · 6

Mya Thway Ni စာရေးဖို့အတွက် ဘယ်လိုအရာတွေက အထောက်အကူပြုပေးနိုင်မလဲဆိုတာက အစ်မအမြင်ပြောရရင်.. စာဖတ်နာရပါမယ်၊ သူများတွေဘယ်လိုရေးသားတယ်ဆိုတာ စု၊တု၊ပြုရပါ့မယ်။ အလေ့အကျင့် အမြဲလုပ်နေရပါမယ်။ ဇွဲရှိရပါမယ်။ နောက် အရိုးသားဆုံးခံစားချက်နဲ့ စေတနာ ထုံမွှမ်းပြီး တင်ပြမယ်ဆိုရင် စာကောင်းတစ်ပုဒ် ထွက်လာမှာပါ။
January 14 at 2:15pm
· Like · 12

Nan Athinkhayar အစ်မရေ .. နန်း တစ်ခုလောက်မေးချင်ပါတယ်။ စာရေးချင်တဲ့ လူငယ်တွေ အတွက်ပါ။ တချို့က အွန်လိုင်းမှာ စာရေးတာ လွတ်လပ်မှုရှိတယ်၊ အယ်ဒီတာမရှိဘူးဆိုပြီး စိတ်လက် ပေါ့ပါးစွာ
ရေးကြပါတယ်။ အမှန်အတိုင်း သုံးသပ်ရရင် ပရင့်မှာသာ ဖော်ပြခံရရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အသိအမှတ်ပြုခံရလောက်အောင် ကောင်းတဲ့ ကဗျာလေးတွေ စာလေးတွေ များစွာ များစွာ ဖတ်ဖူးပါတယ်။ ဥပမာ Heinn Fivestring ဆိုတဲ့ မောင်ငယ်လေးရဲ့ ဗိုလ်ချုပ်အကြောင်း အမှတ်တရ ရေးထားတဲ့ ခဏခဏ သတ်တယ် ဘယ်တော့မှ မသေဘူး…ဆိုတဲ့ ကဗျာလေးလိုမျိုးပေါ့။ ဘယ်အချိန်ဖြစ်ဖြစ် သတိတရ အသိအမှတ်ပြုနေမိတဲ့ ကဗျာလေးတွေပါပဲ။ ဒါပေမယ့်.. အဲဒီ့လို ကောင်းမွန်ပြောင်မြောက်တဲ့ လက်ရာမျိုးလေးတွေ ရှိနေသလိုပဲ တစ်ဘက်မှာလည်း တချို့လက်သွေးနေတဲ့ ကလေးတွေမှာလည်း အွန်လိုင်းမှာ ပေါ့ပေါ့လေးရေးရင်းက အဲဒီ့အဆင့်မှာပဲ ရပ်တန့်နေတာမျိုးတွေလည်း တွေ့ရပါတယ်။ နန်းကတော့ အားလုံးကို ဒီ့ထက်ဒီ့ထက် တိုးတက်စေချင်တာပါပဲ။ အစ်မအနေနဲ့ရော အဲဒီလို ကလေးတွေအတွက် ဘာအကြံများပြုချင်တာရှိလဲရှင့်။
January 14 at 2:12pm · Like · 10

Mya Thway Ni နန်းမေးတဲ့ စာရေးချင်တဲ့ လူငယ်တွေအတွက်ဆိုတဲ့ မေးခွန်းလေးကို ဖြေပေးချင်ပါ တယ်။
January 14 at 2:20pm
· Like · 5

Mya Thway Ni အခုလို အွန်လိုင်းမှာ ၀ါသနာတွေ ချပြခွင့်မျိုး ဟိုးအရင်ကာလတွေက မရရှိခဲ့ပါဘူး။ ဒါပေမယ့် အခုရလာခဲ့ပါပြီ။ ဒါကြောင့် ကျွန်မအမြဲပြောလေ့ရှိတဲ့အတိုင်း ရပ်တန့်မနေကြပါနဲ့၊ ဆက်ပြီး အနုပညာတွေ မွေးထုတ်ပါ၊ ထင်ပေါ်ရင် စင်တော်က ကောက်လာပါလိမ့်မယ်လို့ပြောချင်ပါတယ်။ ဒါက အခု အွန်လိုင်းပေါ်က ကဗျာသမား၊ ၀တ္တုသမားတွေ ပုံနှိပ်ပေါ်ရောက်နေကြတာကို မျက်မြင်ကိုယ်တွေ့   တွေ့နေရလို့ပါဘဲရှင်..။
January 14 at 3:24pm · Like · 9

Nan Athinkhayar ကျေးဇူးပါ အစ်မ။ စာရေးချင်တဲ့လူငယ်တွေလည်း အဲဒီ့အဖြေလေးအတွက်
ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
January 14 at 2:25pm
· Like · 7

ကိုကိုး အိမ် အစ်မရဲ့စာလေးတွေမှာ သားလေးအကြောင်းတွေ ထည့်ရေးထားတာလည်း တွေ့ရပါတယ်၊ ချမ်းမြေ့ပျော်ရွှင်တဲ့ မိသားစုဘဝဟာ အစ်မရဲ့စာရေးသားမှူ့အပိုင်းနဲ့ အနုပညာဈာန်ဝင်စားနိုင်မှု အပိုင်းမှာ ဘယ်လောက်ထိ အကျိုးသက်ရောက်မှု ပေးနိုင်သလဲဆိုတာလေးလဲ သိချင်ပါတယ်ဗျ..
January 14 at 2:11pm
· Like · 9

Mya Thway Ni သားပြည့်က အစ်မအတွက် အားမာန်တစ်ခုပါ။ သားပြည့်အကြောင်းရေးပြီး သူ့ကို
ပေးဖတ်တဲ့အခါမှာ အစ်မသူ့ကို စကားတွေအများကြီးနဲ့ ဆုံးမစရာမလိုတော့ပဲ သူနားလည်သိတတ် လာပါတယ်။ တချိန် အမေ့ရင်ခွင့်က ခွဲခွာသွားမယ့် လူကြီးပိုင်းရောက်ချိန်မှာ သူ့အတွက် တန်ဘိုး မဖြတ်နိုင်တဲ့ ဘ၀လက်ဆောင်အဖြစ်နဲ့လဲ ကျန်ရစ်ခဲ့စေချင်လို့ပါ။ သားပြည့်လို သားသမီးတိုင်း၊ အစ်မလို မိခင်တိုင်းအတွက်လဲ ရည်ရွယ်ပါတယ်။ သားပြည့်ကြောင့် လူငယ်စာဖတ်သူတွေ တိုးလာသလို၊ အိမ်ထောင်ရှင် စာဖတ်သူတွေလဲ တိုးလာတာမို့ မေမေ့သားပြည့်ကို ကျေးဇူးတင်မိကြောင်း ဒီနေရာက အမှတ်တရ ပြောချင်ပါတယ်.. ။
January 15 at 12:36pm
· Like · 12

ကိုကိုး အိမ် မိခင်တစ်ယောက်ရဲ့မေတ္တာကနေပေါက်ဖွားလာတဲ့ အနုပညာလို့ ခေါင်းစဉ်တပ်ရမယ် ထင်တယ် အစ်မရေ..
January 14 at 3:24pm · Like · 9

Mya Thway Ni အစ်မ ဖြေဖို့ လွတ်သွားတာရှိရင်လဲ ပြန်မေးကြပါနော်.. အစ်မလဲ Browser၂ခုဖွင့်ပြီး ဟိုဘက် သည်ဘက် refresh လုပ် ဖတ်နေရလို့ လွတ်သွားနိုင်ပါတယ်..
January 15 at 12:38pm
· Like · 9

အိပ်မက် ရှင် အစ်မနီရဲ့ စာတွေကို ဖတ်ရတဲ့ အခါ စာဖတ်သူကို ပေးလိုတဲ့ Message အပြင် ရေးဟန်ထဲမှာ ကျွန်တော် သတိထားမိတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိတဲ့ သဘောကို အမြဲတမ်း ခံစားမိပါတယ်။ အဲလို အငွေ့အသက်ကို စာဖတ်သူကို ပေးနိုင်ဖို့ ယုံကြည်မှုကို ဘယ်လိုတည်ဆောက် ယူတယ်ဆိုတာ သိလိုပါတယ် ခင်ဗျာ။
January 14 at 2:08pm
· Like · 9

Mya Thway Ni အစ်မအနေနဲ့ ထူးထူးခြားခြား ဖန်တီးထားတာ၊ အားမွေးယူထားတာမျိုး မရှိပါဘူး..၊ စာရေးတိုင်း စာဖတ်သူတွေကို အရိုးသားဆုံး ချပြချင်တဲ့စိတ်နဲ့ပဲ အားထုတ်ဖြစ်ပါတယ်။
January 15 at 12:37pm
· Like · 9

အိပ်မက် ရှင် ကျေးဇူးပါ အစ်မ၊ ဒါဆိုရင် အစ်မရဲ့ရိုးသားတဲ့ စာပေဂုဏ်က အစ်မကို ယုံကြည်မှုတွေ ထည့်သွင်းပေးခဲ့တယ်လို့ ဆိုရမှာပေါ့ ခင်ဗျာ။ လေးစားပါတယ် အစ်မနီ။
January 14 at 2:33pm
· Like. 11

Snow Snow Lay မေးတဲ့သူတွေကလဲစေ့စေ့စပ်စပ်မေးခဲ့သလို မမကလဲ ပြည့်ပြည့်စုံစုံ ဖြေပေးခဲ့ပါတယ်။ စာဖတ်သူတွေ စာရေးသူတွေကိုလဲ ခွန်အားဖြစ်စေတဲ့ အဖြေလေးတွေ ဖြေပေးတဲ့အတွက် ကျေးဇူးပါမမ။
January 14 at 2:31pm via mobile · Like· 10

Mya Thway Ni အစ်မလဲ အခုလို ဖြေပေးရတာ အရမ်းကို ၀မ်းသာနေမိတယ် နှင်းရယ်.. ;(
January 14 at 2:33pm
· Like · 10

Real Love အထူးသဖြင့် စာရေးချင်သော ၀ါသနာပါသော သူလေးတွေကို အားပေးလိုက်တဲ့ ဆရာမရဲ့ စေတနာတွေက စာရေးချင်တဲ့သူတွေကို ပြောမပြတတ်အောင်အားဖြစ်စေပါတယ်မမ။ အရမ်းကို ကျေးဇူးတင်ပါတယ်။ ဒီနေ့က တစ်ကယ့်ကို လမင်းအတွက် တန်ဖိုးရှိသောနေ့လေး တစ်နေ့ဖြစ်ပါတယ်။ ဆရာမနဲ့တွေ့ရတဲ့အတွက်ပါ။ တန်ဖိုးရှိသောစကားတွေလဲ ကြားရလို့ပါ။ ။
January 14 at 2:34pm
· Like · 10

Mya Thway Ni Real Love..ကြိုးစားပါ ညီမရေ.. ကြိုးစားမယ်ဆို “ တွေဝေမနေနဲ့၊ ဒီနေ့ပဲ စလိုက်ပါ…” ။ ဒါ အစ်မအမြဲလက်ကိုင်သုံးနေကြ စကားလေးပါ။
January 14 at 3:25pm
· Like · 9

Real Love ဟုတ်ကဲ့မမ ကျေးဇူးအများကြီးတင်ပါတယ်။ မမ ဒီိထက်မကအောင်မြင်ပါစေ။
January 14 at 2:15pm
· Like · 2

Real Love ဟုတ်ကဲ့ အားပေးတာ ကျေးဇူးတင်ပါတယ်။ တစ်ကယ်ပြောရရင် စာရေးဆရာမတစ်ယောက် အရမ်းဖြစ်ခြင်မိပါတယ်။ ဒါပေမယ့် ဘာဆိုဘာမှ မသိသေးဘူးဖြစ်နေသလို။ အကြောင်းအရာတစ်ခုကို ထိမိအောင်မရေးတတ်ဘူးဖြစ်နေပါတယ်။ မမ။ အားကျတဲ့ စာရေးဆရာမ စာအုပ်တွေဖက်ပြီးတော့ ကြိုးစားနေမိသေးတယ်။ ရည်ရွယ်ချက်ကိုတော့ လက်မလွတ်ခြင်ဘူး။ အမြဲကြိုးစားနေမှာပါ။
January 14 at 2:27pm
· Like· 8

Nan Athinkhayar အစ်မရေ .. အစ်မရဲ့ အမြင်မှာ အခုလို စာပေဆွေးနွေးတဲ့ စကားဝိုင်းလေးတွေ အပေါ် မြင်တဲ့အမြင်လေး ပြောပြပေးပါဦး။ ဒီလို ဆွေးနွေးဝိုင်းလေးတွေ ရှိသင့်တယ်လို့ ထင်ပါသလား အစ်မ။
January 14 at 2:35pm · Like · 8

Mya Thway Ni ဒီလို စာပေဆွေးနွေးပွဲတွေက အရမ်းလိုအပ်ပါတယ်၊ အွန်လိုင်းမှာပဲ ဖြစ်ဖြစ်၊ ပုံနှိပ်မှာပဲဖြစ်ဖြစ်၊ ပြင်ပမှာ လူကိုယ်တိုင်ပဲဖြစ်ဖြစ် လုပ်သင့်လုပ်ထိုက်တဲ့အရာပါ။ ဘယ်အရာမဆို စစချင်း စလုပ်သူတိုင်းအတွက် ပူးပေါင်းပါဝင်သူတွေ ရှိသလို ဝေဖန်တာ၊ ကန့်ကွက်တာ၊ စောင့်ကြည့် တာတွေလဲ ရှိနေတတ်ပါတယ်။ သေသေချာချာ အကျိုးရှိရှိနဲ့ စံနစ်တကျ ရေရှည်လုပ်သွားမယ်ဆိုရင် စာဖတ်သူတွေရော၊ စာချစ်သူတွေအတွက်ရော၊ စာရေးသူတွေအတွက်ပါ နွေးထွေးတဲ့ တန်ဖိုးရှိတဲ့ လူမှုအ၀န်းအ၀ိုင်းလေးကို တည်ဆောက်နေသလို ဖြစ်တာမို့ ရှိသင့်တယ်လို့ မြင်မိပါတယ်။
January 15 at 12:39pm · Like · 15

Nan Athinkhayar ကျေးဇူးတင်ပါတယ်အစ်မ။ အစ်မ အားပေးစကားကြောင့် နန်းလည်း ဒီဆွေးနွေး ၀ိုင်းလေးကို အဓိပ္ပါယ်ပြည့်ဝပြီး စာပေချစ်မြတ်နိုးသူတွေအတွက် အကျိုးပြုနိုင်ဖို့ အမြဲတမ်း ကြိုးစား တည်ဆောက်သွားမှာပါ။
January 14 at 2:42pm
· Like · 12

Naychi Thit Nwe  ကျေးဇူးတင်ပါတယ်မမရေ.. နေမကောင်းတဲ့ကြားကနေ.. စေတနာစကားတွေ.. အတွေးအခေါ်အသစ်တွေကို ပေးဝေငှပြီး အားပေးသွားတဲ့အတွက်..နေခြည်တို့နဲ့ထပ်တူ မမလည်း ဒီထက်မက ပိုပြီးအောင်မြင်ပါစေ..။ ဆက်လက်လည်း စာတွေရေးသားခွင့်ရနိုင်ပါစေ။ ခုလို အချိန်တွေ   ပေးပြီး စီစဉ်ဖန်တီးပေးတဲ့ ဆရာမနန်းအသင်္ခယာကိုလည်း ကျေးဇူးအထူးတင်မိပါတယ်ရှင်။
January 14 at 2:44pm · Like · 7

Real Love နောက်နောင် အလုပ်အားခဲ့လျှင် ဒီလိုလေး စာပေးတွေကို မျှဝေပေးသိပါဦးလို့ လမင်းက တောင်းဆိုပါတယ်။ အရမ်းအလုပ်ရှုပ်တဲ့အစ်မ ခုလို့ လာရောက်ပေးတာကို ကျေးဇူးလည်း တင်ပါတယ်။ နောက် အခါအခွင့်သင့်လာခဲ့ရင် ပြန်လာစေချင်ပါတယ်မမ။ တောင်းဆိုပါတယ်။
January 14 at 2:45pm · Like · 10

အိပ်မက်ရှင် တစ်နေ့က ကျွန်တော်တို့ စကားဝိုင်းမှာ ယနေ့ခေတ်လူငယ်တွေ စာဖတ်အားနည်း လာတယ်လို့ အစ်မနီ ပြောဖူးတယ် ထင်ပါတယ်။ ကျွန်တော် သိချင်တာက ဘာလို့ အဲလိုအမြင်မျိုး ဝင်လာစေတယ်ဆိုတာရဲ့ အကြောင်းအရင်းလေးကို မျှဝေပေးပါလား ခင်ဗျာ။
January 14 at 2:36pm
· Like · 8

Mya Thway Ni လူငယ်တွေ စာဖတ်အားနည်းတယ်ဆိုတာ အမှန်ပါဘဲ။ အစ်မရုံးမှာ ကျောင်းစာက လွဲလို့ အပြင်စာပေ မဖတ်တဲ့ လူငယ်သုံးယောက်လောက် ရှိပါတယ်။ အစ်မဆွေမျိုးသားချင်းထဲမှာကို၊ သူငယ်ချင်းတွေ မိတ်ဆွေတွေအထဲမှာကို စာမဖတ်သူတွေ ရှိနေပါတယ်။ အဲ့တာကို ဖြစ်ပေါ်စေတာက
ပြင်ပဖျော်ဖြေရေးတွေများလာတာရယ်၊ အချိန်မလုံလောက်တော့တာရယ်၊ တိုင်းပြည်က ဆင်းရဲနေတာ ရယ်၊ စီးပွားရေးတွေကျဆင်းလာတာတွေရဲ့ ရိုက်ခတ်မှုတွေလို့ ထင်ပါတယ်။ ပညာရေးစံနစ် နိမ့်ကျနေ တာကလဲ တစ်ကြောင်းလို့ မြင်မိတယ်။ အခု ကိုယ့်ပတ်ဝန်းကျင် နီးစပ်ရာမိတ်ဆွေတွေကို ကြည့်လိုက် ရင်တော့ စာဖတ်သူတွေချည်းပေါ့၊ ကိုယ်တိုင်က စာပေမွေ့လျော်သူဖြစ်နေတာကို။ စာလုံးဝကိုမှ မဖတ်တဲ့ ၀န်းကျင်မှာ ပျော်မွေ့နေသူတွေလဲ အများကြီး ရှိနေပါတယ်။ ခုနကပြောတဲ့ ရိုက်ခတ်မှုမျိုးတွေပေါ့။ စာအုပ်တစ်အုပ်ကို ၁၅၀၀ကျပ်ပေးပြီး ၀ယ်ဖတ်ဖို့ထက်၊ တစ်နေ့ ၃၀၀ကျပ်ပေး ငှားဖတ် ဖို့ထက် တစ်နေ့တာ မီးဖိုချောင်စားရိတ်အဖြစ်သုံးဖို့ပဲ လိုအပ်နေသူတွေက အစ်မတို့ တိုင်းပြည်မှာ ပိုများနေပါတယ်။ ဒါကြောင့် စာဖတ်အားတွေ ကျဆင်းပြီး သန်း၆၀ရှိတဲ့တိုင်းပြည်မှာ စာအုပ်ရေ ၁၀၀၀ကုန်ဖို့ ဖျစ်ဖျစ်မြည်အောင် ရောင်းနေရတာပါ။
January 15 at 12:40pm
· Like · 15

အိပ်မက်ရှင် ကျေးဇူးပါ ခင်ဗျာ၊ အစ်မ တစ်ကိုယ်ရေအနေနဲ့ လူငယ်တွေ စာဖတ်လာအောင် တိုက်တွန်းနှိုးဆော်ဖို့ ဘယ်လို နည်းလမ်းတွေ လိုအပ်မယ်၊ အကြံပေးမယ် ဆိုတာ သိပါရစေခင်ဗျာ။ မှတ်သားအတုယူ လိုက်နာရအောင်ပါ။
January 14 at 2:51pm
· Like · 8

Mya Thway Ni လူငယ်တွေ စာဖတ်လာအောင်… လူငယ်တွေရောလူကြီးတွေပါ စာဖတ်နိုင်ဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးဖို့၊ ရယူပေးဖို့ လိုအပ်ပါတယ်။ လူကြီးတွေက အခွင့်အလမ်းတွေ ဖန်တီးပေးရမှာဖြစ်သလို၊ လူငယ်တွေကလဲ အခွင့်အလမ်းတွေကို ရှာဖွေအသုံးချတတ်မှ ရမှာပါ။ အခုလို စာပေဆွေးနွေးဝိုင်းတွေ၊ စာပေကရတဲ့ ဗဟုသုတတွေ ဖလှယ်ဖို့လိုပါတယ်။ နောက်ပြီး….
January 15 at 12:43pm
· Like · 10

Mya Thway Ni မြို့နယ်တိုင်းမှာ စာကြည့်တိုက်တွေ ရှိရမယ်..နောက်…
January 14 at 2:53pm
· Like · 8

Mya Thway Ni အခြေခံပညာကျောင်းတွေမှာ စာဖတ်တဲ့အလေ့အထ ကျင့်ပေးရမယ်။ အပြင်စာအုပ် တစ်အုပ်သတ်မှတ်ပေးပြီး သူတို့အမြင်လေးတွေကို ရဲရဲတင်းတင်း ပြန်ဆွေးနွေးတာမျိုးတွေ၊ အလေ့အကျင့် ဖြစ်အောင်လုပ်ပေးသင့်တယ်။ မဟုတ်ရင် နောင် မျိုးဆက်ကလေးတွေ မြသန်းတင့် ဆိုလည်းမသိ၊ ဒဂုန်တာရာဆိုလဲမသိ ဖြစ်ကုန်ပြီး၊ ရသခံစားမှု ကိုယ်ခံအားနည်းတဲ့ စက်ရုပ်   လူသားလေးတွေ ဖြစ်ကုန်ကြလိမ့်မယ်လို့ မြင်မိတယ်။ ခံစားမှုအားနည်းရင် စာနာစိတ်တွေပါ ခေါင်းပါးလာ တတ်တော့ အဲ့တာကို အစ်မစိတ်ပူမိပါတယ်။
January 15 at 12:44pm
· Like · 12

Ĺã Ĺãÿ မမနီပြောသွားတာလေးတွေမှန်တယ် မမရေ သိလား.. လလေးတို့ဆီမှာတောင် စာကြည့်တိုက် လိုမျိုး စာအုပ်လှူပြီး အခမဲ့ဖတ်တဲ့ နေရာလေးတွေ ကြိုးစားတည်ထောင်ပေးနေရတာ (ဆရာတော်)တွေ ဦးစည်းတာပေါ့နော် လလေးတို့က စာအုပ်တွေလှူတယ် အလှူလည်းခံပေးတယ် လှူချင်သူတွေ မအားတာမျိုးပေါ့လေ ။ အဲလိုလေးတွေ အခုနောက်ပိုင်းပိုများလာတယ် မမရေ…။
January 14 at 2:52pm
· Like · 8

Nan Athinkhayar မှန်ပါတယ် အစ်မ။ နန်းလည်း ဆရာ အိပ်မက်ရှင်နဲ့နေ့က စာကြည့်တိုက် ကိစ္စလေးတွေ
ပြောဖြစ်ပါတယ်။ ကဲ ..သတ်မှတ်ချိန်လေးတွေလည်း ကျော်နေပြီဆိုတော့ အစ်မကိုလည်း အားနာမိပါ တယ်။ January 14 at 2:59pm · Like · 7

Real Love လူငယ်တွေအတွက် အရမ်းအရေးပါတဲ့ “ရပ်တန့်မနေကြပါနဲ့” ကို အရမ်းကိုကြိုက်တယ် မမရေ။ ဘ၀အတွက်လည်းလိုအပ်တယ်လို့ထင်ပါတယ်။ လူငယ်တွေကိုပြုပြင်နိုင်မယ့် အဲလိုစာတွေ အများကြီး ရေးပေးစေခြင်ပါတယ်။ ခိုင်မာပြီးသိလွယ်သော အဲစာလေကို အရမ်းကြိုက်ပါတယ်မမ။ အမြဲလည်း အားပေးနေပါ့မယ်နော်။
January 14 at 2:53pm
· Like · 9

Ĺã Ĺãÿ မမရေ “သားထံမှ….တဆင့်” ဆိုမျိုးလေးတွေလဲ ကြိုက်တယ်။ ပါတ်ဝန်းကျင်မှာ ကလေးတွေကို ဆုံးမမှု လမ်းမမှန်တာမျိုး တွေ့ရင် အဲဒီကလေး အမေတွေကို မမရေးတဲ့ အဲဒီစာသားလေးတွေကို လလေးပြန်ပြီး ပြောပြမိတယ် (ဥပမာအနေနဲ့ပေါ့) သူတို့လဲ လက်ခံတဲ့အခါ ကောင်းတဲ့ဘက်ကို ဦးတည်သွားတာပေါ့ မမရယ် …။ အဲလိုအကြောင်းလေးတွေလဲ ဖတ်ချင်ပါသေးတယ် မမ ….။
January 14 at 2:48pm
· Like · 9

Mya Thway Ni အားပေးတာ ကျေးဇူးတင်ပါတယ်Ĺã Ĺãÿ ရေ.. အစ်မကြိုးစားရေးပါ့မယ်နော်..
January 14 at 3:29pm
· Like · 7

Nan Athinkhayar နောက်ဆုံးအနေနဲ့ ပရိသတ်ကို ဘာများပြောချင်တာရှိပါသေးလဲ အစ်မ။ နှုတ်ဆက် စကားလေး ပြောပေးပါဦးနော်။
January 14 at 3:00pm
· Like · 8

အိပ်မက်ရှင် အစ်မ စိတ်ထဲ စွဲနစ်နေစေတဲ့၊ လေးစားအားကျ အတုယူရစေတဲ့ ရသစာရေးဆရာ တစ်ယောက်နဲ့ စာအုပ်တစ်အုပ်ကို နောက်ဆုံးအနေနဲ့ ပြောပြပေးသွားပါလားခင်ဗျာ။
January 14 at 3:00pm
· Like · 8

Ĺã Ĺãÿ အကိုဖျာမေးခွန်း ကြိုက်၏
January 14 at 3:01pm
· Like · 3

Mya Thway Ni အိမ်မက်ရှင်ရေ.. ကြိုက်တာတွေ အများကြီးပဲ…ဘယ်လိုလုပ်မလဲ… :)
January 14 at 3:01pm
· Like · 9

အိပ်မက် ရှင် အကြိုက်ဆုံးပေါ့ ခင်ဗျာ။
January 14 at 3:01pm
· Like · 4

Mya Thway Ni အစ်မနှစ်သက်တဲ့ ရသရေးသူတွေ အများကြီးပါ.. အဲ့ဒီအထဲက လောလောဆည် ကြိုက်လွန်းလို့ ပြန်ဖတ်ဖြစ်နေတဲ့ရသ၀တ္တုတိုပေါင်းချုပ်လေးကကွယ်လွန်သွားပြီဖြစ်တဲ့ ကျောင်းဆရာမတစ်ဦးဖြစ်တဲ့ စာရေးဆရာမ မိုးငြိမ်းဧရဲ့ ၀တ္တုတိုပေါင်းချုပ်ပါ။
January 14 at 3:32pm
· Like · 12

Mya Thway Ni အစ်မကို နှုတ်ဆက်ခွင့်ပြုပါနော်..
January 14 at 3:32pm
· Like · 6

Nan Athinkhayar ဟုတ်ကဲ့ နှုတ်ဆက်စကားလေးကြားပါရစေ အစ်မ။
January 14 at 3:04pm
· Like · 5

Mya Thway Ni ဒီနေ့ဆွေးနွေးပွဲလေးက အစ်မကို စာဖတ်သူတွေနဲ့ နွေးနွေးထွေးထွေး ထိတွေ့ပေးတယ်။ Typing Speedတွေလည်း ရုတ်ချည်းတက်လာစေတယ်.. :) စာရေးဖို့ ခွန်အားတွေလဲ ရလာစေတယ်။ စာချစ်သူတွေနဲ့ အခုလိုတွေ့ရတော့ ကြည်နူးစိတ်နဲ့ မျက်ရည်တောင် လည်နေမိသလိုပဲ။ ပါဝင်ဖို့ အခွင့်အရေး ပေးခဲ့တဲ့ စီစဉ်သူများနဲ့ ပါဝင်ဆွေးနွေးသူများ အားလုံးကိုလည်း ကျေးဇူးတင်မိပါတယ်။
January 15 at 12:44pm
·  Like · 14

Mya Thway Ni စာချစ်သူများ အားလုံး ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲ ကျကြပါစေလို့…
January 14 at 3:06pm
· Like · 12

Nan Athinkhayar ဒါပေါ့ အစ်မရေ .. အနုပညာသမားဆိုတာ ပရိသတ်ရဲ့ အားပေးမှုနဲ့ ရှေ့ဆက်နေ ကြတာဆိုတော့ အစ်မခံစားချက်လေးကို ကိုယ်ချင်းစာမိပါတယ်။ အစ်မလည်း အခုထက်ပိုပြီး
အောင်မြင်သော စာရေးဆရာဘ၀၊ မိသားစုအတွက်ဆို စံပြမိခင်ကောင်း၊ မိဘအတွက်ဆို ဂုဏ်ယူစရာ သမီးတစ်ယောက်အဖြစ် ဘ၀ခရီးကို ရှေ့ဆက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
January 14 at 3:09pm
· Like · 12

အိပ်မက်ရှင် ဒီစကားဝိုင်းလေး ဖြစ်မြောက်အောင် စိတ်ရှည်လက်ရှည် ပြောဆိုဆွေးနွေးပေးတဲ့ အစ်မမြသွေးနီကို အထူးပဲ ကျေးဇူးတင် လေးစားမိပါတယ် ခင်ဗျာ။ ဝါသနာသန်ရာ စာပေလမ်းကြောင်း
ပေါ်မှာလည်း ဒီထက်မက အောင်မြင်ပါစေကြောင်း ဆန္ဒပြုလိုက်ရပါတယ်။ ကျေးဇူးပါ ခင်ဗျာ။
January 14 at 3:09pm
· Like · 12

Nan Athinkhayar ၀င်ရောက်ဆွေးနွေးပါဝင်ကြတဲ့ မောင်နှမများ စာချစ်သူ ပရိသတ်များကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ..။ ရည်ရွယ်ရာပန်းတိုင်တိုင်းကို အရောက် လှမ်းနိုင်သူများ ဖြစ်ကြပါစေ..၊ ဆုတောင်းလိုက်ပါတယ် ….။
January 14 at 3:10pm
· Like · 10

Ĺã Ĺãÿ ကျန်းမာပျော်ရွှင်စွာနဲ့ စာပေများရေးသားနိုင်ပါစေ မမရေ….။
January 14 at 3:06pm
· Like · 6

Real Love ပေးသောဆုနဲ့ပြည့်ပါစေမမ။ ဒီထက်မကအောင်မြင်နိုင်ပါစေ။
January 14 at 3:06pm
· Like · 5

Naychi Thit Nwe ချစ်သောမမ လိုရာဆန္ဒပြည့်ဝပါစေ..မိသားစုပျော်ရွှင်စွာ ခရီးဆက်ရင်း စာပေတွေ ကို နှစ်တွေအချိန်တွေကြာအောင် ဆထက်တိုးရေးသားနိုင်ပါစေရှင်။
January 14 at 3:10pm
· Like · 6

Real Love လမင်းလည်းကျေးဇူးတင်ပါတယ်နော် မနန်းကိုကော ဟောပြောပေးသော ဆရာမကိုကော သူငယ်ချင်းတွေကိုကော။ အားလုံးကိုကျေးဇူးတင်ပါတယ်။
January 14 at 3:01pm
· Like · 6

Real Love ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ။ အားလုံးကို ဒီနေ့သည်အရမ်းကိုတန်ဖိုးရှိပါသည်။
January 14 at 3:04pm
· Like · 3

Rapper Lay ရေးဆရာစာတွေ ဝေးဝေးလိုက်မရှာနဲ့၊ ကုန်ကြမ်းတွေ လူကြားထဲမှာပဲ ရှိနေတယ်.. (လူထုဦးစိန်ဝင်း) မှန်လိုက်တဲ့ ကောင်းလိုက်တဲ့စကားလေးပါလားဗျာ။ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်ခင်ဗျာ။
January 14 at 3:21pm
· Like · 2

Rapper Lay စာရေးဖို့အတွက် ဘယ်လိုအရာတွေက အထောက်အကူပြုပေးနိုင်မလဲဆိုတာက အစ်မအမြင်ပြောရရင်.. စာဖတ်နာရပါမယ်၊ သူများတွေဘယ်လိုရေးသားတယ်ဆိုတာ စု၊တု၊ပြုရပါ့မယ်။ အလေ့အကျင့် အမြဲလုပ်နေရပါမယ်။ ဇွဲရှိရပါမယ်။ နောက် အရိုးသားဆုံးခံစားချက်နဲ့ စေတနာ ထုံမွှမ်းပြီး တင်ပြမယ်ဆိုရင် စာကောင်းတစ်ပုဒ်ထွက်လာမှာပါ။ (ဆရာမမြသွေးနီ)
January 14 at 4:10pm
· Like · 4

Yatu Thit မန့်တွေပြန်ဖတ်ပြီးမှ..အနွေးဓာတ်ပြန်ယူလိုက်ရတော့တယ်။ အစ်ကို/အစ်မ/ညီ/ ညီမတို့ရေ ဒီဆွေးနွေးပွဲလေးမှာ ကိုယ်တိုင် ပါဝင် မဆွေးနွေးလိုက်ရပေမယ့်၊ ဆွေးနွေးသွားကြသူတွေရဲ့ စာပေ ချစ်စိတ်နဲ့ တစ်သားတည်းကျနေပါတယ်လို့ပြောပါရစေဗျာ..၊ စီစဉ်တင်ဆက်သူတွေရော၊  ပြန်လည်ဆွေး
နွေး ဖြေကြားသူတွေရော၊ ၀င်ရောက်ဆွေးနွေး မေးမြန်းပေးသူတွေရော.. အားလုံး ရည်မှန်းချက်ကိုယ်စီ အကောင်အထည် ဖော်နိုင်ကြပါစေလို့ ဆန္ဒပြုမိရကြောင်းပါခင်ဗျာ..။
January 14 at 4:11pm
· Like · 9

Min Kyi Nyo မနေ့က နေမကောင်းလို့ ကြာကြာ မထိုင်လိုက်နိုင်ပါဘူး။ ဒီနေ့မှပဲ ဖတ်ရပါတယ်။ ဆရာမ မြသွေးနီနှင့် ပါဝင်ဆွေးနွေးကြသူများအားလုံးကို ကျေးဇူးတင်ကြောင်းပြောပါစေခင်ဗျား…။
January 15 at 12:54pm
· Like · 2

ဒီအစီအစဉ်လေးကို ကျွန်မ၀က်ဘ်ဆိုက်မှာ အမှတ်တရ ပြန်လည်သိမ်းလိုတာမို့ ညီမ နန်းအသင်္ခယာဆီ ခွင့်တောင်းပြီး ပြန်တင်ပေးလိုက်ပါတယ်။ တပြိုင်နက်ထဲမေးလာကြတဲ့ မေးခွန်းတွေအပေါ် မူရင်းအတိုင်း တင်ပေးလိုက်ရင် စာဖတ်သူများ ရှုတ်ထွေးပြီး အဆင်မပြေမှာ စိုးမိတာကြောင့် သက်ဆိုင်ရာ မေးခွန်းများ
နဲ့ အဖြေများကို ပြန်လည်ယှဉ်တွဲ ဖော်ပြပေးလိုက်ပါတယ်။ ဒီအစီအစဉ်လေး ဖြစ်မြောက်အောင်  စီစဉ်ပေးခဲ့သူများ၊ ပါဝင်ဆွေးနွေးသူများ အားလုံးကို ရင်မှ ကျေးဇူးမှတ်တမ်း တင်ပါရစေ။

 

ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျကြပါစေ။

Share
This entry was posted in မြသွေးနီ. Bookmark the permalink.

9 Responses to မြသွေးနီနှင့် အွန်လိုင်းစာပေဆွေးနွေးဝိုင်း

  1. ကိုယ်တိုင်ပါဝင်မဆွေးနွေးလိုက်ရပေမယ့် ခုလို အမေးနဲ့ အဖြေလေးတွဲပြီး တင်ထားပေးတဲ့အတွက် ဖတ်ရတာ အရမ်းအရသာရှိတာပဲ အမ။
    မေးခွန်းတွေကလည်း ကောင်း၊ အမရဲ့ အဖြေတွေကလည်း စိတ်ကျေနပ်စရာအပြည့်…။
    အစအဆုံး သေချာဖတ်ပြီး မှတ်သားစရာရှိတာတွေ မှတ်သားသွားပါတယ် အမရေ…။

    ခင်မင်လေးစားတဲ့
    ဂျွန်မိုး

  2. ဗဟုသုတအဖြစ် စာပေရဲ့တန်ဖိုး အသိ ရင်တွေထဲကို ထိုးဖေါက်ဝင်ရောက်သွားမယ်လို့ ယုံကြည်ပါတယ်.။ မမတို့ ဆွေးနွေးတဲ့ထဲကနေ စာပေဖတ်ခြင်းအားဖြင့် လောကကို အလှဆင်နိုင်ခွင့်ရကြမှာပါ..။
    ချစ်တဲ့
    ညီမသဒ္ဓါ

  3. ကူးကူးလှိုင် says:

    အစ်မရဲ့ လက်ကိုင်ထားတဲ့ စကားလေးကို အရမ်းသဘောကျပါတယ် ကြိုးစားမယ်ဆို “ တွေဝေမနေနဲ့၊ ဒီနေ့ပဲ စလိုက်ပါ…” ။ မှတ်သားသွားပါတယ် အစ်မရေ..

  4. ခုမှပဲ သေချာသေချာချာ တစ်စုတစ်စည်းထဲ ဖတ်လိုက်ရတော့တယ်…။
    အမှတ်တရ တစ်ခုဖြစ်ခဲ့တာပေါ့ အစ်မမြသွေး…။

    ခင်မင်ခြင်းအားဖြင့်…
    ဏီလင်းညို

  5. စာပေစကားဝိုင်းလေးက နွေးထွေးပြီး အားလုံးကလည်း ဖော်ဖော်ရွေရွေ ရှိလှတယ်…၊
    အချိန်တိုလေး အတွင်းမှာ အခုလို စိတ်ဝင်စားစရာ ကောင်းတဲ့ မေးခွန်းတွေနဲ့ အစ်မမြသွေးရဲ့ ပြေပြစ်တိကျတဲ့ အဖြေတွေကို ပြန်ပြီး မျှဝေလို့ ကျေးဇူးတင်ပါတယ်ဗျာ…။

  6. အမရေ…….နဂိုကတည်းကမှ အမကို ခင်မင်လေးစားအားကျမိတဲ့
    မိမိုးနတ်တစ်ယောက် ခုလို စာပေစကားဝိုင်းလေးမှာ အလေးထားပြီး
    ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း ဖြေကြားသွားတာလေးကို ဖတ်ရတော့
    အမအပေါ်တိုးလို့သာ လေးစားအားကျနေမိတော့တယ်……
    မေးသူ စာပေမောင်နှမတွေကလဲ စေ့စေ့စုံစုံမေးထားသလို
    ဖြေပေးတဲ့ အမနီကလဲ စေတနာထားပြီး အရိုးခံအတိုင်းဖြေကြားပေး
    ထားတာ အရမ်းကောင်းပါတယ် မ……ဒီလိုစာပေစကားဝိုင်းလေးတွေ
    ဒိထက်မက ပြန့်ပွားအဓွန့်ရှည်နိုင်ပါစေ….မမနန်းနဲ့ စာပေမောင်နှမတွေကို
    လဲ ကျေးဇူးအထူးတင်ပါတယ်နော်…..

  7. AH says:

    တ၀ကြီး ဖတ်ပြီး ပြန်သွားပြီ အမရေ… စုံစုံလင်လင်ဆွေးနွေးထားတာလေးတွေ ဖတ်ရတဲ့အတွက် ကျေးဇူးပါခင်ဗျာ။

  8. မိုးစက်ပွင့် says:

    သိပ်ကောင်းတဲ့ အစီအစဉ် ကလေးပါဘဲ ….
    အစီအစဉ်ကို မမီလိုက်ပေးမဲ့ အခုလို ပြန်တင်ပေးတဲ့အတွက် ကျေးဇူးပါ..
    (ခံစားမှုအားနည်းရင် စာနာစိတ်တွေပါ ခေါင်းပါးလာတတ်တယ်.. ) ဆိုတဲ့ စကားလေး အမှတ်တရ သိမ်းသွားပါတယ်.. ရိုးရိုးလေးနဲ့ ထိမိအောင်ပြောတတ်တဲ့ မမြသွေးကို လေးစားပါတယ်..

  9. တကယ် သဘောကျနှစ်ခြိုက်စရာကောင်းပါတယ် ဆရာမရေ………

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>