ပြီးခဲ့တဲ့ လတွေက Writer’s Voice/Blogger’s Voice ကဏ္ဍအတွက် စာဖတ်သူတွေရဲ့ ကောင်းမွန်တဲ့ တုန့်ပြန်မှုရခဲ့တယ်။ စာဖတ်သူဆိုတာက စာရေးသူတွေရဲ့ စာတွေကို နှစ်သက်ကြသလို၊ စာရေးသူတွေရဲ့ ရင်ထဲက အသံများကိုလည်း စိတ်ဝင်တစား နားထောင်ချင်နေတတ်ကြပြန်တယ်။
ဒီတစ်လ Writer’s Voice/Blogger’s Voice ကဏ္ဍအတွက် ပါဝင်အားဖြည့်ခဲ့တဲ့သူများက Writer’s Voiceအတွက် ဆရာမခင်သန္တာစီစဉ်တဲ့ နေဘုန်းလတ်နဲ့ Blogger’s Voiceအတွက် မြသွေးနီ စီစဉ်တဲ့ သူရဿဝါတို့ပဲ ဖြစ်ပါတယ်။ ထူးခြားတာက သူတို့နှစ်ဦးလုံးက လူငယ်ဘလော့ဂါများ ဖြစ်ကြသလို၊ စာရေးဆရာများလည်း ဖြစ်နေကြပါတယ်။
“လူငယ်နှင့် နိုင်ငံရေးအမြင်” ဆိုတဲ့ ခေါင်းစဉ်အပေါ် သူတို့လူငယ်နှစ်ဦးရဲ့ အသံများက စာဖတ်သူများအတွက် တစ်စုံတစ်ရာ စိတ်ဝင်စားမှု ပေးနိုင်မယ်လို့ ယုံကြည်မိပါတယ်။
“ဆရာမ ခင်သန္တာစီစဉ်တဲ့ နေဘုန်းလတ်ရဲ့ Writer’s Voice ”
“ မြသွေးနီစီစဉ်တဲ့ သူရဿဝါရဲ့ Blogger’s Voice ”
ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျကြပါစေ။
လူငယ်ကိုယ်စားပြု လူငယ်တွေရဲ့အသံကို အမြဲနားစွင့်နေရတဲ့ ကဏ္ဍလေးတစ်ခုပါ။
အဲဒီကဏ္ဍလေးမျိုး တနည်းတဖုံ ထွက်ပေါ်နိုင်ပါစေလို့ ဆန္ဒပြုမိတယ်..
ချစ်တဲ့
ညီမသဒ္ဓါ
ကျွန်တော် လာဖတ် သွားပါတယ်ဗျာ။
အရာရာ အတွက် ကျေးဇူးပါလို့ ပဲ ပြောခဲ့ပါတော့မယ်ဗျာ။
အချိန်ရရင် အားရင် ကျွန်တော့် ဘလော့ဒ် ကိုလည်း လာလည်ပါအုံးလို့ ဖိတ်ခေါ်ရင်း ……
အမရေ……နှစ်ယောက်စလုံးက ညလေး လေးစားအားကျရတဲ့ သူတွေမို့
ရွေးချယ်စီစဉ်ပေးတဲ့ အမကိုကျေးဇူးပါရှင်……teen magazine မဟုတ်တဲ့
တခြားအွန်လိုင်းစာပေများပေါ်မှာလဲ ဒီလိုကဏ္ဍလေးတွေကို
အမြဲအဓွန့်ရှည်တည်တံ့အောင် ကြိုးစားပေးပါလို့ မ ကိုမေတ္တာရပ်ခံပါရစေ…
teen အတွက်တော့ စိတ်မကောင်းဖြစ်မိပါတယ်…..အကြောင်းရင်းကို
မသိရတာ…၀မ်းနဲစရာပါပဲ ….:(
ခင်မင်လေးစားအားကျလျက်
မိုးနတ်
Pingback: rrwstl