ဖေဖော်ဝါရီလ Blog Digestနှင့် Blogမိတ်ဆက်

Number of View: 3965

        ဖေဖော်ဝါရီလထုတ် ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်းက အဆိုတော် အောင်လနဲ့ရတနာမိုင်တို့ရဲ့ မျက်နှာဖုံးနဲ့အတူ ထွက်ရှိခဲ့ပါပြီ။ အဖွင့်မှာ အယ်ဒီတာ ရဲ့ “ဖူးငုံတို့ကို သိစေချင်တာ” ကဏ္ဍမှာ “ပြည်ထောင်စု စိတ်ဓာတ်” ဆိုတာကို အယ်ဒီတာက ဖူးငုံတို့သိစေဖို့ အတွက် အဓိပ္ပါယ် ဖွင့်ဆိုပြထားပါတယ်။ မျက်နှာဖုံးရှင်   နှစ်ဦးရဲ့ ဖေဖော်ဝါရီလ(၁၄)ရက် ဗယ်လင်တိုင်းနေ့ အတွက်    စကားသံ၊  Echo Pageမှ ဂီတအနုပညာ သတင်း၊ Faces & Places ကဏ္ဍမှ ပြည်ပမှ အနုပညာရှင် teenများအကြောင်း၊ ဒဂုန်ခင်သဇင်ရဲ့ ဖူးငုံဆယ်ကျော်သက်တို့အတွက် ဗေဒင်ကဏ္ဍ၊ ရာပြည့် ရဲ့  ဂျက်စတင်ဖီဘာအကြောင်း အခန်းဆက်၊ “သူငယ်ချင်း” သီချင်းကို ဖန်တီးသူ “ရီနီု”နဲ့ သီဆိုသူ “ဥာဏ်လင်းအောင်”၊ နားဆင်သူ ပရိတ်သတ်များ၏ အမြင်များ၊ မေစုလှိုင်ရဲ့ မော်ဒယ် သွန်းဆက်ရဲ့ အလှအပရေးရာ၊ ခင်လေးမြင့် စီစဉ်တဲ့ ၀တ်မှုန်ရွှေရည် “ငွေကြယ်ပွင့်တို့၏ အတိတ်ပုံရိပ်”၊ ခင်သန္တာရဲ့ “သန်ဖို့ လှဖို့ ကစားကြစို့ ” ကဏ္ဍတို့ ပါဝင်ပါတယ်။

              ဒါ့အပြင် သင်းပပရဲ့ Experience Exchange ကဏ္ဍမှာ ၀ိဇ္ဖာဘွဲ့ရကျောင်းသား၂ဦးရဲ့ အတွေ့အကြုံ၊ ဂျွန်မိုးရဲ့ သီလရှင်ဝတ်အတွေ့အကြုံဆောင်းပါး၊ ခင်ဆုမြတ်ထွန်းရဲ့ VIP ပညာသင်ကြားမှု ထောက်ပံ့ရေး ပရဟိတအသင်းအကြောင်း၊ အယ်ဒီတာ၏ “ကမ္ဘာကျော်တဲ့ လူငယ်စာမျက်နှာ”၊ ဆရာဦးအေးချစ် (EEAC)ရဲ့ ဝေါဟာရမှော်ရုံတော၊ ဆရာဟန်ဇော်ရဲ့ လူငယ်များအတွက် ပညာသင်ဆုဆိုင်ရာ ဆောင်းပါး၊ တင်တင်အေး စီစဉ်တဲ့  “ ပြည်ထောင်စုစိတ်ဓာတ်နဲ့ တိုင်းရင်းသားစိတ်ဓာတ် ဘယ်လိုချိန်ကိုက်မလဲ” ဆိုတဲ့ လူငယ်များရဲ့စကားဝိုင်း၊ မြသွေးနီရဲ့ Blog Digest၊ Blog မိတ်ဆက်၊ Blogger’s Voice၊ ဆရာမခင်သန္တာရဲ့ Writer’s Voice၊ ဝေမိုးနိုင်ရဲ့ သမဂ္ဂသတင်း၊ သင်းပပရဲ့ သန်သူနဲ့စွမ်း သူကဏ္ဍမှ မသန်စွမ်းသူများ ရဲ့ ရှေ့ဆောင်အဖွဲ့အကြောင်း၊ ဆရာဟန်ဇော်ရဲ့ “အင်တာနက်အသုံးပြုမှု အခြေခံသုတ”တို့ကိုလည်း ထုံးစံအတိုင်း ဖတ်ရှုရမှာ ဖြစ်ပါတယ်။

         အဲ့တာအပြင် ဆရာမင်းကိုဥာဏ်ရဲ့ ဆရာမခင်မြဇင်၏ “ဆည်းဆာချိန် တိမ်နီများ”  ၀တ္တုသုံးသပ် ချက်၊ ဆွေမြင့်စောရဲ့ “စာအုပ်များကို ဖွင့်ထားပါ ” ဆောင်းပါး၊ ကဗျာရှည်ကဏ္ဍမှာ သူရဿဝါနဲ့ ရာမျိုးတို့ရဲ့   နှစ်သက်ဖွယ်ရာ ကဗျာရှည်များနဲ့အတူ၊ လက်သစ်ကဗျာကဏ္ဍမှာ သုစံ(ရွှေလှော်သား)၊ ဂျွန်မိုး၊ ဂီတယွန်းအိမ်တို့ရဲ့ ကဗျာများ ပါဝင်ပါတယ်။

        ဒီလ ၀တ္တုတိုကဏ္ဍမှာလည်း ဖူးငုံရဲ့ ထုံးစံအတိုင်း လူငယ်ကလောင်ရှင်များကို ဦးစားပေး ဖော်ပြခဲ့ရာမှာ ရေးကြည့်ပါကဏ္ဍမှ နှင်းဆီနီနီရဲ့ဝတ္တု၊  ရာဇာမျိုး(အင်းကုန်း)၊ ကျွန်း၊ ယုယနဲ့ လူခါးတို့ရဲ့ ရသအမျိုးမျိုးနဲ့ လက်ရာမွန် ၀တ္တုတိုများကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။

        ဒီတစ်လ Blog Digestကဏ္ဍအတွက် ညီလင်းသစ် မှာ စာရေးသားနေတဲ့ ဘလော့ဂါ ညီလင်းသစ်ရဲ့ “ အစားမတော် ” ဆောင်းပါးကောင်းလေးကို ဖော်ပြဖြစ်ခဲ့ပါတယ်။

          ဒီလမှာ မိတ်ဆက်ပေးဖို့ ရွေးချယ်ဖြစ်ခဲ့တဲ့ Blogတွေကတော့ နိုင်းနိုင်းစနေ၊ မြစ်ကျိုးအင်း၊ ဝေ (စီးပွားရေး တက္ကသိုလ်) တို့ရဲ့ ဘလော့ဂ်များပဲ ဖြစ်ပါတယ်။

 ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျကြပါစေ။

Share
This entry was posted in Teen Magazine (ဖူးငုံမဂ္ဂဇင်း). Bookmark the permalink.

One Response to ဖေဖော်ဝါရီလ Blog Digestနှင့် Blogမိတ်ဆက်

  1. နောက်ဆုံးအနေနဲ့ ဖတ်ရတော့မယ်ဆိုတဲ့ အသိက ၀မ်းနည်းစရာပါပဲ မမရေ.။
    အမြဲတမ်း စောင့်ဖတ်နေမိတယ်…
    စာပေချစ်မြတ်နိုးပြီး စာဖတ်သူများ များပြားလာပါစေ……
    ချစ်တဲ့
    ညီမသဒ္ဓါ

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>