Category Archives: အမေ

အမေ့အကြောင်းမရေးချင်သူ

Number of View: 9898 အမေ…။ အမေ့အကြောင်းကို သမီး မရေးချင်ဘူး ။ ဘာလို့လဲဆိုတော့ ဒီရက်ပိုင်းတွေမှာ အမေ့ကို သမီး ပြင်းပြင်းပျပျ သတိရနေမိလို့။ သမီးက စိတ်ထဲမှာ တင်းကျတ်လာတိုင်း စာမျက်နှာတွေပေါ် မှာ ချရေးတတ်တာ အမေသိသားပဲနော်။ အမေ့ကို သတိရတိုင်းလည်း ဒီလိုစာမျက်နှာပေါ်ချရေးဖို့ အကြိမ်ကြိမ် ကြိုးစားမိတယ်။ ဒါပေမယ့် ရေးလို့ မရဘူး အမေ။ စာလုံးတွေနဲ့ သီကုံးရေးလို့ မရနိုင်လောက်တဲ့ အမေ့အပေါ် သတိရနေမိတဲ့ စိတ်တွေက သမီးကို အခွင့်အရေး မပေးခဲ့ဘူး။ … Continue reading

Share
Posted in အမေ | 9 Comments

၁၅နှစ်တိုင်ခဲ့ပြီ အမေ..

Number of View: 5440 နေ့စွဲ – ၁၆.၃.၁၉၉၅ အဲ့ဒီနေ့လေးဟာ အသက်ရှင်နေသရွေ့ ကျွန်မရင်ထဲမှာ ဘယ်တော့မှ မမေ့နိုင်မယ့် နေ့တစ်နေ့။ ကျွန်မရဲ့ အချစ်ရဆုံးသော၊ ကျွန်မ ဘ၀ရဲ့ လမ်းပြကြယ်၊ ကျွန်မဘ၀ရဲ့နေမင်း၊ ကျွန်မဘ၀ရဲ့ အားမာန်တွေကို မွေးဖွားပေးခဲ့သူ။ သူ…… ။ သူ…….။ ကျွန်မရဲ့အမေ။ ဒီနေ့ဟာ အမေကျွန်မ ကို ခွဲခွာလို့သွားတာ ၁၅နှစ် တင်းတင်းပြည့်တဲ့နေ့။ ……….၀-၀………. ၁၆.၃.၁၉၉၅။ အဲ့ဒီရက်မတိုင်ခင် လွန်ခဲ့တဲ့ ၉လလောက် ပထမတစ်ကြိမ် သတိခဏလစ်သွားထဲက အမေ့မှာ … Continue reading

Share
Posted in အမေ | 2 Comments